Wednesday, January 23, 2013

မြေထဲ ပင်လယ်နှင့် အခြား ပင်လယ်များ အတွင်း အီရန် ရေတပ် စစ်သင်္ဘောများ ကင်းလှည့် မည်

မြေထဲ ပင်လယ်နှင့် အခြား ပင်လယ်များ အတွင်း အီရန် ရေတပ် စစ်သင်္ဘောများ ကင်းလှည့် မည်

အီရန် နိုင်ငံသည် ၎င်းတို့၏ ရေတပ် စစ်သင်္ဘော များကို မြေထဲ ပင်လယ်နှင့် အခြား ပင်လယ်များ အတွင်းသို့ တပ်ဖြန့်မည် ဖြစ်ကြောင်း ရေတပ်ဗိုလ်ချုပ် ဟာဘီဘိုလာ ဆေယာရီ က ပြောကြား ခဲ့သည်ဟု သိရသည်။

အီရန် နိုင်ငံ၏ အမှတ် (၂၄) ရေတပ်ဖွဲ့မှ စစ်သင်္ဘော များသည် အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်း၊ အေဒင် ပင်လယ်ကွေ့၊ ဘတ်အယ်လ်မန်းဒက်ဘ် ရေလက်ကြား၊ ပင်လယ်နီ၊ စူးအက် တူးမြောင်းနှင့် မြေထဲပင်လယ် ဒေသများသို့ သုံးလကြာ ကင်းလှည့် စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ပြီး အရှေ့တောင် အာရှ နိုင်ငံများသို့ သွားရောက်မည် ဖြစ်ကြောင်း ဆေယာရီ၏ ပြောကြားချက်ကို ကိုးကား၍ Press TV သတင်း ဌာနက ဖော်ပြခဲ့သည်။

အီရန် နိုင်ငံက မကြာမီ ကာလအတွင်း ပြုလုပ်ခဲ့သည့် Velayat-91 အမည်ရှိ ရေတပ်ဆိုင်ရာ စစ်ရေး လေ့ကျင့်မှုသည် နိုင်ငံ၏ စစ်ရေးစွမ်းအင် တိုးမြှင့်ရန်၊ ပင်လယ်ရေကြောင်း နယ်နိမိတ် များကို ကာကွယ်ရန်နှင့် ဒေသအတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ရည်ရွယ်၍ လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ဆေယာရီက ပြောကြားခဲ့သည်။

ယင်းစစ်ရေး လေ့ကျင့်မှုသည် အိုမန်ပင်လယ်၊ ဟော်မုဇ် ရေလက်ကြား၊ အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်း၊ အေဒင်ပင်လယ် ကွေ့နှင့် ဘတ်အယ်လ်မန်း ဒက်ဘ် ရေလက်ကြား ဒေသများ အတွင်း၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ
အီရန် နိုင်ငံသည် ၎င်းတို့၏ ရေတပ်စစ်သင်္ဘောများကို မြေထဲ ပင်လယ်နှင့် အခြားပင်လယ်များ အတွင်းသို့တပ်ဖြန့် မည် ဖြစ် ကြောင်း ရေတပ်ဗိုလ်ချုပ် ဟာဘီဘိုလာဆေယာရီ က ပြော ကြားခဲ့သည်ဟု သိရသည်။
အီရန် နိုင်ငံ၏ အမှတ် (၂၄) ရေတပ်ဖွဲ့မှ စစ်သင်္ဘောများသည် အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်း၊ အေဒင်ပင်လယ်ကွေ့၊ ဘတ်အယ်လ်မန်းဒက်ဘ် ရေလက်ကြား၊ ပင်လယ်နီ၊ စူးအက် တူးမြောင်းနှင့် မြေထဲပင်လယ် ဒေသများသို့ သုံးလကြာကင်းလှည့်စစ်ဆေးမှုများပြုလုပ်မည် ဖြစ်ပြီး အရှေ့တောင် အာရှ နိုင်ငံများသို့သွားရောက်မည် ဖြစ်ကြောင်း ဆေယာရီ၏ ပြောကြားချက်ကိုကိုးကား၍ Press TV သတင်း ဌာနက ဖော်ပြခဲ့သည်။

အီရန် နိုင်ငံက မကြာမီကာလအတွင်း ပြုလုပ်ခဲ့သည့် Velayat-91 အမည်ရှိ ရေတပ်ဆိုင်ရာ စစ်ရေး လေ့ကျင့်မှုသည် နိုင်ငံ၏ စစ်ရေးစွမ်းအင် တိုးမြှင့်ရန်၊ ပင်လယ်ရေကြောင်း နယ်နိမိတ် များကို ကာကွယ်ရန်နှင့် ဒေသအတွင်း ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန်ရည်ရွယ်၍ လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ဆေယာရီက ပြောကြားခဲ့သည်။

ယင်းစစ်ရေး လေ့ကျင့်မှုသည် အိုမန်ပင်လယ်၊ ဟော်မုဇ်ရေလက်ကြား၊ အိန္ဒိယသမုဒ္ဒရာ မြောက် ပိုင်း၊ အေဒင်ပင်လယ် ကွေ့နှင့် ဘတ်အယ်လ်မန်း ဒက်ဘ် ရေလက်ကြား ဒေသများအတွင်း၌ ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment