Monday, March 10, 2014

ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်မှု ပိုများလာ

Photo: ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်မှု ပိုများလာ
Monday, March 10, 2014

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ရှေးခေတ် မွန်ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ တည်ရှိရာ ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်လည်ပတ်မှု ယမန်နှစ်ထက် ပိုများလာသည်ဟု ကော့ဂွန်းဂူ သဒ္ဓမ္မရတနာ ဓမ္မာရုံကျောင်း ဆရာတော်က မိန့်ကြားသည်။

ကော့ဂွန်းဂူသို့ လစဉ် နိုင်ငံခြားသား လာရောက်လည်ပတ်မှု တဖြည်းဖြည်း များပြားလာပြီး ယခုနှစ် ဇန်နဝါရီလမှ စပြီး တစ်လလျှင် နိုင်ငံပေါင်းစုံမှ နိုင်ငံခြားသား ၁၂၀၀ ကျော်ထိ လာရောက်ခဲ့သည်ဟု ယင်းဆရာတော်က မိန့်သည်။

“တစ်ရက်ကို ပျမ်းမျှ အယောက် ၃၀ လောက် လာကြတယ်။ တချို့ရက်မှာဆို အယောက် တစ်ရာကျော် လာတာလည်း ရှိတယ်။ အများဆုံးကတော့ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန် နိုင်ငံသားတွေ” ဟု ဆရာတော် အရှင် ဦးဓမ္မပါလက မိန့်သည်။

သံလွင်မြစ်၏ အနောက်ဘက် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၁၁၆ ခန့် အမြင့်တွင် တည်ရှိကာ သဘာဝ ထုံးကျောက်ဂူ အမျိုးအစား ဖြစ်သည့် ကော့ဂွန်းဂူကို ၁၉၅၇ ခုနှစ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနတို့က ပြန်လည် ထိန်းသိမ်းထားသည်။

ကော့ဂွန်းဂူကို ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ထိန်းသိမ်းထားပြီး နောက်ပိုင်း ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူ ယဉ်ကျေးမှုဇုန် နယ်နိမိတ်သို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသားများကို တစ်ဦးလျှင် မြန်မာငွေ ၃၀၀၀ ကျပ် ဝင်ကြေး ကောက်ခံခဲ့သည်။ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကြား သံလွင်မြစ်၊ ဂျိုင်းမြစ်၊ ဒုံသမိမြစ်နှင့် အတ္ထရံမြစ်တို့ ပေါင်းဆုံရာ မြစ်ဝကျွန်းပေါ် မြေနုလွင်ပြင်တွင် ထင်ရှားသည့် သဘာဝ ထုံးကျောက်ဂူများ ဖြစ်ကြသည့် နိဒုံရဂူ၊ ဖားဘောင်ဂူ၊ ရေပူဂူ၊ ခရုံဂူ၊ ဓမ္မသဂူ၊ ဆန္ဒန်ဂူ၊ ဖားပျံဂူ၊ တောင်ဘလွဲဂူ၊ ရသေ့ဂူ၊ မောင်ဒီဂူ၊ ဝဲပျံဂူ၊ ဝေပုလဂူ၊ ကော့ကသောင်ဂူ၊ မင်းလွင်ဂူ၊ ဘုရင့်ညီနောင်ဂူ၊ ဝင်းဆုံဂူ၊ ဖားကပ်ဂူ၊ ကော့ဂွန်းဂူနှင့် ရသေ့ပျံ ဂူတို့တွင် ရှေးဟောင်းဗုဒ္ဓ ရုပ်တုတော်များနှင့် ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ တည်ရှိသည့် ဂူများဖြစ်ပြီး ၎င်းအနက် ကော့ဂွန်းဂူသည် ရှေးဟောင်းယဉ်ကျေးမှု လက်ရာများ အထင်ရှားဆုံး ဂူတစ်ခု ဖြစ်သည်။

လိုဏ်ဂူ အတွင်းပိုင်းနှင့် အပြင်ပိုင်း နံရံများပေါ်တွင် ရှေးဟောင်း မြေမီးဖုတ် အုတ်ခွက် ဘုရားများ၊ ဗုဒ္ဓဆင်းတုတော်များ၊ ထုံးကျောက်သားကို ထွင်းထုထားသည့် ရုပ်လုံးရုပ်ကြွများ၊ သဲကျောက်သား များဖြင့် ထွင်းထုထားသည့် ကျောက်ဆစ် ရုပ်တုများ၊ နံရံဆေးရေးစာများ၊ မင်စာများ၊ ကျောက်စာများနှင့် ရှေးမွန်စာ အရေးအသား များကို တွေ့ရှိရသည်။

ကော့ဂွန်းဂူတွင် တွေ့ရသည့် ရှေးဟောင်း မွန်ကျောက်စာသည် စာကြောင်း ၂၃ ကြောင်း ရှိပြီး ကျောက်စာပါ ရှေးမွန် အက္ခရာစာလုံးကို ပုဂံခေတ် ရှေးမွန်ကျောက်စာများနှင့် နှိုင်းလျှင် ခရစ်နှစ် (၁၁) ရာစုခန့်က ရေးထိုးထားသည့် ကျောက်စာ ဖြစ်သည်ဟု ရှေးဟောင်း သုတေသနက ခန့်မှန်းထားသည်ဟု ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူ သမိုင်းစဉ် အကျဉ်းစာအုပ်တွင် ဖော်ပြထားသည်။

The Voice Weekly
ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ရှေးခေတ် မွန်ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ တည်ရှိရာ ရှေးဟောင်း သမိုင်းဝင် ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်လည်ပတ်မှု ယမန်နှစ်ထက် ပိုများလာသည်ဟု ကော့ဂွန်းဂူ သဒ္ဓမ္မရတနာ ဓမ္မာရုံကျောင်း ဆရာတော်က မိန့်ကြားသည်။

ကော့ဂွန်းဂူသို့ လစဉ် နိုင်ငံခြားသား လာရောက်လည်ပတ်မှု တဖြည်းဖြည်း များပြားလာပြီး ယခုနှစ် ဇန်နဝါ ရီလမှ စပြီး တစ်လလျှင် နိုင်ငံပေါင်းစုံမှ နိုင်ငံခြားသား ၁၂၀၀ ကျော်ထိ လာရောက်ခဲ့သည်ဟု ယင်း ဆရာတော်က မိန့်သည်။

“တစ်ရက်ကို ပျမ်းမျှ အယောက် ၃၀ လောက် လာကြတယ်။ တချို့ရက်မှာဆို အယောက် တစ်ရာကျော် လာတာ လည်း ရှိတယ်။ အများဆုံးကတော့ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန် နိုင်ငံသားတွေ” ဟု ဆရာတော် အရှင် ဦးဓမ္မပါလက မိန့်သည်။

သံလွင်မြစ်၏ အနောက်ဘက် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၁၁၆ ခန့် အမြင့်တွင် တည်ရှိကာ သဘာဝ ထုံးကျောက်ဂူ အမျိုးအစား ဖြစ်သည့် ကော့ဂွန်းဂူကို ၁၉၅၇ ခုနှစ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနတို့က ပြန်လည် ထိန်းသိမ်းထား သည်။

ကော့ဂွန်းဂူကို ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ထိန်းသိမ်းထားပြီး နောက်ပိုင်း ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူ ယဉ်ကျေးမှုဇုန် နယ်နိမိတ်သို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသားများကို တစ်ဦးလျှင် မြန်မာငွေ ၃၀၀၀ ကျပ် ဝင်ကြေး ကောက်ခံခဲ့သည်။ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကြား သံလွင်မြစ်၊ ဂျိုင်းမြစ်၊ ဒုံသမိမြစ်နှင့် အတ္ထရံမြစ်တို့ ပေါင်းဆုံရာ မြစ်ဝကျွန်းပေါ် မြေနုလွင်ပြင်တွင် ထင်ရှားသည့် သဘာဝ ထုံးကျောက်ဂူများ ဖြစ်ကြသည့် နိဒုံရဂူ၊ ဖားဘောင်ဂူ၊ ရေပူဂူ၊ ခရုံဂူ၊ ဓမ္မသဂူ၊ ဆန္ဒန်ဂူ၊ ဖားပျံဂူ၊ တောင်ဘလွဲဂူ၊ ရသေ့ဂူ၊ မောင်ဒီဂူ၊ ဝဲပျံဂူ၊ ဝေပုလဂူ၊ ကော့ကသောင်ဂူ၊ မင်းလွင်ဂူ၊ ဘုရင့်ညီနောင်ဂူ၊ ဝင်းဆုံဂူ၊ ဖားကပ်ဂူ၊ ကော့ဂွန်းဂူနှင့် ရသေ့ပျံ ဂူတို့တွင် ရှေးဟောင်းဗုဒ္ဓ ရုပ်တုတော်များနှင့် ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ တည်ရှိသည့် ဂူများဖြစ်ပြီး ၎င်းအနက် ကော့ဂွန်းဂူသည် ရှေးဟောင်းယဉ်ကျေးမှု လက်ရာများ အထင်ရှားဆုံး ဂူတစ်ခု ဖြစ်သည်။

လိုဏ်ဂူ အတွင်းပိုင်းနှင့် အပြင်ပိုင်း နံရံများပေါ်တွင် ရှေးဟောင်း မြေမီးဖုတ် အုတ်ခွက် ဘုရားများ၊ ဗုဒ္ဓဆင်း တုတော်များ၊ ထုံးကျောက်သားကို ထွင်းထုထားသည့် ရုပ်လုံးရုပ်ကြွများ၊ သဲကျောက်သား များဖြင့် ထွင်းထု ထားသည့် ကျောက်ဆစ် ရုပ်တုများ၊ နံရံဆေးရေးစာများ၊ မင်စာများ၊ ကျောက်စာများနှင့် ရှေးမွန်စာ အရေး အ သား များကို တွေ့ရှိရသည်။

ကော့ဂွန်းဂူတွင် တွေ့ရသည့် ရှေးဟောင်း မွန်ကျောက်စာသည် စာကြောင်း ၂၃ ကြောင်း ရှိပြီး ကျောက်စာပါ ရှေးမွန် အက္ခရာစာလုံးကို ပုဂံခေတ် ရှေးမွန်ကျောက်စာများနှင့် နှိုင်းလျှင် ခရစ်နှစ် (၁၁) ရာစုခန့်က ရေးထိုးထားသည့် ကျောက်စာ ဖြစ်သည်ဟု ရှေးဟောင်း သုတေသနက ခန့်မှန်းထားသည်ဟု ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူ သမိုင်းစဉ် အကျဉ်းစာအုပ်တွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment