Tuesday, January 8, 2013

တစ်ပတ်အတွင်းလဂျားယန်တောင်ကြားရှိ ပွိုင့် ၇၇၁ စခန်းအပါအ၀င် စခန်းများစွာအား အစိုးရတပ်များမှ သိမ်းပိုက်ခဲ့

တစ်ပတ်အတွင်းလဂျားယန်တောင်ကြားရှိ ပွိုင့် ၇၇၁ စခန်းအပါအ၀င် စခန်းများစွာအား အစိုးရတပ်များမှ သိမ်းပိုက်ခဲ့
Tuesday, January 08, 2013

 KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အား သဘာဝတံတိုင်းအတားအဆီးသဖွယ်ကာရံထားသော လဂျားယန် တောင်ကြောရှိ ပွိုင့် ၇၇၁ စခန်းအပါအ၀င် KIA အခြေစိုက်စခန်းများအား ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်နေ့မှ စ၍ မြန်မာစစ်တပ်မှ ဆက်တိုက် သိမ်းယူခဲ့ကြောင်း လဂျားယန်စခန်းတွင် တာဝန်ကျနေသော မြန်မာစစ်တပ်မှ အရာရှိတစ်ဦးမှ ပြောကြားခဲ့သည်။ ယခုအခါ ပွိုင့် ၇၇၁ စခန်းအပါအ၀င် KIA ခံစစ်စခန်းတွေကို တပ်မတော်က ဆက်တိုက်ဆိုသလို သိမ်းပိုက်ခဲ့ပါတယ်။ လဂျားယန်ကြောကို ကောင်းကောင်းထိန်းထားနိုင်ပြီး ရဟတ်ယာဉ် တွေနဲ့ ရိက္ခာ၊ ခဲယမ်းတွေပို့နေပါပြီ။ မနေ့က လဂျားယန် စခန်းတောင်ဘက် မိုးလဲချောင်းရဲ့ တောင်ဘက် တောင်ကုန်းမှာရှိတဲ့ KIA  ခံစစ်စခန်းတွေအားလုံးကို ညနေစောင်းလောက်မှာ သိမ်းမိပါတယ်။ KIA တွေခုခံမှု သိပ်မရှိတော့ဘူး၊ တိုက်မလို့ လက်နက်ကြီး စပစ်တာနဲ့ စခန်းပေါ်ကဆင်းပြေးကြတာများပါတယ်ဟု ပြောဆို သွားသည်။ ယခုကဲ့သို့ KIA တပ်ဖွဲ့ဝင်များမှ ခုခံမှုကြီးကြီးမားမားမရှိဘဲ စခန်းစွန့်ခွာ ထွက်ပြေးနေမှု များကြောင့် ဌာနချုပ်လိုင်ဇာအား ၀န်းရံထားသော တောင်တန်းများအားလုံး ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ် လက်အတွင်းသို့ ကျရောက်ဖွယ်ရှိကြောင်းသိရှိရသည်။ KIA အဖွဲ့၏ ၀ါဒဖြန့် Facebook စာမျက်နှာများတွင် စစ်တပ်သည် KIAအား ဇန်န၀ါရီလ (၈)ရက်အထိ တိုက်၍ မနိုင်ပါက ဇန်န၀ါရီ(၉)ရက်နေ့မှ စ၍ လေယာဉ်ပေါ်မှ ဓါတုလက်နက်များနှင့် တိုက်ခိုက်သွားမည်ဟု ၀ါဒဖြန့်ထားသည်ကိုတွေ့ရှိရသည်။ ၎င်းဝါဒဖြန့်ချိမှုနှင့် ပတ်သက်၍ မြန်မာစစ်တပ်မှ အရာရှိကြီးတစ်ဦးက သူတို့တွေစခန်းက ထွက်ပြေးရင်အရှက်မရအောင် ကြိုပြီးပြောထားတဲ့ သဘောပါ။ ကျွန်တော်တို့တပ်မတော်မှာ ဓါတုလက်နက်သုံးတယ်ဆိုတာ ထုံးစံလဲမရှိပါဘူး။ သုံးလဲမသုံးပါဘူး ဟုပြောဆိုသွားသည်။

YN
KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အား သဘာဝတံ တိုင်းအတား အဆီး သဖွယ်ကာရံထားသော လဂျားယန် တောင်ကြောရှိ ပွိုင့် ၇၇၁ စခန်း အပါအ၀င် KIA အခြေစိုက်စခန်းများအား ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်နေ့မှ စ၍ မြန်မာစစ်တပ်မှ ဆက်တိုက် သိမ်းယူခဲ့ကြောင်း လဂျားယန်စခန်းတွင် တာဝန်ကျနေသော မြန်မာစစ်တပ်မှ အရာရှိတစ်ဦးမှ ပြောကြားခဲ့သည်။ ယခုအခါ ပွိုင့် ၇၇၁ စခန်းအပါအ၀င် KIA ခံစစ်စခန်းတွေကို တပ်မတော်က ဆက်တိုက်ဆိုသလို သိမ်းပိုက်ခဲ့ပါတယ်။ လဂျားယန်ကြော ကို ကောင်းကောင်း ထိန်းထားနိုင်ပြီး ရဟတ်ယာဉ် တွေနဲ့ ရိက္ခာ၊ ခဲယမ်းတွေ ပို့နေပါပြီ။ မနေ့က လဂျားယန် စခန်းတောင်ဘက် မိုးလဲချောင်းရဲ့ တောင်ဘက် တောင်ကုန်းမှာရှိတဲ့ KIA ခံစစ်စခန်းတွေအားလုံးကို ညနေစောင်းလောက်မှာ သိမ်းမိပါတယ်။ KIA တွေခုခံမှု သိပ်မရှိတော့ဘူး၊ တိုက်မလို့ လက်နက်ကြီး စပစ်တာနဲ့ စခန်းပေါ်ကဆင်းပြေးကြတာများပါတယ်ဟု ပြောဆို သွားသည်။ ယခုကဲ့သို့ KIA တပ်ဖွဲ့ဝင်များမှ ခုခံမှုကြီးကြီးမားမားမရှိဘဲ စခန်းစွန့်ခွာ ထွက်ပြေးနေမှု များကြောင့် ဌာနချုပ် လိုင်ဇာအား ၀န်းရံထားသော တောင်တန်းများအားလုံး ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ် လက်အတွင်း သို့ ကျရောက်ဖွယ်ရှိကြောင်းသိရှိရသည်။ KIA အဖွဲ့၏ ၀ါဒဖြန့် Facebook စာမျက်နှာများတွင် စစ်တပ်သည် KIAအား ဇန်န၀ါရီလ (၈)ရက်အထိ တိုက်၍ မနိုင်ပါက ဇန်န၀ါရီ(၉)ရက်နေ့မှ စ၍ လေယာဉ်ပေါ်မှ ဓါတုလက်နက်များနှင့် တိုက်ခိုက်သွားမည်ဟု ၀ါဒဖြန့်ထားသည်ကိုတွေ့ရှိရသည်။ ၎င်းဝါဒဖြန့်ချိမှုနှင့် ပတ်သက်၍ မြန်မာစစ်တပ်မှ အရာရှိကြီးတစ်ဦးက သူတို့တွေစခန်းက ထွက်ပြေးရင်အရှက်မရအောင် ကြိုပြီးပြောထားတဲ့ သဘောပါ။ ကျွန်တော်တို့တပ်မတော်မှာ ဓါတုလက်နက်သုံးတယ်ဆိုတာ ထုံးစံလဲ မရှိပါဘူး။ သုံးလဲမသုံးပါဘူး ဟုပြောဆိုသွားသည်။

YN


No comments:

Post a Comment