ရန်ကုန်မြို့တွင် ပထမဆုံးကျင်းပသော ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ
မာရသွန်ပြိုင်ပွဲ တွင် နိုင်ငံပေါင်း ၂၀မှ အပြေးသမား ၅၀၀ခန့်
ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ယင်းပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီမှ သိရ သည်။“အာဖရိက နဲ့ဥရောပနိုင်ငံတွေက အားကစားသမားတွေ လာရောက် ယှဉ်ပြိုင်
မှာပါ။ပြိုင်ပွဲဝင်ကြေးတွေအားလုံးကို ပရဟိတ အဖွဲ့အစည်း များကို
လှူဒါန်းပါမယ်” ဟု ကော်မတီဝင် တစ်ဦးဖြစ်သူဦးသိန်းဆွေ က ပြောသည်။
၎င်းပြိုင်ပွဲတွင် ၄၂ ကီလိုမီတာ ၊ ၁၀ ကီလိုမီတာ နှင့် ၃ ကီလိုမီတာ အပျော်တမ်း ပြိုင်ပွဲများပါဝင်မည်ဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင် လိုသူများ အနေဖြင့် ၀င်ကြေး ၅၀၀၀ ကျပ်ဖြင့် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်ရှိ ဂရမ်းမီးရထား ဟိုတယ်၌ စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။
၎င်းပြိုင်ပွဲအား ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် First Myanmar Investment ( FMI )တို့ပူးပေါင်းကာ ကျင်းပမည်ဖြစ်သည်။
နိုင်ငံတကာ မာရသွန်ပြိုင်ပွဲတွင် သတ်မှတ်ကီလိုမီတာများအလိုက် အမြင့်ဆုံးဆုကြေး ၂၅၀၀ ဒေါ်လာမှ အနိမ့်ဆုံး ၁၀၀ ဒေါ်လာအထိ သတ်မှတ်ထားကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီကပြောကြားသည်။
From : Popular Myanmar News Journal

No comments:
Post a Comment