Saturday, December 15, 2012

စားသုံးနိုင်သော iPhone 5 ဖုန်းအိတ် ဂျပန်စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးတစ်ဦး ဖန်တီး

စားသုံးနိုင်သော iPhone 5 ဖုန်းအိတ် ဂျပန်စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးတစ်ဦး ဖန်တီး
    
ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးသည် စားသုံးနိုင်သော Survival Senbei iPhone5 ဖုန်းအိတ်ကို ဖန်တီးပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖုန်းအိတ်ကို အညိုရောင်ဆန်နှင့် ဆားတို့ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။

အဆိုပါ ဖုန်းအိတ်သည် ဖုန်းကို ထိခိုက်မှုမှကာကွယ်ရန်အတွက် ရည်ရွယ် ထုတ်လုပ်ထားခြင်းမဟုတ် သော်လည်း အရေးပေါ် အခြေအနေ တစ်ရပ်နှင့် တွေ့ကြုံချိန်တွင် အသက်ရှင် ရပ်တည်နိုင်ရန် အတွက် အစားအစာလို အပ်ပါက အသုံးပြုသူများက ၎င်းအား စားသုံးနိုင်ရန် ရည်ရွယ် ထုတ်လုပ် ခဲ့ခြင်း ဖြစ်သည်။ 

သို့ရာတွင် အဆိုပါ ဖုန်းအိတ်၏ သက်တမ်းနှင့် စပ်လျဉ်း၍ အာမခံချက် ပေးထားခြင်းမရှိကြောင်း သိရသည်။

အဆိုပါ ဖုန်းအိတ်များကို အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူနိုင်ပြီး ဖုန်းအိတ် တစ်အိတ်လျှင် ယန်းငွေ ၃၈၁၈ တန်ဖိုးရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးသည် စားသုံးနိုင်သော Survival Senbei iPhone5 ဖုန်းအိတ်ကို ဖန်တီးပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖုန်းအိတ်ကို အညိုရောင်ဆန်နှင့် ဆားတို့ဖြင့် ပြုလုပ် ထားခြင်းဖြစ် သည်။
အဆိုပါ ဖုန်းအိတ်သည် ဖုန်းကို ထိခိုက်မှုမှကာကွယ်ရန်အတွက် ရည်ရွယ် ထုတ်လုပ်ထားခြင်းမဟုတ် သော်လည်း အရေးပေါ်အခြေအနေ တစ် ရပ်နှင့် တွေ့ကြုံချိန်တွင် အသက်ရှင်ရပ်တည်နိုင်ရန်အတွက် အစား အစာလို အပ် ပါက အသုံးပြုသူများက ၎င်းအား စားသုံးနိုင်ရန်ရည်ရွယ်ထုတ်လုပ် ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် အဆိုပါဖုန်းအိတ်၏ သက်တမ်းနှင့် စပ်လျဉ်း၍ အာမခံချက် ပေးထားခြင်းမရှိကြောင်း သိရသည်။

အဆိုပါ ဖုန်းအိတ်များကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူနိုင်ပြီး ဖုန်းအိတ်တစ်အိတ်လျှင် ယန်းငွေ ၃၈၁၈ တန်ဖိုးရှိကြောင်း သိရသည်။

No comments:

Post a Comment