Wednesday, January 2, 2013

ATMစက်များ၌ CUPကတ်များနှင့်လည်း ငွေထုတ်ယူနိုင်

ATMစက်များ၌ CUPကတ်များနှင့်လည်း ငွေထုတ်ယူနိုင်
Wednesday, 02 January 2013 

သမ၀ါယမဘဏ်(CB Bank) ၏ ATMစက်များ၌ ဇန်န၀ါရီလပိုင်းမှ စတင်၍ China Union Pay (CUP)ကတ်များဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး
စတင်ငွေထုတ်ယူနိုင်မည်ဖြစ်သည်။

ကမ္ဘာအကြီးမားဆုံး ငွေပေးချေမှုကတ်ဖြစ်သည့် Union Pay မှ ထုတ်ဝေသော China Union Pay (CUP) ကတ်ပိုင်ရှင်များသည်
မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ သမ၀ါယမဘဏ်လီမီတက် (CB Bank) ၏ 
ATMစက် အလုံး(၅၀)တွင် ၂၀၁၃ခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့မှ စတင်ငွေထုတ်ယူနိုင်ခြင်းဖြစ်သည်။

“အခုလောလောဆယ်ဇန်န၀ါရီ၊ဖေဖော်ဝါရီ၊မတ်(၃လ)တာအတွင်းမှာတော့
မြန်မာနိုင်ငံမှာရှိတဲ့ATMစက်အလုံး(၅၀)မှာနိုင်ငံခြားသားခရီးသွားတွေမြန်မာ
ငွေအဖြစ်လဲလှယ်ထုတ်ယူသုံးစွဲနိုင်ပါပြီ။ဒီလိုလုပ်လိုက်ခြင်းအားဖြင့် မြန်မာ့ခရီးသွား လုပ်ငန်းကိုလည်း တစ်ဖက်တစ်လမ်းက မြှင့်တင်ပေးရာ ရောက်ပါတယ် ” ဟု သမ၀ါယမဘဏ်လီမီတက် (CB Bank)မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပြောသည်။       

CB Bank အနေဖြင့် ထိုကဲ့သို့ကမ္ဘာအကြီးမားဆုံး ငွေပေးချေမှုကတ်ဖြစ်သည့် 
China Union Pay နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များသည်မြန်မာနိုင်ငံတွင်း လာရောက်လည်ပတ်ပါက အဆင်ပြေချောမွေ့စေရန် ရည်ရွယ်
ဆောင်ရွက်ခြင်း ဖြစ်ကြောင်းကိုလည်း သိရှိရသည်။   

မြန်မာနိုင်ငံသို့၂၀၁၁ခုနှစ်တွင်မြန်မာနိုင်ငံသို့တရုတ်လူမျိုးခရီးသွား
ဧည့်သည်(၆၂၀၀၀)ကျော် လာရောက်လည်ပတ်ပြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သောခရီးသွားဧည့်သည်များတွင်(၁၅.၈၅%)ရှိကြောင်း
မြန်မာ့ခရီးသွားလာရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မတ်လမတိုင်ခင်
အထိ CUP (China Union Pay) ကတ်ဖြင့် ငွေထုတ်ယူနိုင်ရန် ATMစက်
အလုံး(၁၀၀)အား ချပေးနိုင်ရန်စီစဉ်ထားကြောင်း၊ CUP ကတ်ဖြင့် တစ်ကြိမ် ထုတ်ပါက ငွေ(၃)သိန်း ထုတ်ယူနိုင်ပြီး တစ်ရက်လျှင် စုစုပေါင်း ငွေ(၁၀ ) သိန်းကျပ်အထိ ထုတ်ယူနိုင်သည်။     

လက်ရှိတွင်မြန်မာနိုင်ငံ၌သမ၀ါယမဘဏ်(CB Bank) ၏ ATM စက်
အလုံးပေါင်း(၅၀)၌ China Union Pay (CPU)ကတ်များဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်ငွေထုတ်ယူနိုင်သော ဘဏ်ဖြစ်ပြီး China Union Pay (CPU) ကတ်ကို နိုင်ငံပေါင်း (၁၃၅)နိုင်ငံတွင် သုံးစွဲလျှက်ရှိသည်။

ယမင်း(မြစ်မခ)
Myit Makha Mediagroup

သမ၀ါယမဘဏ်(CB Bank) ၏ ATMစက်များ၌ ဇန်န၀ါရီလပိုင်းမှ စတင်၍ China Union Pay (CUP)ကတ်များဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးစတင်ငွေထုတ်ယူနိုင်မည်ဖြစ်သည်။
ကမ္ဘာအကြီးမားဆုံး ငွေပေးချေမှုကတ်ဖြစ်သည့် Union Pay မှ ထုတ်ဝေသော China Union Pay (CUP) ကတ်ပိုင်ရှင်များသည် မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ သမ၀ါယမဘဏ်လီမီတက် (CB Bank) ၏ ATMစက် အလုံး (၅၀) တွင် ၂၀၁၃ခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့မှ စတင်ငွေထုတ်ယူနိုင်ခြင်းဖြစ်သည်

“အခုလောလောဆယ်ဇန်န၀ါရီ ၊ဖေဖော်ဝါရီ၊မတ်(၃လ)တာအတွင်းမှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ ATMစက် အလုံး (၅၀)မှာနိုင်ငံခြားသားခရီးသွားတွေမြန်မာ ငွေအဖြစ်လဲလှယ်ထုတ်ယူသုံးစွဲနိုင်ပါပြီ။ ဒီလို လုပ် လိုက်ခြင်း အားဖြင့် မြန်မာ့ခရီးသွား လုပ်ငန်းကိုလည်း တစ်ဖက် တစ်လမ်းက မြှင့် တင်ပေးရာ ရောက် ပါတယ် ” ဟု သမ၀ါယမဘဏ်လီမီတက် (CB Bank)မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပြောသည်။

CB Bank အနေဖြင့် ထိုကဲ့သို့ကမ္ဘာအကြီးမားဆုံး ငွေပေးချေမှုကတ်ဖြစ်သည့် China Union Pay နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များသည်မြန်မာနိုင်ငံတွင်း လာရောက်လည်ပတ်ပါက အဆင်ပြေချောမွေ့စေရန် ရည်ရွယ် ဆောင် ရွက်ခြင်း ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။

မြန်မာနိုင်ငံသို့၂၀၁၁ခုနှစ်တွင်မြန်မာနိုင်ငံသို့တရုတ်လူမျိုးခရီးသွားဧည့်သည်(၆၂၀၀၀)ကျော် လာရောက် လည် ပတ်ပြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သောခရီးသွားဧည့်သည်များတွင်(၁၅.၈၅%)ရှိကြောင်း
မြန်မာ့ခရီးသွားလာရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မတ်လမတိုင်ခင်အထိ CUP (China Union Pay) ကတ်ဖြင့် ငွေထုတ်ယူနိုင်ရန် ATMစက်အလုံး(၁၀၀)အား ချပေးနိုင်ရန်စီစဉ်ထားကြောင်း၊ CUP ကတ်ဖြင့် တစ်ကြိမ် ထုတ်ပါက ငွေ(၃)သိန်း ထုတ်ယူနိုင်ပြီး တစ်ရက်လျှင် စုစုပေါင်း ငွေ(၁၀ ) သိန်းကျပ်အထိ ထုတ်ယူနိုင်သည်။

လက်ရှိတွင်မြန်မာနိုင်ငံ၌သမ၀ါယမဘဏ်(CB Bank) ၏ ATM စက်အလုံးပေါင်း(၅၀)၌ China Union Pay (CPU)ကတ်များဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်ငွေထုတ်ယူနိုင်သော ဘဏ်ဖြစ်ပြီး China Union Pay (CPU) ကတ်ကို နိုင်ငံပေါင်း (၁၃၅)နိုင်ငံတွင် သုံးစွဲလျှက်ရှိသည်။

(မြစ်မခ)
Myit Makha Mediagroup

No comments:

Post a Comment