Wednesday, January 23, 2013

တန်ဖိုးထပ်နည်းမည့် မိုဘိုင်းဖုန်းအလားအလာ ကြန့်ကြာဖွယ်ရှိ

တန်ဖိုးထပ်နည်းမည့် မိုဘိုင်းဖုန်းအလားအလာ ကြန့်ကြာဖွယ်ရှိ

Posted by AF in ပြည်တွင်းသတင်း


ရန်ကုန်၊ ဇန်နဝါရီ ၂၁

ကျပ်တစ်သိန်းဝန်းကျင် မိုဘိုင်းဖုန်းများ ရောင်းချပေးမည့်အစီအစဉ်မှာ ကြန့်ကြာနိုင်ဖွယ်ရှိသည်ဟု ဈေးကွက်ကျွမ်းကျင်အချို့က သုံးသပ်သည်။

 မြန်မာ့ဆက်သွယ်ရေး လုပ် ငန်းအနေဖြင့် ယခုလတွင် ကျပ်တစ် သိန်း ဝန်းကျင်ဖုန်းများအား ရောင်း ချပေးမည်ဟု သတင်းထုတ်ပြန်ခဲ့ ပြီး ဈေးကွက်အတွင်း ရောင်း ချ နေသည့် ကျပ်နှစ်သိန်းတန် ဖုန်း များကို သိမ်းဆည်းခဲ့သော်လည်း  လက်ရှိတွင် အဆိုပါကျပ်နှစ်သိန်း တန်ဖုန်းများကို ပြန်လည်ရောင်း ချနေခြင်းကြောင့် ကျွမ်းကျင်သူ များက အထက်ပါအတိုင်း သုံးသပ် ခြင်း ဖြစ်သည်။ ဈေးနှုန်းအသစ် ဖုန်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး မှ အင်ဂျင်နီယာချုပ်တစ်ဦးက    ”ဈေးနှုန်းသတ်မှတ် ထားပြီးပါပြီ။ အထက်ခွင့်ပြုချက် မရသေးလို့ ရောင်းမပေးသေးတာပါ။ ကျွန်တော် တို့အနေနဲ့ ဖုန်းရောင်းပေးဖို့ အသင့် ရှိနေပါတယ်” ဟု ပြောသည်။  မြန်မာ့ဆက်သွယ်ရေး မှ ဖုန်း များ မရောင်းချပေးနိုင်ခြင်းနှင့် ပတ် သက်၍ လသာမြို့နယ်မှ မိုဘိုင်း ဖုန်းအရောင်းနှင့် ဆားဗစ်ကျွမ်း ကျင်သူ ကိုမင်းမင်းက  ”ဇန်နဝါရီ လထဲမှာ ဖုန်းရောင်းမယ် ဆိုပြီး ကတ်တွေ ပြန်သိမ်းတယ်။ ဒီလို အခြေအနေတွေကြောင့်ဆိုင်တွေ ကလည်း ဖုန်းတွေကို ဈေးလျှော့ ရောင်းတယ်။ ဟန်းဆက်အသစ် တွေတင်သွင်းတယ်။ အခု   ဈေးနှုန်း အသစ်ဖုန်းအကြောင်း ဘာမှမပြော ဘူး။ အရင်ကတ်တွေကို အရင်ဈေး နဲ့ ပြန်ရောင်းနေတယ်။ ဒါကြောင့် ဈေးကွက်သဘောအရဆိုရင်တော့ ဈေးနှုန်းအသစ်
ဖုန်းတွေ ဒီလထဲမှာ ရောင်းပေးနိုင်မယ့် အနေအထား မရှိနိုင်သေးဘူး ထင်ပါတယ်” ဟု သူ့အမြင်ကို ပြောသည်။ယင်းအပြင် မင်္ဂလာတောင် ညွန့်မြို့နယ်မှ ဟန်းဆက်တင် သွင်း သူ ကိုနေလင်းက လတ်တလော အနေအထားတွင် ဟန်းဆက် တင် သွင်းမှုကို ရပ်နားထားကြောင်း၊ ပထမအကြိမ် ဖုန်းထွက်မည့်သတင်း များ ထွက်ပေါ်လာသ ည့်အတွက် ဟန်းဆက် တင်သွင်းခဲ့သော်လည်း ဖုန်းများ ထွက်ပေါ်ခဲ့ခြင်း မရှိ၍ ငွေများပြန်လည်ပတ်မှု မရှိခဲ့ကြောင်း ဈေးကွက်သဘောအရ လက်ရှိအနေ အထားအရ ဖုန်းထွက်ပေါ်မည့် အချိန်မှာ ကြာနိုင်သေးကြောင်း ပြောသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးမှ ဒီဇင်ဘာလ၌ ပြန်လည် သိမ်းဆည်းခဲ့သည့် ကျပ် နှစ်သိန်း တန် ဖုန်းများကို မူရင်းဈေးနှုန်း အတိုင်း ရွှေဂုံတိုင် ဆက်သွယ်ရေး ရုံးနှင့် အလုံဆက်သွယ်ရေး ရုံးများ တွင် ပြန်လည်ရောင်းချလျက် ရှိ ကြောင်း သိရသည်။ ယင်းသို့ ပြောကြား ထားသော် လည်း လက်ရှိတွင် နှစ်သိန်းတန် ဖုန်းများ ပြန်လည်ရောင်းချခဲ့ပြီး ဈေးနှုန်းအသစ်ဖြင့် ရောင်းချမည့် ဖုန်းဈေးနှုန်းနှင့် ရောင်းချမည့် ရက် ကို ယနေ့အချိန်အထိ တစ်စုံတစ် ရာ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ သည့်အပြင် သတင်းအချက် အ လက်နှင့် ဆက်သွယ်ရေးဝန်ကြီး မှာလည်း ရာထူးမှ နုတ်ထွက်သွား သည့် အတွက် ကျပ်တစ် သိန်း ဝန်း ကျင် ဖုန်းသတင်းမှာ မရေမရာ အ နေအထားတွင် ရှိနေသည်။

PN-052

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ကျပ်တစ်သိန်းဝန်းကျင် မိုဘိုင်းဖုန်းများ ရောင်းချပေးမည့်အစီအစဉ်မှာ ကြန့်ကြာနိုင်ဖွယ်ရှိသည်ဟု ဈေးကွက်ကျွမ်းကျင်အချို့က သုံးသပ် သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ယခုလတွင် ကျပ်တစ်သိန်း ဝန်းကျင်ဖုန်းများအား ရောင်းချပေးမည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး ဈေး ကွက်အတွင်း ရောင်းချ နေသည့် ကျပ်နှစ်သိန်းတန်ဖုန်းများကို သိမ်းဆည်းခဲ့သော်လည်း လက်ရှိတွင် အဆိုပါကျပ်နှစ်သိန်းတန်ဖုန်းများကို ပြန်လည်ရောင်းချနေခြင်းကြောင့် ကျွမ်းကျင်သူများက အထက်ပါ အတိုင်းသုံးသပ်ခြင်း ဖြစ်သည်။ ဈေးနှုန်းအသစ် ဖုန်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး မှ အင်ဂျင် နီယာချုပ်တစ်ဦးက ”ဈေးနှုန်းသတ်မှတ်ထားပြီးပါပြီ။ အထက်ခွင့်ပြုချက်မရသေးလို့ ရောင်းမပေးသေး တာပါ။ ကျွန်တော်တို့အနေနဲ့ ဖုန်းရောင်းပေးဖို့အသင့်ရှိနေပါတယ်” ဟု ပြောသည်။ မြန်မာ့ဆက်သွယ်ရေး မှ ဖုန်းများမရောင်းချပေးနိုင်ခြင်းနှင့်ပတ်သက်၍ လသာမြို့နယ်မှမိုဘိုင်းဖုန်းအရောင်းနှင့် ဆားဗစ်ကျွမ်း ကျင်သူ ကိုမင်းမင်းက ”ဇန်နဝါရီလထဲမှာ ဖုန်းရောင်းမယ်ဆိုပြီးကတ်တွေ ပြန်သိမ်းတယ်။ ဒီလို အခြေ အနေတွေကြောင့်ဆိုင်တွေကလည်း ဖုန်းတွေကို ဈေးလျှော့ ရောင်းတယ်။ ဟန်းဆက်အသစ် တွေတင် သွင်းတယ်။ အခုဈေးနှုန်းအသစ်ဖုန်းအကြောင်းဘာမှမပြောဘူး။ အရင်ကတ်တွေကို အရင်ဈေး နဲ့ ပြန်ရောင်းနေတယ်။ ဒါကြောင့် ဈေးကွက်သဘောအရဆိုရင်တော့ ဈေးနှုန်းအသစ်ဖုန်းတွေ ဒီလ ထဲမှာ ရောင်းပေးနိုင်မယ့် အနေအထားမရှိနိုင်သေးဘူးထင်ပါတယ်” ဟု သူ့အမြင်ကိုပြောသည်။ ယင်းအပြင် မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဟန်းဆက်တင်သွင်းသူ ကိုနေလင်းက လတ်တလော အနေ အထားတွင် ဟန်းဆက်တင်သွင်းမှုကိုရပ်နားထားကြောင်း၊ ပထမအကြိမ်ဖုန်းထွက်မည့်သတင်းများ ထွက်ပေါ်လာသည့်အတွက် ဟန်းဆက်တင်သွင်းခဲ့သော်လည်း ဖုန်းများထွက်ပေါ်ခဲ့ခြင်းမရှိ၍ ငွေများပြန် လည်ပတ်မှု မရှိခဲ့ကြောင်း ဈေးကွက်သဘောအရ လက်ရှိအနေအထားအရ ဖုန်းထွက်ပေါ်မည့် အချိန်မှာ ကြာနိုင်သေးကြောင်း ပြောသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးမှ ဒီဇင်ဘာလ၌ ပြန်လည် သိမ်းဆည်းခဲ့သည့် ကျပ် နှစ်သိန်းတန်ဖုန်းများကို မူရင်းဈေးနှုန်းအတိုင်း ရွှေဂုံတိုင်ဆက်သွယ်ရေးရုံးနှင့် အလုံဆက်သွယ်ရေးရုံးများတွင် ပြန်လည်ရောင်းချလျက်ရှိ ကြောင်းသိရသည်။ ယင်းသို့ ပြောကြား ထားသော်လည်း လက်ရှိတွင် နှစ်သိန်းတန်ဖုန်းများ ပြန်လည်ရောင်းချခဲ့ပြီး ဈေးနှုန်းအသစ်ဖြင့် ရောင်းချ မည့် ဖုန်းဈေးနှုန်းနှင့် ရောင်းချမည့်ရက်ကို ယနေ့အချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ သည့်အပြင် သတင်းအချက် အ လက်နှင့် ဆက်သွယ်ရေးဝန်ကြီးမှာလည်း ရာထူးမှ နုတ်ထွက်သွားသည့် အတွက် ကျပ်တစ်သိန်းဝန်းကျင် ဖုန်းသတင်းမှာ မရေမရာ အ နေအထားတွင်ရှိနေသည်။

PN-052
 Popular Myanmar News Journal

No comments:

Post a Comment