ရထားတိုက်မှုများကြောင့် ၂၀၁၂ ခုနှစ်အတွင်း သေဆုံးသူဦးရေမှာ ဒဏ်ရာရသူဦးရေထက် ပိုများကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကသတင်း ထုတ်ပြန်သည်။တစ်နှစ်တာအတွင်း ရထားတိုက်မှု အကြိမ် ၁၅၀ ခန့် ဖြစ်ပွားခဲ့ရာမှသေဆုံးသူ ၈၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူ ၆၀ကျော် ရှိကာ အမျိုးသားဦးရေ ပိုများခဲ့သည်။
ဧပြီလအတွင်း ရထားတိုက် သေဆုံးမှုအများဆုံး ဖြစ်ပွားခဲ့ပြီး သုံးသပ်ချက်များအရ ညအချိန် ထက် နေ့ အချိန်တွင် ပို၍များပြားခဲ့သည်။
မီးရထားရဲတပ်ဖွဲ့အပိုင် နယ်မြေအတွင်း အများပြည်သူ လုံခြုံရေး အတွက် ဆောင်ရွက်နေသော် လည်း သောက်စားမူးယစ်ပြီး ရထားလမ်းပေါ် အိပ်နေခြင်း၊ ကျွဲ ၊ နွားများ ကျောင်းနေစဉ် အိပ်ပျော်နေခြင်း၊ ညအချိန်ရထားလမ်းပေါ်၌ စုံတွဲများချိန်းတွေ့နေစဉ် တိုက်မိသေဆုံးခြင်းများ အများ ဆုံးဖြစ်ပွား လျက် ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လွှင့်တင်ထားသည့် “ရဲဇာနည်” ဖေ့စ်ဘွတ်ခ် စာမျက်နှာ တွင် ဖော်ပြ ထားသည်။
ထို့အပြင် ရထားနှင့် ဆက်စပ်မှုခင်းများအဖြစ် ရထားစီးခရီးသည်များအား ခဲဖြင့်ပေါက်မှုများလည်းရှိနေပြီး၊ ခရီးသည်အား မိတ်ဖွဲ့ပြီး အရက်၊ အချိုရည်၊ လက်ဖက်ရည်တို့တွင် ဆေးခတ်တိုက်ကျွေးကာ ပစ္စည်းခိုး ယူမှု များလည်း ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
7Day News Journal
ရထားတိုက်မှုများကြောင့် ၂၀၁၂ ခုနှစ်အတွင်း သေဆုံးသူဦးရေမှာ ဒဏ်ရာရသူဦးရေထက် ပိုများကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကသတင်း ထုတ်ပြန်သည်။တစ်နှစ်တာအတွင်း ရထားတိုက်မှု အကြိမ် ၁၅၀ ခန့် ဖြစ်ပွားခဲ့ရာမှသေဆုံးသူ ၈၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူ ၆၀ကျော် ရှိကာ အမျိုးသားဦးရေ ပိုများခဲ့သည်။ဧပြီလအတွင်း ရထားတိုက် သေဆုံးမှုအများဆုံး ဖြစ်ပွားခဲ့ပြီး သုံးသပ်ချက်များအရ ညအချိန် ထက် နေ့ အချိန်တွင် ပို၍များပြားခဲ့သည်။
မီးရထားရဲတပ်ဖွဲ့အပိုင် နယ်မြေအတွင်း အများပြည်သူ လုံခြုံရေး အတွက် ဆောင်ရွက်နေသော် လည်း သောက်စားမူးယစ်ပြီး ရထားလမ်းပေါ် အိပ်နေခြင်း၊ ကျွဲ ၊ နွားများ ကျောင်းနေစဉ် အိပ်ပျော်နေခြင်း၊ ညအချိန်ရထားလမ်းပေါ်၌ စုံတွဲများချိန်းတွေ့နေစဉ် တိုက်မိသေဆုံးခြင်းများ အများ ဆုံးဖြစ်ပွား လျက် ရှိကြောင်
ထို့အပြင် ရထားနှင့် ဆက်စပ်မှုခင်းများအဖြစ် ရထားစီးခရီးသည်များအား ခဲဖြင့်ပေါက်မှုများလည်းရှိနေပြီ
7Day News Journal
No comments:
Post a Comment