နှစ်၂ဝဝဝ ကျော် သက်တမ်းရှိမည်ဟု ယူဆရသော ပဋိ ဇီဝ ဆေးပြား များ ပါဝင်သည့်
သံသေတ္တာတစ်လုံးကို အီတလီ ကမ်းခြေ အနီးမှ ရှာဖွေတွေ့ရှိခဲ့ သည်ဟု အမျိုးသား
သိပ္ပံ အကယ်ဒမီမှ သုတေသီများ က ဆိုသည်။ ယင်း သံသေတ္တာအတွင်း ပါရှိသော ဆေးပြားခြောက်ပြား ကို အသေး စိတ်သုတေသနပြုခဲ့ရာ တိရစ္ဆာန်နှင့် သစ်သီးသစ်ဖုဆီ၊ ထင်းရှူးဆီနှင့်
ဇင့်ဒြပ်ပေါင်းတို့ ပါဝင်ပြီး မျက်စိဝေဒနာကုသဆေးများ ဟု ယူဆရကြောင်း၊ရေအောက်တွင် ကာလရှည်ကြာ မပျက်မစီးဘဲ ရှိနေသည့် ယင်းဆေးဝါးများ၏ အာနိသင်မှာ
အံ့သြဖွယ်ရာ ဖြစ်ကြောင်း မီဆာတက္ကသိုလ်မှ ဓာတုဗေဒပညာရှင်
မာရီယာပါလာ ကိုလန်ဘီနီကဆိုသည်။ အဆိုပါဆေးပြားများ၏ သက်တမ်းကို ဖော်ပြရမည်
ဆိုပါက ဘီစီ ၁၃ဝ နှင့် ၁၄ဝ ကြားကာလက ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
Khit Lu Nge
Khit Lu Nge

No comments:
Post a Comment