Saturday, January 5, 2013

ဖူးခက်ကျွန်းစု အနီး၌ တွေ့ရှိရသော ရိုဟင်ဂျာ ဒုက္ခသည် ၇၃ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်မည်


ဖူးခက်ကျွန်းစု အနီး၌ တွေ့ရှိရသော ရိုဟင်ဂျာ ဒုက္ခသည် ၇၃ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်မည်

ဖူးခက်ကျွန်းစု အနီး၌ တွေ့ရှိရသော ရိုဟင်ဂျာ ဒုက္ခသည် ၇၃ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင် သွားမည် ဖြစ်ကြောင်း ထိုင်းအရာရှိ များမှ ပြောကြား ခဲ့ပါသည်။

၎င်းတို့ အနေဖြင့် ခြေကုန်လက်ပန်း ကျခြင်းနှင့် ပင်လယ် အတွင်း၌ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ၎င်းတို့ မျှော်မှန်းထားသည့် မလေးရှား နိုင်ငံသို့ ဆက်လက် သွားရောက်နိုင်ခြင်း မရှိတော့ကြောင်း ရိုဟင်ဂျာ ဒုက္ခသည်များမှ ပြောကြား ခဲ့သည်ဟု ဖူးခက်ပြည်နယ် အုပ်ချုပ်ရေးမှူး Maitri Inthusut က ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ ကလေး ၁၂ ဦး အပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၇၃ ဦးအား လူဝင်မှု ကြီးကြပ်ရေး အဖွဲ့များ၏ အကူအညီဖြင့် ကုန်းလမ်း ခရီးမှ တစ်ဆင့် မြန်မာ နိုင်ငံသို့ ပြန်လည် ပို့ဆောင်သွားမည် ဖြစ်ကြောင်း Maitri က ပြောကြားခဲ့ ပါ သည်။ 

ထိုင်းအာဏာ ပိုင်များ အနေဖြင့် အဆိုပါ ဒုက္ခသည် များအား ဇန်နဝါရီလ ၁ ရက်နေ့တွင် ဆေးဝါးများ၊ အစား အစာများနှင့် လောင်စာများ ထောက်ပံ့ခဲ့ ခြင်းကြောင့် ၎င်းတို့ အနေဖြင့် မျှော်မှန်းထားသည့် ခရီးစဉ်အား ဆက်လက် သွားရောက်နိုင်မည် ဖြစ်ကြောင်း သိရှိရ ပါသည်။ ထိုင်းအစိုးရ၏ မူဝါဒမှာ အဆိုပါ ဒုက္ခသည် များအား လက်ခံခြင်း မပြုသော်လည်း တတိယ နိုင်ငံ တစ်နိုင်ငံသို့ ရောက်ရှိရေး အတွက် အကူအညီ အထောက် အပံ့များ ပေးသွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

http://www.myawady.net.mm/allnews/global/item/3660-2013-01-05-16-31-28ဖူးခက်ကျွန်းစု အနီး၌ တွေ့ရှိရသော ရိုဟင်ဂျာ ဒုက္ခသည် ၇၃ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင် သွားမည် ဖြစ်ကြောင်း ထိုင်းအရာရှိ များမှ ပြောကြား ခဲ့ပါသည်။ ၎င်းတို့ အနေဖြင့် ခြေကုန်လက်ပန်း ကျခြင်းနှင့် ပင်လယ် အတွင်း၌ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ၎င်းတို့ မျှော်မှန်းထားသည့် မလေးရှား နိုင်ငံသို့ ဆက်လက် သွားရောက်နိုင်ခြင်း မရှိတော့ကြောင်း ရိုဟင်ဂျာ ဒုက္ခသည်များမှ ပြောကြား ခဲ့သည်ဟု ဖူးခက်ပြည်နယ် အုပ်ချုပ်ရေးမှူး Maitri Inthusut က ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ ကလေး ၁၂ ဦး အပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၇၃ ဦးအား လူဝင်မှု ကြီးကြပ်ရေး အဖွဲ့များ၏ အကူအညီဖြင့် ကုန်းလမ်း ခရီးမှ တစ်ဆင့် မြန်မာ နိုင်ငံသို့ ပြန်လည် ပို့ဆောင်သွားမည် ဖြစ်ကြောင်း Maitri က ပြောကြားခဲ့ ပါ သည်။

ထိုင်းအာဏာ ပိုင်များ အနေဖြင့် အဆိုပါ ဒုက္ခသည် များအား ဇန်နဝါရီလ ၁ ရက်နေ့တွင် ဆေးဝါးများ၊ အစား အစာများနှင့် လောင်စာများ ထောက်ပံ့ခဲ့ ခြင်းကြောင့် ၎င်းတို့ အနေဖြင့် မျှော်မှန်းထားသည့် ခရီးစဉ်အား ဆက်လက် သွားရောက်နိုင်မည် ဖြစ်ကြောင်း သိရှိရ ပါသည်။ ထိုင်းအစိုးရ၏ မူဝါဒမှာ အဆိုပါ ဒုက္ခသည် များအား လက်ခံခြင်း မပြုသော်လည်း တတိယ နိုင်ငံ တစ်နိုင်ငံသို့ ရောက်ရှိရေး အတွက် အကူအညီ အထောက် အပံ့များ ပေးသွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

မြ၀တီ

No comments:

Post a Comment