Thursday, November 29, 2012

ပြည်သူလူထု ယုံကြည်မှု ပျောက်ကွယ် သွားနိုင်သည်ဟု ကိုးဘွဲ့ရ ဆရာတော် အစိုးရကို သတိပေး

ယမန်နေ့ အာရုဏ်တက်ချိန်တွင် လက်ပန်းတောင်းတောင် သပိတ်စခန်းများအား မီးလောင်ဗုံးဖြင့် ဖြိုခွင်းခြင်းကြောင့် သံဃာတော်များနှင့် ရွာသူရွာသားများ ဒဏ်ရာရှိအောင် အစိုးရ၏ ကိုင်တွယ်ပုံနှင့်ပတ်သက် ၍ ပြည်သူလူထု၏ ယုံကြည်မှုပျောက်ကွယ်နိုင်ကြောင်း အရှင်အာစရာလင်္ကာရ(ကိုးဘွဲ့ရ)ဆရာတော်က မိန့်ကြားသည်။


အစိုးရက ပြည်သူလူထုသည် မိဘ၊ ပြည်သူ
လူထု အသံကို နားထောင်ပါသည်ဟု စကားကြီး စကားကျယ် ထပ်တလဲလဲ ပြောဆိုပြီး ယခုကဲ့သို့ လုပ်ဆောင်မှုသည် ပြည်သူလူထု၏ ယုံကြည်မှု ပျောက်ကွယ်ပြီး လုံးပါးပါးနိုင်ကြောင်း ဆရာတော်က မိန့်ကြားသည်။


လက်ပန်းတောင်းတောင် ကိစ္စသည် နှစ်ပေါင်းများစွာ အမြစ်တွယ်လာသော ကချင်၊ ရခိုင် အရေးများကဲ့သို့ ဖြေရှင်းရန် ခက်ခဲသော အရာ မဟုတ်ပဲ၊ မြစ်ဆုံကဲ့ သို့ ကြီးမားသော ပြသနာကို ဖြေရှင်းပေးနိုင်ခဲ့ပြီး လက်ပန်းတောင်းတောင် အရေးမှာ ဖြေရှင်းရန် ခက်ခဲသော ကိစ္စမဟုတ်ဟု ဆရာတော်က ဆိုသည်။


“သနားလည်း သနားတယ် မေတ္တာလည်း ပို့ပါတယ်”ဟုဆရာတော်က မိန့်ဆိုသည်။
from -thevoiceweekly

No comments:

Post a Comment