Thursday, December 27, 2012

ယဉ်ကျေးဖို့အဖြေရှာမတွေ့သေးသောလိုင်းကားယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များ

“ဆရာစာတွေရေးတယ်ဆို”
သမီးများကို အိမ်တွင်လာရောက်၍ အင်္ဂလိပ်စာသင်ကြားပေးနေသော ရန်ကုန်  မြို့ထဲမှ အင်္ဂလိပ်စာနည်းပြတစ်ဦးမှမေးလာခဲ့သည်။
“ဟုတ်ပါတယ်နည်းနည်းပါးပါးရေး ဖြစ်ပါတယ်”
“ဒါဆိုရင် ဆရာရယ် လိုင်းကားဒရိုင်  ဘာတွေ၊ စပယ်ယာတွေ မိုက်ရိုင်းတဲ့ အကြောင်းရေးပေးပါလားဗျာ”

“ဘာတွေဖြစ်ခဲ့လို့လဲဗျ”ဟုမေးရ၏။
“ကျွန်တော်လိုင်းကားစီးတိုင်း ဒရိုင်တာ၊  စပယ်ယာတွေရဲ့ မိုက်မိုက်ရိုင်းရိုင်းပြော တာဆိုတာ ဆက်ဆံတာခံရတယ်ဗျာ။ ကားမောင်းကြမ်းတဲ့ ဒဏ်ခံရတယ်ဗျာ။  ကျွန်တော်အပြောအဆိုမခံရလည်း အခြား  ခရီးသည်တစ်ယောက်မဟုတ်တစ်ယောက် တော့ ခံရတာပဲ။ ပြောတာဆိုတာတွေကို  နားမခံသာပါဘူး။ မြန်မာ့ယာဉ်ကျေးမှုနဲ့ လုံးဝမအပ်စပ်ပါဘူးဆရာရာယ်။ သူတို့က  ဒရိုင်ဘာက (၁) ယောက်၊ စပယ်ယာက (၂) ယောက်ဆိုတော့ ဘယ်ခရီးသည်က မှလည်း ယှဉ်ပြီးပြန်မပြောရဲကြပါဘူး။ တော်တော်ကို ရိုင်းလို့ပြောတာပါ။”
“ကောင်းပါပြီဗျာ။ ကျွန်တော်စုံစမ်း ပြီး အချက်အလက်စုဆောင်းကြည့်ပါဦး မယ်။ မှန်ရင်တော့ရေးကြည့်မယ်ဗျာ”
“ကျွန်တော်ပြောတာက အမှန်ပါတွေ  ဆရာ ကျွန်တော်ဘယ်လိုင်းကားစီးစီး ဆက်ဆံပုံက သိပ်မကွာပါဘူး။ အတူတူ ပါပဲ”ဟု သူအတွေ့အကြုံအရ ခံစားရမျှ ကို ပြောပြ၏။
လိုင်းကားယာဉ်မောင်းများ၊ ယာဉ် နောက်လိုက်များ၏ အပြောအဆို၊ အမူ အယာ၊ ၀တ်စားဆင်ယင်မှုနှင့် အလေ့ အထများကို လေ့လာရန် ကိုယ်တိုင်လိုင်း  ကားစီး၍လည်းကောင်း၊ လိုင်းကားစီးခရီး သည်များထံမှလည်းကောင်း၊ လိုင်းကား  ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ နှင့် တွေ့ဆုံ၍လည်းကောင်းမှတ်တိုင်များ တွင် ကိုယ်တိုင်ရပ်ကြည့်၍လည်းကောင်း  လေ့လာရတော့သည်။
မှတ်တိုင်တွင်လေ့လာနေစဉ်အဓိပတိ  (အ၀ါ)ပေါ်မှ ယာဉ်မောင်းမှ ယာဉ်နောက် လိုက်အား အော်ဟစ်ဆူလိုက်သည့်အသံ ကိုကြားရသည်။ ဘေးကလူကများတော့  နားမခံချင်စရာ။
“လူခေါ်တင်လေကွာ။ အော်လေကွာ  မင်းဘာလုပ်နေတာလဲ။ အတိတ်မေ့နေ  တာလား။ ရွှေပျောက်နေလား။ သန်းကိုက်  နေလား။ ၀ဲကုတ်နေလား။ မှုံဝါးဝါးနဲ့”ဟု နင်ပဲငဆ ညွှန်ကြားအမိန့်ပေးလေ၏။
ထိုအသံကိုကြားသော ယာဉ်နောက်  လိုက်မှာ ခုံများပြည့်နေပြီး မတ်တပ်ရပ်ခရီး သည် (၂၀) ယောက်ခန့်ရှိနေသည့်အထဲမှ “အပေါ်လမ်းကို အပေါ်မင်းကို ထိုင်စီးရ မယ်၊ ထိုင်စီးရမယ်”ဟု အော်ခေါ်နေတော့  ၏။
ယာဉ်နောက်လိုက်တို့၏ ထူးခြားမှု က ပုံသဏ္ဍာန်နှင့် ၀တ်စားဆင်ယင်မှုပင် ဖြစ်သည်။ ဆံပင်ကမသပ်မရပ်၊ အပေါ် အင်္ကျီက အောက်ခံကတီရှပ်ဝတ်ထားပြီး  ယူနီဖောင်းက ရင်ဘတ်ကြယ်သီးမတတ်။ ခါးတွင်ခါးပတ်မပါ။ တချို့ကပါသော်လည်း  ခါးပတ်ကိုချိတ်မထား။ ဘောင်းဘီရှည်က လူမှန်ဆိုဒ်မှန်မဟုတ်သလိုတချို့ကပွယောင်း ယောင်း၊ ဘောင်းဆီအောက်နားကခေါက်  ထားသေးသည်။ တချို့ကျပြန်တော့ အပေါ်အင်္ကျီကယူနီဖောင်းအောက်ကပုဆိုး၊  အများအားဖြင့် နေပူဒဏ်ခံနိုင်အောင် ရှာထိုးဦးထုပ်ခပ်နွမ်းနွမ်းဆောင်းထားတတ်  ကြသည်။
ယာဉ်အတွင်းဆေးလိပ်မသောက်ရ ဟု သတိပေးတားမြစ်ချက်စာရေးထား  သော်လည်း ဒရိုင်ဘာနှင့် စပယ်ယာအများ  စုကတော့ လက်ကြားတွင်စီးကရက်ကိုယ် စီနှင့် အိုက်တင်ပေးလျက်   ခရီးသည်များက  နှာခေါင်းရှုံ့လျက် ယူနီဖောင်းအရောင်  ကလည်း ခွဲခြားထားသည်။ ပါရမီယာဉ် လိုင်းက ကာကီရောင်အင်္ကျီ၊ ဘောင်းဘီ ကနက်ပြာ၊ မထသလိုင်းများတွင်တော့ အပေါ်ကအပြာရင့်၊ (သို့) အပြာနု၊ ဘောင်းဘီက အပြာနက်၊ သို့သော် ချွေး  စားမှု၊ နေရောင်စားမှု၊ အကြိမ်ကြိမ်အခါ ခါလျှော်ဖွယ်ရမှုများကြောင့် မူလအရောင်  များလွင့်စင်ပျောက်ကွယ်ကုန်ကြလေပြီ။
ယာဉ်မောင်းယာဉ်နောက်လိုက်များ ရဲ့ ခံစားချက်က ယာဉ်လိုင်းအလိုက် ကွဲ ပြားကြသည်။ မထသလိုင်းများက ရတဲ့ ၀င်ငွေကိုမူတည်ပြီး ရာခိုင်နှုန်းအလိုက်ပေး သည်။ တစ်စီးနှင့် တစ်စီးပြိုင်ဆိုင်မှုမပြင်း  ထန်လွန်း၊ စည်းကမ်းလိုက်နာမှုသင့်သည်။ ကားပိုင်ရှင်များမှာ ကားအစီးရေနည်းသည့်  အတွက် ယာဉ်မောင်းယာဉ်နောက်လိုက် များကို စနစ်တကျကြီးကြပ်ကွပ်ကွဲနိုင် သည်။ ယာဉ်ပိုင်ရှင်သည် ယာဉ်မောင်း  ထက်ယာဉ်နောက်လိုက် (ငွေကိုင်)ကို ယုံကြည်စိတ်ချရသည့် ငယ်မွေးခြံပေါက် ကို မွေးထားသည်။ ယာဉ်မောင်းကျတော့  အသောက်အစားနည်းသူ ၀တ်ပုံစားပုံ၊ နေပုံထိုင်ပုံ သပ်သပ်ယပ်ယပ်ရှိသူကို ဦးစားပေးခန့်ထားသည်ဟု သိရသည်။ ယာဉ်ပိုင်ရှင်သည် ယာဉ်မတော်တဆတိုက် ခိုက်မှုဖြစ်ပါက ယာဉ်မောင်းယာဉ်အကူ ကိုကြည့်သည်။ မိသားစုကိုစောင့်ရှောက်  သည်။ ရဲအမှုကို ကူညီဖြေရှင်းပေးသည် ဟုဆိုသည်။
ပါရမီယာဉ်လိုင်းများဖြစ်သည့် အဓိ ပတိ အပြာ၊ အ၀ါ၊ အနီအလိုက် ပါရမီ ၁၇၄၊ ၁၃၂၊ ၁၃၃ အလိုက်နေ့စဉ် ပုံမှန်  (စံချိန်) ကြေးသတ်မှတ်ထားသည်။ ယာဉ်  မောင်းများအနေဖြင့် နေ့စဉ်စံချိန်ကြေး Gas ဖိုး၊ ယာဉ်မောင်းယာဉ်နောက်လိုက် များစားစရိတ်၊ နေ့တွက်စရိတ်၊ ဟိုပေး ဒီပေးစရိတ်များ ရအောင်ရှာကြတော့ သည်။ စနေ။ တနင်္ဂနွေနှင့် အခြား ရုံးပိတ်    ရက်ကဲ့သို့ လိုင်းကားစီးခရီးသည်နည်း သောရက်များတွင်လည်း စံချိန်ကြေးမလျှော့  ပေးသဖြင့် အလုအယက်အပြိုင်အဆိုင် မောင်းကြရသည်။ စံချိန်ကြေးမပြည့်ပါက  ကားပြန်အပ်လျှင် အကြွေးဖြင့်အပ်ရသည်။  ငွေအဆင်ပြေတဲ့ ရက်ရောက်မှ ပြန်ဆပ် ရသည်ဟုဆိုသည်။
ဒီကိစ္စများပြောပြ ရေးပြနေရတာက  ယာဉ်မောင်းများ အပြိုင်အဆိုင်မောင်းရ ခြင်း၊ ယာဉ်နောက်လိုက်များခရီးသည်ကို  အမဲဖျက်သလို ကားပေါ်ကိုအတင်းဆွဲတင် ခြင်း၊ ကားမရပ်မိ မှတ်တိုင်ရောက်မီ  အဆင်ပြေတဲ့နေရာများတွင် ခရီးသည်ကို  နွားမောင်းသလိုမောင်းချခြင်းတို့ဖြစ်လာ သည့်အကြောင်းရင်းများပင်။
“ရှေ့ကားကို လိုက်ဖိုက်ထားဆရာ
နောက်ကားမှီလာတော့မယ်။ ရှေ့မီး  ပွိုင့်မှာ အတင်းဖြတ်ပြီးချန်ထားခဲ့မယ်” ဆိုသည်က ယာဉ်နောက်လိုက်များ၏ ယာဉ်မောင်းများကို မတရား၊ မဟားဒရား  မောင်းစေရန် သွေးထိုးပေးမှုများဖြစ်သည်။   ထိုသို့ ယာဉ်နောက်လိုက်ထံမှ သတိပေး  အမိန့်ရသည်နှင့် တစ်ပြိုင်နက် (၉၇) ဒိုင် နာလိုင်းကားယာဉ်မောင်းသည် ကားခေါင်း  ပေါ်တက်နေဆဲအမျိုးသမီးနှစ်ဦးကားတံခါး    မပိတ်ရသေးမီအတင်းမောင်းထွက်လေ တော့သည်။
အချို့လိုင်းကားများသည်ကား  တစ်စီးချင်း၏နေ့စဉ်ပေးသွင်းရမည့်ပုံမှန် စံချိန် သတ်မှတ်ထားသဖြင့် နောက်ကားအရိပ်အခြေမမြင်ရမချင်း လူစောင့်တင်ခြင်း၊ ရှေ့ကားအား အတင်း ကျော်တက်ခြင်းဖြင့် အရှိန်ပြင်းစွာဖြင့် ခရီးသည်များ အန္တရာယ်ဖြစ်လောက်အောင်  မောင်းနှင်ခြင်း၊ မီးပွိုင့်များတွင် ရှေ့ဆုံး နေရာသို့ရောက်ရေးအတွက် လမ်းကြောင်း   ပြောင်းပြန်မောင်း၍ အတင်းတိုးဝင်ခြင်း၊  ခရီးသည်များအား အိနြေ္ဒပျက်လောက် အောင်လက်မောင်း၊ ခါး တင်တို့မှ ပွေ့တင်  ခြင်း၊ အဆင်းတွင်လည်း “အမြန်လေး၊ အမြန်းလေး” ဟု အတင်းမောင်းချခြင်း၊ လူတင်လိုပါက ကားမည်မျှကြပ်နေသည် ဖြစ်စေ မတန်တဆတင်၍ အပြိုင်မောင်း  ပြီး။ မတင်လိုပါက မှတ်တိုင်များကျော်  သွားခြင်းစသည့် ခရီးသွားပြည်သူစိတ်မချမ်း  မြေ့အောင်ယာဉ်မောင်းနှင့် ယာဉ်နောက်  လိုက်များ ပြုမှုလုပ်ဆောင်တတ်ကြလေ သည်။
ယာဉ်မောင်းများမှားယွင်းစွာဆုံးဖြတ် မောင်းနှင်သော အချက်တစ်ခုမှာ ညအိပ်  ရပ်နားသော ကားဝင်းအတွင်းအုပ်ချုပ်မှု  လျော့ရဲခြင်းများကြောင့်ဖြစ်ကြောင်းလည်း  ယာဉ်မောင်းအချို့ကဖွင့်ဟ၀န်ခံရှာ၏။
“ညအိပ်ရပ်နားတဲ့ကားဝင်းတွေထဲမှ ညဆိုရင် ညလုံးပေါက်နီးပါ ဖဲဝိုင်းတွေရှိ တယ်။ အရက်ဝိုင်းတွေရှိတယ်။ ကားတွေ ပေါ်မှာ အနီးနားပတ်ဝန်းကျင်ဆိုင်တွေထဲ မှာ မီးတိုင်တွေအောက်မှာ စည်းမဲ့ကမ်း မဲ့ပဲ၊ ဖဲရိုက်တော့အိပ်ရေးပျက်တော့ ကားထိမ်းသိမ်းမောင်းနှင်ရာ အားနည်း  လာပြီး ယာဉ်စည်းကမ်းဖောက်ဖျက်မှုတွေ  ဖြစ်၊ ဖဲရှုံးတော့ ခိုးမှုတွေဖြစ်အကျင့်တွေ ပျက် ငွေရအောင်ပိုရှာဆိုတော့ ယာဉ် စည်းကမ်းလမ်းစည်းကမ်းတွေကို ချိုးဖောက် ရတော့တာပေါ့”ဟု ဆို၏။
လမ်းတွင်ရှိသော အချိန်ထိန်းအဖွဲ့  အချိန်ထိန်းဂိတ်များနှင့်လည်း ပတ်သက် ၍ “အချိန်ထိန်းအဖွဲ့တစ်ဖွဲ့ကို ကားတစ် စီး ၂၀၀ ပေးရတယ်။ “မပေးလျှင် ဘာဖြစ်   သလဲလို့မေးတော့”မပေးရင်သူတို့ရဲ့ အစီ ရင်ခံစာထဲမှာ ယာဉ်မောင်းယာဉ်နောက် လိုက်တွေ ဖိနစ်မစီး၊ ဦးထုပ်မဆောင်း၊ အပေါ်အင်္ကျီမ၀တ်၊ ခရာကြိုးမပါ၊ အချိန်မမှန်ဆိုပြီး ရေးတင်လိုက်ရင် ရုံးမှာ ပိုက်ဆံအဖြတ်ခံရတော့တာပဲဗျ”ဟု အဓိပတိအပြာလိုင်းမှ ယာဉ်နောက်လိုက် တစ်ဦးကပြော၏။
“ကျွန်တော်တို့ကလည်း လူတွေကြား  ထဲတိုးဝှေ့ရ၊ ကားပေါ်အတက်အဆင်းက လည်း မကြာခဏလုပ်ရ၊ တချို့ကားဆို  ဂျမ်းတုံးခုရ၊ ယာဉ်ထိန်းရဲဆီနဲ့ အချိန်ထိန်း  ဂိတ်ဆီပြေးရလွှားရနဲ့ ယူနီဖောင်းဝတ်တာ ကြိုလည်း သိပ်အလေးမထားနိုင်ပါဘူး ဆရာရယ်”တဲ့
“မင်းတို့ကို ရိုင်းတယ်ရိုင်းတယ်နဲ့ ပြည်သူကပြောနေကြတာ ယဉ်ယဉ်ကျေး  ကျေးဆက်ဆံလို့မရဘူးလားကွာ”ဟု လှည်းတန်းကိုနေ့စဉ်ဖြတ်နေကျ အဓိပတိ  (အ၀ါ)မှ ယာဉ်နောက်လိုက်တစ်ဦးကိုမေး ကြည့်ရာ
“နောက်ကိုပြင်မယ်၊ မနက်ကျရင်ပြင်  မယ်နဲ့တော့ ဆုံးဖြတ်ထားတာပဲဆရာ။ ဒါပေမဲ့ ကားပေါ်ရောက်တော့ ခရီးသည်   အမျိုးမျိုးနဲ့ ဆက်ဆံရ၊ ယာဉ်မောင်းကဆူ၊ အလုပ်ကပင်ပန်းနဲ့ ဆက်ဆံရေးတွေ အပြောအဆိုတွေရိုင်းစိုင်းကုန်တော့တာပဲ  ဆရာရေ”တဲ့ ကဲကောင်းရော
ကဲ
ယာဉ်နောက်လိုက်တွေက ဆက်ဆံ ပုံရိုင်းစိုင်းတာဝန်ခံပါပြီ။
ယာဉ်မောင်းတွေ အမောင်းကြမ်း၊ အကွေ့ကြမ်း၊ လမ်းစည်းကမ်းယာဉ်စည်း ကမ်းဖောက်တာလိုင်းကားစီးခရီးသည်များ ကိုယ်တွေ့ကားလိုင်းတာဝန်ရှိသူများဘက် ကရော
“ကျွန်တော်တို့ကတော့ နေ့စဉ်နီးပါး  တန်းစီးပြီးမှာတာပဲ။ တနင်္လာ၊ သောကြာ ဆို မပျက်မကွယ်ကို တန်းစီပြီး အသေး စိတ်ကိုမှာတာပဲဆရာ။ အရေးယူစရာရှိရင် လည်း တိတိကျကျအရေးယူတာပဲ။ ဒါပေမဲ့ ယာဉ်လိုင်းတွေများတော့ တစ်လိုင်းမကောင်းတစ်လိုင်း၊ တစ်စီးမ ကောင်းတစ်စီးပြောင်းနေကျတော့ ခက်သားလားဆရာရဲ့”
ဒီဒဏ်တွေကို ဘယ်သူတွေခံကြရ  သနည်း။ ယာဉ်စီးပြည်သူများခံကြရသည်။ ပိုပြီးခံရတာ အဘိုးအို၊ အဘွားအိုများ၊ ကိုယ်ဝန်သည်မိခင်များ၊ ကလေးငယ်များ၊  အမျိုးသမီးပျိုများ၊ နေ့စဉ်ဝန်ထမ်းများ၊  ကျောင်းသားကျောင်းသူများ အများဆုံး ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အစိုးရ၊ ရထားပို့ဆောင်ရေးဝန်ကြီး ဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှူး ဦးစီးဌာနကထုတ်ဝေသော “၁၉၄၆ မော်တော်ယာဉ်ဥပဒေ၊ ၁၉၈၉ မော်တော်  ယာဉ်နည်းဥပေဒများနှင့် လမ်းညွှန်အမှတ်   အသားများနှင့် အချက်ပြများ စာအုပ်  စာမျက်နှာ ၇၉ နှင့် ၈၀ တို့တွင် ယာဉ်  နောက်လိုက်နာရမည့်စည်းကမ်းချက်များနှင့်  ပတ်သက်၍ နည်းဥပဒေ ၆၃ လက်မှတ်  အရောင်း (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူဖြစ်ရ သည်။ သတ်မှတ်ထားသော ကျန်းမာရေး  အဆင့်အတန်းနှင့် ညီညွတ်ရမည့်အပြင် ဗဟိုမှတ်ပုံတင်အဖွဲ့က သတ်မှတ်သည့် စစ်ဆေးမှုများကိုပါ အောင်မြင်ရမည်။ နည်းဥပဒေ ၆၄ ခရီးသည်တင် အငှား ဘတ်စ်ကားနှင့် လိုက်ပါသောလက်မှတ်  ရောင်းသည်လည်းကောင်း။ အငှားကုန်  တင်ယာဉ်နှင့် လိုက်ပါလာသော စပယ် ယာသည်လည်းကောင်း၊ တာဝန်ထမ်းဆောင် နေချိန်တွင် ၎င်း၏ အရည်အချင်းကို ပျက်ယွင်းစေသော အောက်ပါအချက် များကို ရှောင်ကျဉ်ရမည့်
(၁) သေရည်သေရက်သောက်စားခြင်း၊ မူးယစ်ထုံထမ်းဖြစ်စေသည့်ဆေးဝါးများ သုံးစွဲခြင်း။
(၂) ရိုင်းပျစွာဆက်ဆံခြင်း၊ ဆဲရေးတိုင်း  ထွာခြင်း၊ စော်ကားခြင်း။
(၃) အခြားအငှားဘတ်စ်ကားတွင် ခရီး သည်တင်ခြင်း (သို့မဟုတ်) အခြားအငှား ကုန်တင်ယာဉ်တွင် ကုန်စည်တင်ခြင်းကို  ကို တားမြစ်ခြင်း (သို့မဟုတ်) တားမြစ် ရန် ကြိုးစားခြင်း။
(၄) ဘတ်စ်ကားစီးခရီးသည်များ (သို့မဟုတ်)  အခြားခရီးသည်များ အနှောင့်အယှက်ဖြစ်  စေရန်၊ စိတ်ငြိုငြင်စေရန်ပြုမှုခြင်း။.
(၅) သတ်မှတ်ထားသော ယာဉ်စီးခ (သို့မဟုတ်) ကုန်တင်ခထက် ငွေပိုမိုတောင်း ခံခြင်း၊ ယာဉ်စီးခအတွက် လက်မှတ်ပေးရန်  ပျက်ကွက်ခြင်း။
(၆) ယာဉ်ပေါ်မှပစ္စည်းများအောက်သို့မကျ  စေရန်လည်းကောင်း ယာဉ်ပေါ်ရှိအရာ ၀တ္တုများအပြင်သို့ စွန်းထွက်ခြင်းမရှိစေရန်  လည်းကောင်း ကြိုတင်ဆောင်ရွက်မှုရှိခြင်း
(၇) မိမိလိုက်ပါသည့်ယာဉ်တွင် ခရီးသည်  များကျန်ခဲ့သော ပစ္စည်းများကိုတွေ့ရှိလျှင်  ပြည်သူ့ရဲ့စခန်း (သို့မဟုတ်) သက်ဆိုင် ရာသို့လွှဲအပ်ရန်ပျက်ကွက်ခြင်း။
(၈) ကူးစက်တတ်သောရောဂါသည်မှအပ  ဖျားနာနေသူ (သို့မဟုတ်) ထိခိုက်ဒဏ်  ရာရရှိနေသူအာား မော်တော်ယာဉ်တွင်     ခရီးသည်အဖြစ်လက်ခံရန်ငြင်းဆိုခြင်း။
(၉) ၀တ်စားဆင်ယင်မှုမပြည့်စုံခြင်း၊ မသန့်ရှင်းခြင်း၊ မသေသပ်ခြင်း။
လို့ဆိုပြီးအသေးစိတ်ဆိုထားပါတယ်။ ပြင်ပလက်တွေ့လောကမှာတော့ “အထက်  ပါအချက်များနှင့် လုံးဝမကိုက်ညီသော သူများကို စပယ်ယာဟုခေါ်သည်”လို့ဆို  ရမလိုပါပဲ။
ယာဉ်မောင်းများနှင့် ပတ်သက်၍  နည်းဥပဒေ ၇၄ (က)၊ ၇၅ (က) (ခ) (ဂ) နှင့် ၇၆ (က)တို့တွင်
နည်းဥပဒေ ၇၄ (က) ဤအခန်းအရ ယာဉ်မောင်းလိုင်စင်ရရှိထားသူ (သို့မဟုတ်)   လက်မှတ်အရောင်း/စပယ်ယာလိုင်စင် ရရှိထားသူသည် အောက်ပါအရည်အချင်း  ပျက်ယွင်းမှုတစ်ခုခုနှင့် ငြိစွန်းနေသည်ဟု   ယုံကြည်လျှင် ဗဟိုမှတ်ပုံတင်အဖွဲ့သည်  ၎င်းင်း၏လိုင်စင်ကို လေးနှစ်ကာလအပိုင်း အခြားထိရုပ်သိမ်းနိုင်သည်။
(၁) ရောဂါ (သို့မဟုတ်) မသန်မစွမ်းမှု တစ်ခုခုကြောင့် မော်တော်ယာဉ်မောင်း  နှင်စေရန်မသင့်လျော်သူ၊
(၂) နည်းဥပဒေ ၇၇ ပါ မှတ်တမ်းအရ၊ ပြစ်မှုမကြာခဏ ကျူးလွန်တတ်သူ၊
(၃) သေရည်သေရက် အလွန်အကြူး အမြဲတစေသောက်စားမူးယစ်တတ်သူ (သို့မဟုတ်) မူးယစ်ဆေးဝါးများ အမြဲသုံး  စွဲတတ်သူ၊
(၄) ပြည်သူ့ရဲတပ်ဖွဲ့အရေးယူပိုင်သော ပြစ်မှုတစ်ခုခုကျူးလွန်ရာတွင် ပါဝင်သည့်  မော်တော်ယာဉ်ကို အသုံးပြုလျက်ရှိသူ (သို့မဟုတ်) အသုံးပြုခဲ့သူ၊
(၅) မော်တော်ယာဉ်ကို အရမ်းကာရော  မောင်းနှင်သူ (သို့မဟုတ်) ဘေးအန္တရာယ်  ဖြစ်အောင် မောင်းနှင်သူ၊
(၆) ဥပဒေပုဒ်မ ၃ နှင့် ဥပဒေပုဒ်မ ၁၂ ၏ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်သူ၊
(၇) ဥပဒေအရဖြစ်သော ပြစ်မှုအတွက် တရားရုံးကယာဉ်မောင်းလိုင်စင်ရုပ်သိမ်း ရန် စီရင်ခြင်းခံရသူ၊
(၈) ပြည်သူတစ်ဦးတစ်ယောက်က ငှားရမ်း လျှင် လုံလောက်သောအကြောင်းတစ်စုံ တစ်ရာမရှိဘဲ ယာဉ်ငှားရမ်းရန် ငြင်းဆို  သော အငှားယာဉ်မောင်းသူ၊
(၉) နည်းဥပဒေ ၆၄ ၏ ပြဋ္ဌာန်းချက်များ တစ်ခုခုကို ဆန့်ကျင်ပြုသော လက်မှတ်  အရောင်း (သို့မဟုတ်) စပယ်ယာ။
(ခ) နည်းဥပဒေခွဲ (က)အရ ရုပ်သိမ်းခြင်း ခံရသော လိုင်စင်ကို မှတ်ပုံတင်အဖွဲ့က သိမ်းယူထားရမည်။ ၎င်းင်းလိုင်စင်အစား ယာယီခွင့်ပြုလက်မှတ်ထုတ်မပေးရ။
(ဂ) ရုပ်သိမ်းခံရသည့်လိုင်စင်အတွက် ရုပ်သိမ်းခံရသည့်ကာလပြည့်မြောက်လျှင်  မှတ်ပုံတင်အဖွဲ့သည် ၎င်းင်းလိုင်စင်ရရှိသူ အား သတ်မှတ်ထားသည့် ယာဉ်မောင်း  စစ်ဆေးခြင်းအောင်မြင်မှသာ လိုင်စင်ပြန် ပေးရမည်။ ဗဟိုမှတ်ပုံတင်အဖွဲ့က သတ်မှတ်သည့်စစ်ဆေးခကိုပေးဆောင်ရ မည်။
HotNewsJournal

No comments:

Post a Comment