မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ အတွက် Ion Ratiu Democracy Award
ဂုဏ်ထူးဆောင် ဒီမိုကရေစီဆု ချီးမြှင့်လိုက်ကြောင်း အမေရိကန် အ ခြေစိုက်
Wilson သုတေသနအဖွဲ့က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကြေညာလိုက် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေး အတွက် နှစ်ပေါင်းများစွာ စွန့်လွှတ်အနစ်နာခံ ကြိုးပမ်းခဲ့ပြီး အကြမ်း မဖက်တဲ့ နည်းလမ်းကို
ကိုင်စွဲအသုံးပြုခဲ့တဲ့အတွက် ဒီဆုကို ပေးအပ်တာ ဖြစ်တယ်လို့ Wilson
Center အဖွဲ ဥက္ကဌ ဟာမန်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး
အေဂျင်စီသတင်းတွေမှာ ဖော်ပြ ထားပါတယ်။ ထူးခြားမှု အနေနဲ့ Ion Ratiu
ဒီမိုကရေစီဆုကို ရန်ကုန်က ပြည်သူတွေ ရှေ့မှောက်မှာ ဒေါ်အောင်
ဆန်းစုကြည်ကို ဇန်န၀ါရီ ၁၅ ရက်နေ့ကျရင် ပေးအပ်ဖို့ စီစဉ်ထားပါတယ်။
DVB TV News
DVB TV News
No comments:
Post a Comment