Wednesday, December 26, 2012

Microsoft မှ ပညာရှင်နှင့် Interactive Talk ကျင်းပမည်

Microsoft မှ ပညာရှင်နှင့် Interactive Talk ကျင်းပမည်
Wednesday, 26 December 2012

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက် (သောကြာနေ့) နေ့လယ် 
(၁း၀၀ မှ ၄း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park၊ 
အခန်း (၂၀၅) တွင် Microsoft Company ရှိ Online Service Division မှ Senior System Engineer အဖြစ် ဆယ်နှစ်ကျော် အလုပ်လုပ်နေသော ကွန်ပျူတာပညာရှင် ဦးခင်မောင်ဇော် မှ “High Availability Online Systems” နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပေးမည် ဖြစ်ကြောင်း
သိရသည်။ 

အဆိုပါ ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်
အသင်းမှကြီးမှုး၍ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

ဟောပြောပွဲ၌ Windows Servers , IIS, SQL, High Availability, Seal Ability, Performance Application အစရှိ သည်များအား
ပြောကြားပေးသွားမည်ဖြစ်သည်။ 

အဆိုပါ ဟောပြောပွဲကို လက်ရှိ Software Developer၊ Network Engineer အဖြစ် အလုပ်လုပ်နေသူများ၊ Computer နည်းပညာကို လေ့လာ
နေသော ကျောင်းသား၊ ကျောင်းသူများနှင့် နောက်ဆုံးပေါ် IT နည်းပညာကို စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက် ဆွေးနွေးနိုင်ပါသည်။ 

အသေးစိတ်သိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း (၄)၊MICT Park ၊ ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀-၈၈၃-၀၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။

Myanmar ICT၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက် (သောကြာနေ့) နေ့လယ် (၁း၀၀ မှ ၄း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park၊ အခန်း (၂၀၅) တွင် Microsoft Company ရှိ Online Service Division မှ Senior System Engineer အဖြစ် ဆယ်နှစ်ကျော် အလုပ်လုပ်နေသော ကွန်ပျူတာပညာရှင် ဦးခင်မောင်ဇော် မှ “High Availability Online Systems” နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပေးမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်အသင်းမှကြီးမှုး၍ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။


ဟောပြောပွဲ၌ Windows Servers , IIS, SQL, High Availability, Seal Ability, Performance Application အစရှိ သည်များအားပြောကြားပေးသွားမည်ဖြစ်သည်။


အဆိုပါ ဟောပြောပွဲကို လက်ရှိ Software Developer၊ Network Engineer အဖြစ် အလုပ်လုပ်နေသူများ၊ Computer နည်းပညာကို လေ့လာနေသော ကျောင်းသား၊ ကျောင်းသူများနှင့် နောက်ဆုံးပေါ် IT နည်း ပညာကို စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက် ဆွေးနွေးနိုင်ပါသည်။

အသေးစိတ်သိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း (၄)၊MICT Park ၊ ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀-၈၈၃-၀၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။


Myanmar ICT

No comments:

Post a Comment