Wednesday, January 23, 2013
လာမည့် ဧပြီ ၁ ရက်နေ့မှစ၍ ယာဉ်ရပ်နားခ ကောက်ခံခြင်း ရပ်ဆိုင်း၍ အခမဲ့ ယာဉ်ရပ်နားခွင့်ပြုမည်
Photo: လာမည့် ဧပြီ ၁ ရက်နေ့မှစ၍ ယာဉ်ရပ်နားခ ကောက်ခံခြင်း ရပ်ဆိုင်း၍ 
အခမဲ့ ယာဉ်ရပ်နားခွင့်ပြုမည်
Wednesday, January 23, 2013 
ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံခြင်းကို လာမည့် ဧပြီ ၁ ရက်မှစ၍ ရပ်ဆိုင်းသွားမည် ဖြစ်ပြီး အခမဲ့ ယာဉ်ရပ်နားခွင့်ပြုသွားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။
ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် ယာဉ်ရပ်နားဇုန်များ သတ်မှတ်၍ အဆိုပါဇုန်များအား ပုဂ္ဂလိက လုပ်ငန်းရှင်များက ယာဉ်ရပ်နားခ
ကောက်ခံနေခြင်း ဖြစ်ကြောင်း၊ ထိုသို့ ကောက်ခံရာတွင် တစ်နာရီ ကျပ် ၂၀၀ နှုန်း ကောက်ခံလျက်ရှိကြောင်း၊ သို့သော် လာမည့် ဧပြီ ၁ ရက်မှစ၍ ယင်းသို့ ကောက်ခံခြင်းကို ခွင့်မပြုတော့ဘဲ လုပ်ငန်းရှင်များထံမှ လုပ်ကိုင်ခွင့် လိုင်စင်များ ပြန်သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။
''၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်စတဲ့ ဧပြီ ၁ ရက်နေ့ကစပြီး ရန်ကုန်မြို့တွင်း လမ်းတွေမှာ ယာဉ်ရပ်နား ကောက်ခံခြင်း အစီအစဉ်ကို ရပ်ဆိုင်း
သွားမှာဖြစ်ပြီး အခမဲ့ ရပ်နားခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ကားရပ်တဲ့သူတွေ သက်သာအောင်လို့ အခုလို ကောက်ခံခြင်း ရပ်ဆိုင်းဖို့ စီစဉ်ခဲ့တာ
ဖြစ်ပါတယ်။ အခု ယာဉ်ရပ်နားခ ကောက်ခံတဲ့လုပ်ငန်း လုပ်ကိုင်နေသူ
တွေထံမှ လိုင်စင်ပြန်သိမ်းသွားမှာ ဖြစ်ပါတယ်။ အခမဲ့ ယာဉ်ရပ်နားခွင့်
ပြုတာနဲ့အတူ ယာဉ်ရပ်နားတဲ့သူတွေ စည်းကမ်းရှိဖို့လည်း လိုပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။
ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် ယာဉ်ရပ်နားခ ကောက်ခံခြင်းကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က တစ်ကြိမ် ရပ်နားခ ကျပ် ၁၀၀သာ
ပေးဆောင်ခဲ့ရသော်လည်း ၂၀၀၉ ခု နှစ် နောက်ပိုင်း တစ်နာရီ ကျပ် ၂၀၀ နှုန်းဖြင့် တိုးမြှင့်ကောက်ခံခဲ့ကြောင်း၊ တစ်နာရီကျော်ပါက ထပ်မံပေးဆောင်ရကြောင်း သိရသည်။
ယင်းသို့သော အခြေအနေများကြောင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်
အောက်တိုဘာက  ရန်ကုန်မြို့တွင်း အခမဲ့ယာဉ် ရပ်နားနိုင်သည့်
နေရာများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် (ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် 
(မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနရှေ့)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်
(သိမ်ဖြူလမ်းမီးပွိုင့်နှင့် ဗိုလ်တထောင် ဘုရားလမ်း မီးပွိုင့်ကြား)၊ ဗိုလ်တထောင်ဘုရားလမ်း (အနော်ရထားလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)၊ သိမ်ဖြူလမ်းမပေါ်(ဗိုလ်မင်းရောင်လမ်းနှင့် ဒေါ်သိန်းတင်လမ်းကြား)နှင့် အထက်ကြည့်မြင်တိုင်လမ်းမပေါ် (ဗားကရာလမ်းနှင့် ဟံသာဝတီ
လမ်းကြား)တို့ကို  ဆောင်ရွက်ပေးခဲ့သည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ လမ်းများပေါ်တွင် ယာဉ်ရပ်နားဇုန်များ သတ်မှတ်၍ ယာဉ်ရပ်နားခ ကောက်ခံလျက်ရှိသော ဇုန်နေရာ ၂၀ ကျော်ရှိသည်ဟု သိရသည်။
ရန်ကုန်မြို့တွင်း လက်ရှိယာဉ်ရပ်နားခများကောက်ခံနေသည့်  ယာဉ်ရပ်နားဇုန်အချို့
(၁)ဗိုလ်ချုပ်အောင်ဆန်းလမ်း(လမ်းမတော်နှင့် ရွှေတိဂုံဘုရားလမ်းကြား)
(၂) ဗိုလ်ချုပ်အောင်ဆန်းလမ်း(ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့)
(၃) ဗိုလ်ချုပ်အောင်ဆန်းလမ်း(ဆူးလေဘုရားလမ်းနှင့် ပန်းဆိုးတန်းလမ်းကြား)
(၄) အနော်ရထာလမ်း(ဗိုလ်မြတ်ထွန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းကြား)
(၅) အနော်ရထာလမ်း(သိမ်ဖြူလမ်းနှင့် ရွှေဘုံသာလမ်းကြား)
(၆) အနော်ရထာလမ်း(လေဟာပြင်နှင့် ယာဉ်ရပ်နားကွင်း)
(၇) အနော်ရထာလမ်း(ရွှေတိဂုံဘုရားလမ်းနှင့် လမ်းမတော်လမ်းကြား)
(၈) မဟာဗန္ဓုလလမ်း(မြို့တော်ခန်းမရှေ့)
(၉) မဟာဗန္ဓုလလမ်း(ဧမာနွေလဘုရားကျောင်းရှေ့)
(၁၀) ကုန်သည်လမ်း(ဗိုလ်အောင်ကျော်လမ်းနှင့် ပန်းဆိုးတန်းလမ်းကြား)
(၁၁) ကုန်သည်လမ်း(ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)
(၁၂) ကုန်သည်လမ်း(ဆူးလေဘုရာလမ်းနှင့် ကုန်ဈေးတန်းလမ်းကြား)
Eleven Media Group ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံခြင်းကိုလာမည့် ဧပြီ ၁ ရက်မှစ၍ ရပ်ဆိုင်းသွားမည် ဖြစ်ပြီး အခမဲ့ ယာဉ်ရပ်နားခွင့်ပြုသွားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။ ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် ယာဉ်ရပ်နားဇုန်များ သတ်မှတ်၍ အဆိုပါဇုန်များအား ပုဂ္ဂလိကလုပ်ငန်း ရှင်များက ယာဉ်ရပ်နားခ ကောက် ခံနေခြင်း ဖြစ်ကြောင်း ၊ ထိုသို့ ကောက်ခံရာတွင် တစ်နာရီ ကျပ် ၂၀၀ နှုန်း ကောက်ခံလျက်ရှိကြောင်း၊ သို့သော်လာမည့် ဧပြီ ၁ ရက်မှစ၍ ယင်းသို့ကောက်ခံခြင်းကို ခွင့်မပြုတော့ဘဲ လုပ်ငန်းရှင်များထံမှ လုပ်ကိုင်ခွင့်လိုင်စင် များ ပြန် သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။
''၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်စတဲ့ ဧပြီ ၁ ရက်နေ့ကစပြီး ရန်ကုန်မြို့တွင်း လမ်းတွေမှာယာဉ်ရပ်နား ကောက် ခံခြင်းအစီအစဉ်ကို ရပ်ဆိုင်းသွားမှာဖြစ်ပြီး အခမဲ့ ရပ်နားခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ကားရပ်တဲ့သူတွေ သက်သာအောင်လို့ အခုလို ကောက်ခံခြင်းရပ်ဆိုင်းဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အခု ယာဉ်ရပ် နားခ ကောက်ခံတဲ့လုပ်ငန်း လုပ်ကိုင်နေသူ တွေထံမှ လိုင်စင်ပြန်သိမ်းသွားမှာ ဖြစ်ပါတယ်။ အခမဲ့ ယာဉ်ရပ် နားခွင့် ပြုတာနဲ့အတူ ယာဉ်ရပ်နားတဲ့သူတွေ စည်းကမ်းရှိဖို့လည်း လိုပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။
ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် ယာဉ်ရပ်နားခ ကောက်ခံခြင်းကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က တစ်ကြိမ် ရပ်နားခ ကျပ် ၁၀၀သာ ပေးဆောင်ခဲ့ရသော်လည်း ၂၀၀၉ ခု နှစ် နောက်ပိုင်း တစ်နာရီ ကျပ် ၂၀၀ နှုန်းဖြင့် တိုးမြှင့်ကောက်ခံခဲ့ကြောင်း၊ တစ်နာရီကျော်ပါက ထပ်မံပေးဆောင်ရကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ လမ်းများပေါ်တွင် ယာဉ်ရပ်နားဇုန်များ သတ်မှတ်၍ ယာဉ်ရပ်နားခ ကောက်ခံလျက်ရှိသော ဇုန်နေရာ ၂၀ ကျော်ရှိသည်ဟု သိရသည်။
ရန်ကုန်မြို့တွင်း လက်ရှိယာဉ်ရပ်နားခများကောက်ခံနေသည့် ယာဉ်ရပ်နားဇုန်အချို့
(၁)ဗိုလ်ချုပ်အောင်ဆန်းလမ်း(လမ်းမတော်နှင့် ရွှေတိဂုံဘုရားလမ်းကြား)
(၂) ဗိုလ်ချုပ်အောင်ဆန်းလမ်း(ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့)
(၃) ဗိုလ်ချုပ်အောင်ဆန်းလမ်း(ဆူးလေဘုရားလမ်းနှင့် ပန်းဆိုးတန်းလမ်းကြား)
(၄) အနော်ရထာလမ်း(ဗိုလ်မြတ်ထွန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းကြား)
(၅) အနော်ရထာလမ်း(သိမ်ဖြူလမ်းနှင့် ရွှေဘုံသာလမ်းကြား)
(၆) အနော်ရထာလမ်း(လေဟာပြင်နှင့် ယာဉ်ရပ်နားကွင်း)
(၇) အနော်ရထာလမ်း(ရွှေတိဂုံဘုရားလမ်းနှင့် လမ်းမတော်လမ်းကြား)
(၈) မဟာဗန္ဓုလလမ်း(မြို့တော်ခန်းမရှေ့)
(၉) မဟာဗန္ဓုလလမ်း(ဧမာနွေလဘုရားကျောင်းရှေ့)
(၁၀) ကုန်သည်လမ်း(ဗိုလ်အောင်ကျော်လမ်းနှင့် ပန်းဆိုးတန်းလမ်းကြား)
(၁၁) ကုန်သည်လမ်း(ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)
(၁၂) ကုန်သည်လမ်း(ဆူးလေဘုရာလမ်းနှင့် ကုန်ဈေးတန်းလမ်းကြား)
From : Eleven Media Group
No comments:
Post a Comment