မြောက်ဦးမြို့ ၀သဲရပ် အနူမကန်အနီးရှိ
ကွမ်းစိုက်ပျိုးခြံများကို ဘင်္ဂလီများ က ဖျက်ဆီးသွား၍ အနည်းဆုံး ကွမ်းခြံ
ခြောက်ခြံ ပျက်စီးသွားကြောင်း သိရသည်။ နိုဝင်ဘာလ ၁၁ရက်နေ့ ညနေ ကိုးနာရီခန့်တွင် ဘင်္ဂလီ ဆယ်ယောက်ခန့်သည် ၀သဲရပ် အနူမကန်အနီးရှိ ကွမ်းစိုက်ပျိုးခြံများ အနီးသို့ ရောက်ရှိလာပြီးအနီးအနားရှိရခိုင်များက
ိုဆဲဆိုကာကွမ်းခြံနှစ်ခြံကိုဖျက်ဆီးသွားသည် ။နောက်တနေ့ညနေ ဆယ့်တစ်နာရီခန့်တွင် ဘင်္ဂလီ ငါးဆယ်ခန့်သည် ဒုတိယအကြိမ်ရောက်ရှိလာပြီးကွမ်း ခြံ လေးခြံကိုထပ်မံဖျက်ဆီးသွားသည်ဟု ယင်း နေ့တွင်ဖျက်ဆီးခံလိုက်ရသော ကွမ်းခြံပိုင်ရှင်တဦးဖြစ်သူ ဦးစောလှ (ဘ) ဦးသာဇံအောင် က Coral Arakan အားပြောကြားသည်။
မြောက်ဦးမြို့တွင် လုံခြုံရေးအားနည်းပြီး ဘင်္ဂလီများနှင့်နီးသော ရခိုင်ဒေသခံများအဖို့ စိုးရိမ်စရာ အခြေအနေများ ဖြစ်နေသည်ဟု သိရှိရသည်။
Coral Arakan News Agency
မြောက်ဦးမြို့တွင် လုံခြုံရေးအားနည်းပြီး ဘင်္ဂလီများနှင့်နီးသော ရခိုင်ဒေသခံများအဖို့ စိုးရိမ်စရာ အခြေအနေများ ဖြစ်နေသည်ဟု သိရှိရသည်။
Coral Arakan News Agency

No comments:
Post a Comment