Tuesday, November 13, 2012

ယဥ္တိုက္မႈသတင္း




၁၁-၁၁-၂၀၁၂  ရက်နေ့ ၂ဝ၁၅ အချိန်တွင် မန္တလေး တိုင်း ဒေသကြီး သာစည်မြို့ နယ် ဘုရားငါးဆူကျေး ရွာ အနီး ပျော်ဘွယ်- ဘုရားငါးဆူလမ်းဆုံ မိုင်တိုင် (၁၅/၆-၇)ကြားတွင် ပျော်ဘွယ်ဘက်မှ ဘုရားငါးဆူ ကျေးရွာဘက်သို့ ယာဉ်မောင်း နေမိုး (၄၆)နှစ် နောင်တယရပ်ကွက် လွိုင်ကော်မြို့


ကယားပြည်နယ် နေသူ မောင်းနှင်သော ရန်ကုန်-လွိုင်ကော်သွား ၉စျ/၃၉၆ဝ ခရီးသည်တင်ယာဉ်နှင့် မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း ဝင်းဇော် (၃၄)နှစ် တက္ကသိုလ်ဝင်း တောင်ကြီးမြို့ ရှမ်းပြည်နယ်နေသူ မောင်းနှင်သော တောင်ကြီး-ရန်ကုန်သွား ၄ခ/၄၁၄၈ ခရီးသည်တင်ယာဉ်တို့ အရှိန်လွန်ဝင်ရောက် တိုက်မိခဲ့ပါသည်။
ယာဉ်တိုက်မိမှုကြောင့် ယာဉ် ၂ စီးပေါ်ပါ ခရီးသည်များမှ မောင်ဦး(၃၄)နှစ် အေးသာယာရပ်ကွက် တောင်ကြီးမြို့နေသူတွင် ဝဲနားထင်၊ အောက်နှုတ်ခမ်း၊ ဝဲလက်မောင်း ပေါက်ပြဲဒဏ်ရာများရရှိသေဆုံးခဲ့၊ ဝဏ္ဏဇော် (၃၄)နှစ် ယာဉ်မောင်း တက္ကသိုလ်ဝင်း တောင်ကြီးမြို့နေသူပါ ၇ ဦး(ကျား ၅၊ မ ၂)တွင် ဦးခေါင်းထိပ်၊ ဝဲနားထင်၊ ပါး၊ နှာခေါင်း၊ မေးစေ့နှင့် ခြေထောက်တို့ ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိသဖြင့် သာစည်ဆေးရုံ၌ အတွင်းလူနာ အဖြစ်လည်းကောင်း၊ ဒေါက်တာ တင်တင်လှ (၃၁)နှစ် ရန်ကုန်မြို့နေသူတွင် နဖူး/ယာခြေထောက်ဖူးရောင် ဒဏ်ရာ(သတိမရ)၊ ဒေါက်တာ နီလာစန်း(၅၁)နှစ် ရန်ကုန်မြို့နေသူတွင် ဝဲဒူးဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မိတ္ထီလာဆေးရုံ၌ အတွင်းလူနာ အဖြစ်လည်းကောင်း တင်ပို့ကုသခဲ့။
ဖြစ်စဉ်နှင့်ပတ်သက်၍ နို ၁၂ဝ၁၁ဝ ချိန် ယာဉ်မောင်း နေမိုးနှင့် ဝင်းဇော်တို့အား သာစည်ရဲစခန်း (ပ)၂၄ဝ/၁၂ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၇/၃၃၈(ပေါ့လျော့မှုကြောင့် လူသေစေမှု/သာမန်/အပြင်းအထန် နာကျင်စေမှု)အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသတင်းရရှိသည်။


Myanmar Police Force

No comments:

Post a Comment