Monday, January 13, 2014

မုတ္တမကွေ့ ဒေသအား နိုင်ငံတကာအသိအမှတ်ပြု ရေတိမ်ဒေသအဖြစ် သတ်မှတ်ရန် စီစဉ်

မုတ္တမ ကွေ့ဒေသရှိ စုစုပေါင်းနယ်မြေ ဧကလေးသိန်းကျော်ကို မြန်မာ နိုင်ငံ၏ ဒုတိယမြောက်နိုင်ငံ တကာအသိအမှတ်ပြုရေတိမ်ဒေသအဖြစ်သတ်မှတ်ရန်လျာ ထားကြောင်း ဇီဝမျိုးစုံမျိုးကွဲ နှင့်သဘာဝ ထိန်းသိမ်းရေး အ သင်းမှ Project Manager ဖြစ် သူ ဦးပြည့်ဖြိုးအောင် ကပြော ကြားလိုက်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံတ ကာရေတိမ်ဒေသအဖြစ် သတ် မှတ်ထားသည်မှာ ပဲခူးတိုင်းဒေ သကြီးအတွင်းရှိ မိုးယွန်းကြီး အင်းတောရိုင်း တိရစ္ဆာန်ဘေး မဲ့တောတစ်ခုသာရှိနေကြောင်း သိရသည်။

““ကျွန်တော်တို့သစ်တော ဌာနကို အဆိုပြုထားပြီးပါပြီ။ ဒါပေမဲ့ ဒီနေရာက တိုင်းဒေသ ကြီးအစိုးရရဲ့ပိုင် နက်နယ်မြေ ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရတွေနဲ့ ဆက်ပြီး ဆွေးနွေးရဦးမှာပါ””ဟု ဦးပြည့်ဖြိုးအောင်ကပြောသည်။

ရေတိမ်ဒေသအဖြစ် သတ်မှတ်ရာတွင် ရေပျော်ငှက်နှစ် သောင်းထက်ပိုကာ ကျက်စား နိုင်ရန် ပုံမှန်ထောက်ပံ့ပေးထား နိုင်သည့်ဒေသဖြစ်ခြင်းအပါ အ၀င် စုစုပေါင်းအချက်ပေါင်း ကိုးချက်ရှိရာ ယင်းတို့ အနက် မုတ္တမဒေသသည် ငါးချက်ခန့် နှင့် ကိုက်ညီပြီးရေပျော်ငှက်တစ် သိန်းခွဲမှ နှစ်သိန်းအထိ လာ ရောက်ကျက်စားလေ့ရှိနေသ ဖြင့် ယင်းသို့သတ်မှတ်ရန် စီစဉ် ခြင်းဖြစ်ကြောင်းသိရသည်။

ဦးပြည့်ဖြိုးအောင်က ““အဲ ဒီနေရာကို ရေတိမ်ဒေသအ ဖြစ် သတ်မှတ်ဖို့ ဧကပေါင်းလေး သိန်းကျော်လောက် ပါဝင်နေ တဲ့အတွက် တစ်ခါတည်း လုပ် ဖို့မဖြစ်နိုင်သေးတာမို့လို့ ငှက် တွေအကျဆုံးနေရာတွေလောက် အရင်ဆုံး လုပ်နိုင်အောင် ဆောင် ရွက်သွားမှာပါ။ နောက်ဒီလုပ် ငန်းတွေ က ဒေသခံကျေး ရွာ တွေ ပါဝင်မှာဖြစ်တဲ့အတွက် ကြောင့် ကျွန်တော် တို့ ဒေသခံ တွေကို ပညာပေးလုပ်ငန်းတွေ ဆက်လုပ်ဆောင် သွား မှာပါ””ဟု ပြောသည်။

အဆိုပါနေရာပြုလုပ်ရန် အတွက် ရေတိမ်ဒေသသတ်မှတ် မည့် ဧကလေးသိန်းကျော် တွင် ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့ ၏ဒေသများပါဝင်မည်ဖြစ်ပြီး ကမ္ဘာပေါ်တွင် မျိုးသုဉ်းရန် အ ကောင်ရေငါးရာသာရှိသည့် ရေညှောင့် နှုတ်သီးဝိုင်းငှက် (ဒီလုံး)ငှက် သည် တစ်ကမ္ဘာလုံး ရှိအကောင်ရေ ရာခိုင်နှုန်း၅၀ ခန့်မှာ အဆိုပါနေရာတွင် လာ ရောက်ကျက်စားကြောင်း သိရ သည်။

ယင်းနှင့်ပတ်သက်ပြီး မြန် မာ့ငှက်နှင့်ပတ်ဝန်းကျင် ထိန်း သိမ်းရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ သိန်းအောင်က ““မုတ္တမကွေ့ကို လဲ နိုင်ငံတ ကာ ရေတိမ်ဒေသအဖြစ် သတ်မှတ် သင့်တဲ့အထဲမှာပါပါတယ်။ ဒါ ပေမဲ့ သူ့ထက်အရေးကြီးတဲ့ နေရာတွေမရှိတော့ဘူးလား ဆိုတာ မေးခွန်း ထုတ်စရာပါ။ အခြားနေ ရာတွေနဲ့ ယှဉ်ထိုးပြီး အရေးကြီးတဲ့နေရာကို အရင် လုပ်သင့်ပါတယ်””ဟု ပြော ကြားခဲ့သည်။

Yangon Media Group

No comments:

Post a Comment