Wednesday, November 7, 2012

မောင်တောမြောက်ပိုင်း ဗန္ဓုလကျေးရွာပတ်ဝန်းကျင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လုပ်သားများတိုက်ခိုက်ခံရ

 
မောင်တောင်မြောက်ပိုင်း ဗန္ဓုလကျေးရွာတွင် လမ်းတံတားဆောက် လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသော GEတပ်မှ တပ်ဖွဲ့ဝင်များနှင့် လုပ်သားများသည် ၆-၁၁-၂၀၁၂ နေ့နေလည်ပိုင်းလောက်တွင် အမည်မသိတပ်ဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်ဟု မောင်တော မြို့ခံသားတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။ အဆိုပါအမည်မသိတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံးပြီး တကကအဆင့်ရှိသူတစ်ဦးနှင့် အရပ်သား(၂)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုသိရသည်။ သေဆုံးသူအမည်မှာ ကျော်ကျော်ဝေ(စစ်တွေ)၊ ဦးနှောက်ပွင့်ထွက်၊ ရင်ဘတ်ကျည်(၁)ချက် ဒါဏ်ရာဖြင့်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
 ဖမ်းဆီးခံရသူ(၃)ဦးအနက်အနက် တကကအဆင့်ရှိသူတစ်ဦး၏ အမည်ကိုသိရပြီး ၄င်းအမည်မှာ တကကခိုင်မျိုးအောင်၊ ဗမာလူမျိုးဖြစ်ပြီး၊ ဖမ်းဆီးခံရချိန်နောက်ပိုင်းတွင် ၄င်း၏ဆိုင်ကယ်ကို လမ်းပေါ်တွင်တွေ့ ရှိခဲ့ရသည်။ အဆိုပါတိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် ၄င်းပတ်ဝန်းကျင်အတွင်းရှိလုပ်ငန်းခွင်ဝင်ရောက် နေသူများ သည် လုပ်ငန်းခွင်သိမ်းကာ မောင်တောမြို့သို့ ပြန်လည်လာရောက်နေပြီဖြစ်ကြောင်းသိရသည်။
 ယခုအချိန်တွင် ၄င်းပတ်ဝန်းကျင် အနီးတစ်ဝိုက်တွက် လုံခြုံရေးများက အချိန်ပြည့်ထိန်းသိမ်းစောင့်ကြပ်လျှက်ရှိသည်ဟုသိရသည်။ ဗန္ဓလကျေးရွာသည် တဖက်ဘင်္ဂလားဒေ့်ရှ်နှင့် နယ်မြေချင်း ဆက်စပ် လျှက်ရှိပြီး မောင်တောမြို့နှင့် မိုင် ၃၀ နီးပါလောက်ကွာဝေးသည်ဟုသိရသည်။ တိုက်ခိုက်ခဲ့သည့် အမည်မသိတပ်မှာ RSO တပ်ဖြစ်ကြောင်း အမည်မဖော်လိုသူမောင်တောမြို့ခံသားတစ်ဦးမှ ပြောကြားခဲ့ပါသည်။
Rakhine Straight Views
 

No comments:

Post a Comment