Saturday, January 12, 2013

ပြည်နယ် အနှံ့ ပေါ်ပေါက်နေသော ကျေးရွာ အုပ်ချုပ်ရေးမှူး ပြဿနာ ရခိုင် လွှတ်တော်က စစ်ဆေး

burma

ရခိုင်ပြည်နယ် အတွင်း များမကြာမီက ရွှေးချယ် တင်မြှောက် ခဲ့သော ကျေးရွာ အုပ်ချုပ်ရေးမှူး ရွှေးချယ်မူနှင့် ပတ်သက်ပြီး ကျေးရွာ အများအပြားတွင် ပြဿနာများ ပေါ်ပေါက်နေရာ ရခိုင်ပြည်နယ် လွှတ်တော်မှ  စုံစမ်း စစ်ဆေးရေးအဖွဲ့ (၃) ခုဖြင့် ကွင်းဆင်း စစ်ဆေးနေသည်ဟု သိရသည်။


စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ၂၀၁၂ ခု ဒီဇင်္ဘာလ ၁၀ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကျင်းပခဲ့သော ရခိုင်ပြည် နယ် လွှတ်တော် ပဉ္စမအကြိမ် ပုံမှန်အစည်းအဝေးက ဖွဲ့စည်းလိုက်ခြင်းဖြစ်ဟု ရသေ့တောင်မြို့ နယ် ပြည် နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းက ပြောသည်။
ချမှတ်ထားသော စည်းကမ်းဥပေဒများကိုချိုးဖေါက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများကို ရွှေးချယ် တင်မြှောက် ခဲ့သည်ဟု ဆိုကာ ရခိုင်ပြည်နယ် အစိုးရသို့ တိုင်ကြားစာအများအပြား ရောက်ရှိနေသည်ဟု သိရသည်။
စိစစ်ရေးအဖွဲ့သည် ယခုအခါ ရခိုင်ပြည်နယ် မြို့နယ်တချို့ကိုသွားရောက်ပြီး စုံစမ်းစစ်ဆေးမှုများ စတင် ပြုလုပ် နေသည်ဟု ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းက နိရဉ္စရာ သို့ ပြောသည်။
“ လွှတ်တော်သို့ တိုင်ကြားစာနဲ့ပတ်သက်လို့ စိစစ်ရေးအဖွဲ့က  အခုနယ်တွေကိုဆင်းပြီး စစ်ဆေးနေပါ တယ်။”
လွှတ်တော်မှ  ဖွဲ့စည်းပေးလိုက်သော စိစစ်ရေးအဖွဲ့တွင် ဥက္ကဌအဖြစ် ဦးမောင်လုံး ဆောင်ရွက်မည် ဖြစ်ပြီး အဖွဲ့ခွဲ သုံးဖွဲ့ ဖွဲ့ကာ ရခိုင်ပြည်နယ် မြို့နယ်တချို့တွင် စုံစမ်းမှုများ ပြုလုပ်နေသည်ဟု သူက ပြောသည်။
“ လွှတ်တော်စိစစ်ရေးအဖွဲ့ ဥက္ကဌဦးမောင်လုံးပါ။ အဖွဲ့ငယ်သုံးဖွဲ့ခွဲပြီးသွားနေပါတယ်။ အဖွဲ့ဥက္ကဌ ဦးမောင်လုံးဦးဆောင်တဲ့အဖွဲ့က ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောမြို့နယ်ကိုသွားပါတယ်။ အဲဒီ အဖွဲ့ မှာ တပ်မတော်က ကိုယ်စားလှယ် သုံဦး ပါဝင်ပါတယ်။ ဘူး သီးတောင်၊ ရသေ့တောင် နဲ့ မောင်တော ကို ဦးထူးမင်း ဦးဆောင်တဲ့ အဖွဲ့ကသွားရောက် စုံစမ်းစစ်ဆေးနေပါတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ကျးရွာအများအပြားတွင် အုပ်ချုပ်ရေးမှူးရွှးချယ်ရေးနှင့်ပတ်သက်ပြီး ပြဿနာ ပေါ်ပေါက်နေ သဖြင့် အုပ်ချုပ်ရေးမှူးများကိုအတည်မပြုနိုင်သေးဘဲ ဖြစ်နေသည်ဟု သိရသည်။
ယခင် အုပ်ချုပ်ရေးမှူး ဖြစ်သူက နောက် ရွှေးချယ်ခံရသူကို တာဝန်မလွှဲပြောင်းလို၍ တိုင်ကြားထားသည့် အမူများရှိသလို၊ ရွှးချယ်တင်မြှောက်ရာတွင်နံပတ်(၂) နေရာမှရသူက ပထမရသူကိုမကျေနပ်၍ တိုင်ကြား ထားသည့်  အမူများလည်း ရှိကြောင်း သိရသည်။
အများစု တိုင်ကြားထားသည့်အမူများမှာ ဆယ်အိမ်ခေါင်း ရွှေးချယ်ရာကအစ ဥပဒေနှင့်မကိုက် ညီဘဲ မြို့နယ်အာဏာပိုင်များက မိမိသဘောနှင့် မိမိ ရွှေးချယ်သည်ဟု စွပ်စွဲထားသော အမူ များပြားကြောင်း သိရသည်။
အဆိုပါ စိစစ်ရေးအဖွဲ့များသည် တခြားမြို့နယ်များဖြစ်သည့် မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်များကိုလည်း သွားရောက်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
ရခိုင်ပြည်နယ် လွှတ်တော်က  ယခုကဲ့သို့ အဖွဲ့များဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အနှံ့ စုံစမ်း စစ်ဆေး မှုများ ပြု လုပ်ခြင်း သည် ရခိုင်လူထုအတွက် ကောင်းမွန်ပြီး အကျိုးရှိမည် ဖြစ်ကြောင်း ဦးလှမောင်သိန်းက ပြော သည်။

No comments:

Post a Comment