Thursday, February 13, 2014

နားအိုကြီးအနီး ပရန်တိုင်းမှော်ကြားတွင် အစိုးရတပ်များနယ်မြေလုံခြုံရေး လုပ်ဆောင်စဉ် KIA နဲ့တိုက်ပွဲဖြစ်ရာ KIA ဘက်မှ အများအပြားကျဆုံး

Photo: နားအိုကြီးအနီး ပရန်တိုင်းမှော်ကြားတွင် အစိုးရတပ်များနယ်မြေလုံခြုံရေး လုပ်ဆောင်စဉ် KIA နဲ့တိုက်ပွဲဖြစ်ရာ KIA ဘက်မှ အများအပြားကျဆုံး
Thursday, February 13, 2014

ဗန်းမော်ခရိုင် မန်စီမြို့နယ် နားအိုကြီး အနီး ပရန်တိုင်းမှော်ကြား ဖေဖ၀ါရီလ ၇ ရက်နေ့တွင် အစိုးရတပ်နှင့် KIA တပ်ရင်း ၁၂ တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ အရာရှိ ၂ ဦး ကျဆုံးသည့်အပြင် အများအပြားဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

အစိုးရတပ်ဖြစ်သော ရွှေဂူတပ်ခြေမြန်တပ်ရင်း ၆၀၂ သည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် KIA တပ်ရင်း ၁၂ မှ ကြိုတင်စောင့်ပြီးတိုက်ခိုက်ရန် လှုပ်ရှားလာစဉ် နှစ်ဖက်တပ်များ မိနစ် ၃၀ ကျော်ကြာ ထိပ်တိုက် ပစ်ခတ်မှုဖြစ်ပွားကာ KIA မှ ဒုဗိုလ် နှင့် အရာခံဗိုလ် တို့ ၂ ဦး ကျဆုံးခဲ့သည့်အပြင် အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့သည်။ အစိုးရတပ်မှ ကျဆုံးမှုမရှိသော်လည်း ထိခိုက်ဒဏ်ရသူတော့ ရှိတယ်ဟု ကောင်ရွန်ရွာမှ ဒေသခံတစ်ဦးမှပြောသည်။

ယခုနောက်ပိုင်းတွင် အစိုးရတပ်မှာ နယ်မြေလုံခြုံရေးနှင့် တရားမဝင် သစ်မှောင်ခိုများကို စနစ်တကျ ရှင်းလင်းစဉ် KIA နဲ့ တိုက်ပွဲများဖြစ်ပွားကာ KIA ဘက်မှ အများအပြား ကျဆုံးမှုအပေါ် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်နှိမ့်ကျ မှုများရှိလာသည့် အပြင် လူသစ်စုဆောင်းခြင်းခံရသော KIA စစ်သားများမှာ စစ်တိုက်လိုသော စိတ်မရှိတာကြောင့် ဖြစ်တယ်ဟု KIA တပ်ရင်း ၁၂ အရာရှိက ပြောကြားခဲ့သည်။ 

ယခုချိန် KIA တပ်ရင်း ၃၄ ဒေသတွင် ရင်း ၃၄ နှင့် ပလောင် (TNLA) တပ်ဖွဲ့များ ပူးပေါင်းက အစိုးရတပ်အား တိုက်ခိုက်နေပြီ KIA တပ်ရင်း ၃၄ နဲ့ တပ်ရင်း ၁၂ သည် စစ်အင်အား ပြန်လည်တိုးမြင့်ကာ လှုပ်ရှားနေပြီး KIA တပ်ရင်း ၈ ဒေသနှင့် KIA တပ်မဟာ (၃) နယ်မြေတွင်လည်း အင်းအားများတိုးချဲ့ထားရှိသည်။

ဇော်ဆန်း

ကချင်ပြည်နယ် အမျိုးသား ပြန်လည်ထူထောင်ရေးအဖွဲ့
ဗန်းမော်ခရိုင် မန်စီမြို့နယ် နားအိုကြီး အနီး ပရန်တိုင်းမှော်ကြား ဖေဖ၀ါရီလ ၇ ရက်နေ့တွင် အစိုးရတပ်နှင့် KIA တပ်ရင်း ၁၂ တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ အရာရှိ ၂ ဦး ကျဆုံးသည့်အပြင် အများအပြားဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

အစိုးရတပ်ဖြစ်သော ရွှေဂူတပ်ခြေမြန်တပ်ရင်း ၆၀၂ သည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် KIA တပ်ရင်း ၁၂ မှ ကြို တင်စောင့်ပြီးတိုက်ခိုက်ရန် လှုပ်ရှားလာစဉ် နှစ်ဖက်တပ်များ မိနစ် ၃၀ ကျော်ကြာ ထိပ်တိုက် ပစ်ခတ်မှုဖြစ်ပွားကာ KIA မှ ဒုဗိုလ် နှင့် အရာခံဗိုလ် တို့ ၂ ဦး ကျဆုံးခဲ့သည့်အပြင် အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့သည်။ အစိုးရတပ်မှ ကျဆုံးမှုမရှိသော်လည်း ထိခိုက် ဒဏ်ရသူတော့ ရှိတယ်ဟု ကောင်ရွန်ရွာမှ ဒေသခံတစ်ဦးမှပြောသည်။

ယခုနောက်ပိုင်းတွင် အစိုးရတပ်မှာ နယ်မြေလုံခြုံရေးနှင့် တရားမဝင် သစ်မှောင်ခိုများကို စနစ်တကျ ရှင်းလင်းစဉ် KIA နဲ့ တိုက်ပွဲများဖြစ်ပွားကာ KIA ဘက်မှ အများအပြား ကျဆုံးမှုအပေါ် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်နှိမ့်ကျ မှုများရှိလာသည့် အပြင် လူသစ်စုဆောင်းခြင်းခံရသော KIA စစ်သားများမှာ စစ်တိုက်လိုသော စိတ်မရှိတာကြောင့် ဖြစ်တယ်ဟု KIA တပ်ရင်း ၁၂ အရာရှိက ပြောကြားခဲ့သည်။

ယခုချိန် KIA တပ်ရင်း ၃၄ ဒေသတွင် ရင်း ၃၄ နှင့် ပလောင် (TNLA) တပ်ဖွဲ့များ ပူးပေါင်းက အစိုးရတပ်အား တိုက်ခိုက်နေပြီ KIA တပ်ရင်း ၃၄ နဲ့ တပ်ရင်း ၁၂ သည် စစ်အင်အား ပြန်လည်တိုးမြင့်ကာ လှုပ်ရှားနေပြီး KIA တပ်ရင်း ၈ ဒေသနှင့် KIA တပ်မဟာ (၃) နယ်မြေတွင်လည်း အင်းအားများတိုးချဲ့ထားရှိသည်။

ဇော်ဆန်း

ကချင်ပြည်နယ် အမျိုးသား ပြန်လည်ထူထောင်ရေးအဖွဲ့

No comments:

Post a Comment