Thursday, January 3, 2013

အီရန် နိုင်ငံသည် အမေရိကန် နိုင်ငံမှ ပြဋ္ဌာန်းခဲ့မှု ဥပဒေ တစ်ရပ်အပေါ် ပြစ်တင်ပြောကြား

အီရန် နိုင်ငံသည် အမေရိကန် နိုင်ငံမှ ပြဋ္ဌာန်းခဲ့မှု ဥပဒေ တစ်ရပ်အပေါ် ပြစ်တင်ပြောကြား

အီရန် နိုင်ငံသည် လက်တင် အမေရိက နိုင်ငံများနှင့် ဆက်ဆံရေးအား ထိခိုက်စေသော ဥပဒေ တစ်ရပ်ကို အမေရိကန် နိုင်ငံမှ ပြဋ္ဌာန်းခဲ့မှု အပေါ် ဒေသတွင်း ကိစ္စများတွင် ဗြောင်ကျလွန်းသော ကြားဝင် စွက်ဖက်မှု တစ်ခုဖြစ်ကြောင်း ပြစ်တင်ပြောကြား ခဲ့ပါသည်။

အီရန် - လက်တင် အမေရိက နိုင်ငံများ ဆက်ဆံရေးတွင် ကြားဝင် စွက်ဖက်မှုသည် အမေရိကန် တို့အနေဖြင့် ကမ္ဘာ့ ဆက်ဆံရေးသစ်နှင့် ရင်းနှီး ကျွမ်းကျင်မှု မရှိသည်ဟု ဖော်ပြ နေခြင်းပင် ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ရာမင်းမက်မန် ပါရက်(စ)မှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ 

အမေရိကန် နိုင်ငံသည် စစ်အေးကာလ အခြေအနေ များအတိုင်း လုပ်ဆောင် လျက်ရှိကြောင်း၊ ယနေ့ကမ္ဘာရှိ နိုင်ငံများ၏ အခွင့်အလမ်းကို လေးစားသင့် ကြောင်းနှင့် ကမ္ဘာ့လူထုသည် အဆိုပါကဲ့သို့ ကြားဝင် စွက်ဖက်မှု မျိုးကို လက်မခံကြောင်း ရာမင်းမှ ထပ်လောင်း ပြောကြားခဲ့ ပါသည်။ 

အီရန် နိုင်ငံသည် နိုင်ငံအားလုံးနှင့် ဆက်ဆံရာတွင် အပြန်အလှန် လေးစားမှုနှင့် အကျိုးရှိ မှုများကို အခြေခံပြီး ရင်းနှီးပွင့်လင်းစွာ ဆက်ဆံလျက် ရှိကြောင်း ၎င်းမှ ပြောကြားခဲ့ ပါသည်။ အမေရိကန် နိုင်ငံသည် လက်တင် အမေရိက ဒေသတွင် အီရန် နိုင်ငံမှ လွှမ်းမိုးရန် ကြိုးပမ်းလာမှုကို တုံ့ပြန်သည့် အနေဖြင့် သံတမန်ရေးနှင့် နိုင်ငံရေး ဆိုင်ရာ မဟာဗျူဟာ တစ်ရပ်အဖြစ် ဥပဒေသစ် တစ်ခုကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြဋ္ဌာန်း ခဲ့ကြောင်း သိရှိရ ပါသည်။

http://www.myawady.net.mm/allnews/global/item/3436-2013-01-02-15-42-31

အီရန် နိုင်ငံသည် လက်တင် အမေရိက နိုင်ငံများနှင့် ဆက်ဆံရေးအား ထိခိုက်စေသော ဥပဒေတစ်ရပ်ကို အမေရိကန် နိုင်ငံမှ ပြဋ္ဌာန်းခဲ့မှု အပေါ်ဒေသတွင်း ကိစ္စများတွင် ဗြောင်ကျလွန်းသော ကြားဝင်စွက်ဖက်မှု တစ်ခုဖြစ်ကြောင်း ပြစ်တင်ပြောကြား ခဲ့ပါသည်။

အီရန် - လက်တင်အမေရိက နိုင်ငံများ ဆက်ဆံရေးတွင် ကြားဝင်စွက်ဖက်မှုသည် အမေရိကန် တို့အနေဖြင့် ကမ္ဘာ့ဆက်ဆံရေးသစ်နှင့် ရင်းနှီးကျွမ်းကျင်မှု မရှိသည်ဟု ဖော်ပြ နေခြင်းပင် ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ရာမင်းမက်မန် ပါရက်(စ)မှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။

အမေရိကန် နိုင်ငံသည် စစ်အေးကာလအခြေအနေများအတိုင်း လုပ်ဆောင်လျက်ရှိကြောင်း၊ ယနေ့ ကမ္ဘာရှိ နိုင်ငံများ၏ အခွင့်အလမ်းကို လေးစားသင့် ကြောင်းနှင့် ကမ္ဘာ့လူထုသည် အဆိုပါကဲ့သို့ ကြားဝင် စွက်ဖက်မှု မျိုးကို လက်မခံကြောင်း ရာမင်းမှ ထပ်လောင်း ပြောကြားခဲ့ ပါသည်။

အီရန်နိုင်ငံသည် နိုင်ငံအားလုံးနှင့်ဆက်ဆံရာတွင် အပြန်အလှန် လေးစားမှုနှင့် အကျိုးရှိ မှုများကို အခြေ ခံပြီး ရင်းနှီးပွင့်လင်းစွာ ဆက်ဆံလျက် ရှိကြောင်း ၎င်းမှ ပြောကြားခဲ့ ပါသည်။ အမေရိကန် နိုင်ငံသည် လက်တင် အမေရိက ဒေသတွင် အီရန် နိုင်ငံမှ လွှမ်းမိုးရန် ကြိုးပမ်းလာမှုကို တုံ့ပြန်သည့် အနေဖြင့် သံတမန်ရေးနှင့် နိုင်ငံရေးဆိုင်ရာ မဟာဗျူဟာတစ်ရပ်အဖြစ် ဥပဒေသစ်တစ်ခုကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြဋ္ဌာန်း ခဲ့ကြောင်း သိရှိရ ပါသည်။
From..မြ၀တီ

No comments:

Post a Comment