Wednesday, November 14, 2012

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Service Phone ဟုခေါင်းစဉ်တပ်ကာ တယ်လီဖုန်းဘေလ်များပေးသွင်းခြင်းမပြုသော ကျပ်ငွေဘီလီယံနှင့်ချီသော အလွဲသုံးစားမှု

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လုပ်ငန်းသုံးဟု အမည်တပ်ကာ Service Phone များအားမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူ များနှင့် ၄င်းတို့နှင့် နီးစပ်သူများထံသို့ ထုတ်ပေးထားထားရှိခဲံ့ပါသည်၊ ထိုသို့ Service Phone အဖြစ်ထုတ်ယူသုံးစွဲရာတွင် CE အဆင့် များတွင်    ၁၀လုံး
ခန့် ထုတ်ယူထားရှိပြီး ကျသင့် တယ်လီဖုန်း ဘေလ်များအားပေးသွင်းခြင်းမရှိဘဲ ကိုယ်ကျိုးအတွက်
အသုံးပြုခဲ့ကြောင်းကို နေပြည်တော်ဝန်ကြီးရုံး ရှိ ဆက်သွယ်ရေးဝန်ထမ်းမှတဆင့်သိရှိရပါသည်-
စုစုပေါင်းယင်းကဲ့သို့ ကိုယ်ကျိုးအဖြစ်သုံးစွဲခဲ့သည် Auto Phone , Mobile Phone အရေအတွက်သည်
အလုံးအရေအတွက် သောင်းဂဏန်းမျရှိပြီး ၄င်းကိစ္စရပ်နှင့် ပတ်သက်ပြီး ၂၀၁၂ နှစ်ဆန်းပိုင်းတွင် ဆသရ
ဝန်ကြီးမှ သက်ဆိုင်ရာဦးဆောင်ညွန်ကြားရေးမှူး၊ အတွေထွေမန်နေဂျာများ၊ အင်ဂျင်နီယာချုပ်များ ငွေစာရင်း
ဌာနမှ တာဝန်ရှိသူ ခေါ်ယူအစည်းအဝေးပြုလုပ်ခဲ့ရာ အလွဲသုံးစားပြုလုပ်ခဲ့သည် တယ်လီဖုန်းဘေယ်တန်ဖိုး
မှာ ငွေကျပ် ၇ ဘီလီယံခန့်ရှိမည်ဟု သိရှိရပါသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သည့် အရေးယူဆောင်
ရွတ်မှုများမရှိဘဲ ကိုယ်ကျိုးအတွက်အသုံးပြုထားသော ဖုန်းများအား ပြန်လည်အပ်နှံခြင်းသာဆောင်ရွတ်ခဲ့သည်
ကိုတွေ့ရှိရပါသည်၊ နှိင်ငံတော်အနေဖြင့် ဆင်းရဲနွမ်းပါးသောဒေသများတွင် ကျပ်သိန်း ၁၀၀ ခန့်ကျောင်းကိုပင်
တည်ဆောက်ရန်အခက်အခဲဖြစ်နေသည့်အချိန်တွင် မြန်မာ့ဆက်သွယ်ရေး၏ ယခုကဲ့သို့ဆောင်ရွတ်ခဲ့ခြင်းသည်
အများပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးစားပြုလုပ်ခြင်းပင်ဖြစ်သည် ၊ထိုကဲ့သို့အလွဲသုံးစားပြုလုပ်ခဲ့သည်ကို
ဝန်ကြီး ပင်သိရှိသော်လည်း မည်သည့် အရေး.ယူဆောင်ရွတ်မှု တစုံတရာမပြုလုပ်ခဲ့ခြင်းမှာ အလွန်ပင်အံ့သြ
ဖွယ်ကောင်းပါကြောင်းရေးသားအပ်ပါသည်/
May Myat Noo
Photo From :May Myat Noo
 

No comments:

Post a Comment