Tuesday, November 13, 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဆွီဒင်နိုင်ငံ ဝန်ကြီးချုပ် ဦးဆောင်သည့် အဖွဲ့အား လက်ခံ တွေ့ဆုံ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ဆွီဒင်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Fredrik Reinfeldt ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော် ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံ ရာတွင် နိုင်ငံတော် သမ္မတနှင့် အတူ နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ သမ္မတရုံး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ဦးတင်နိုင်သိန်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်နှင့် ဌာန ဆိုင်ရာ အကြီး အကဲများ တက်ရောက် ကြပြီး ဧည့်သည်တော် ဆွီဒင်နိုင်ငံ ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် အတူ မြန်မာ နိုင်ငံ ဆိုင်ရာ ဆွီဒင် နိုင်ငံ သံအမတ်ကြီး H.E. Mr. Klas Molin လည်း တက်ရောက်သည်။
ယင်းသို့ တွေ့ဆုံ ရာ၌ ဒီမို ကရေစီ အရေး လူ့အခွင့် အရေးနှင့် တရား ဥပဒေ စိုးမိုးရေး ကဏ္ဍ များတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေးနှင့် ဆွီဒင် နိုင်ငံမှ အကူ အညီများ ပိုမို ပေးအပ် နိုင်ရေး၊ မြန်မာ နိုင်ငံ၏ လူ့အခွင့် အရေး တိုးတက် ကောင်းမွန်ရေး ကိစ္စရပ် များတွင် အစိုးရ အချင်းချင်း တိုက်ရိုက် ထိတွေ့ ဆက်ဆံ ရေးနှင့် ဆွီဒင် နိုင်ငံမှ အတွေ့ အကြုံများ မျှဝေ ပေးရေး၊ ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ရော်ဘာ၊ သစ်၊ ရေလုပ်ငန်း၊ မွေးမြူရေး ကဏ္ဍ များတွင် ဆွီဒင် နိုင်ငံမှ ပိုမို ရင်းနှီး မြှုပ်နှံ နိုင်ရေးနှင့် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင် ရွက်မှု ပိုမို တိုးမြှင့် ဆောင်ရွက်ရေး တို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။
မြ၀တီ
 

No comments:

Post a Comment