Monday, January 28, 2013

ရန်ကုန်မြို့တွင် နှစ် ၃၀ အတွင်း လူဦးရေ ၁၅ သန်းအထိရှိလာနိုင်

ရန်ကုန်မြို့၏ဧရိယာမှာလွန် ခဲ့သောနှစ်ပေါင်း (၂၀) တွင် စတုရန်းမိုင် (၈၀) သာရှိခဲ့သော် လည်း ယခုအခါစတုရန်းမိုင် (၃၀၆) အထိရှိလာပြီး သုံးဆမက တိုးလာကြောင်း၊ ရန်ကုန်မြို့၏ လက်ရှိသူဦးရေမှာတစ်နှစ်လျှင် (၂.၂၁) ဖြင့်တိုးနေခြင်းဖြစ်ပြီး ပြောင်းလဲလာသော ရန်ကုန်မြို့၏ 
စီးပွားရေးအခြေအနေ၊နိုင်ငံရေး အခြေအနေအရလာမည့်နှစ်ပေါင်း  (၃၀) အတွင်း ရန်ကုန်မြို့၏လူဦး ရေမှာ အများဆုံး ၁၅ သန်းအထိ ရှိလာနိုင်ကြောင်းကို မဟာမြို့ပြ ဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်းနှင့်    သက်ဆိုင်သည့်ပြည်သူများနှင့် ပထမအကြိမ်တွေ့ဆုံညှိနှိုင်းအစည်း   အဝေးတွင် မြို့ပြစီမံကိန်းအကြံ ပေးပညာရှင်ဒေါက်တာကျော်လတ် ကပြောသည်။
“မြို့ပြဒေသတွေမှာ လူဦးရေ တိုးလာတယ်။ အဓိကအချက်က တော့ တစ်ဧကကို လူတစ်ဦးမက ဖြစ်နေတဲ့အခြေအနေကနေလူဦး ရေတိုးလာတယ်။ လူဦးရေကစာ ဖြည်းဖြည်းတိုးလာပြီးတော့မြေယာ က မတိုးတဲ့အတွက်ကျေးလက်ဒေ  သတွေမှာ အလုပ်အကိုင်ရှားပါးပြီး  မြို့ပြဒေသတွေကို တက်လာကြ  တာဖြစ်ပါတယ်”ဟု ရှင်းပြသည်။
“ကျေးလက်ဒေသမှာနေတဲ့ လူဦးရေထက်မြို့ပြဒေသမှာနေတဲ့  လူဦးရေတိုးနှုန်းကအများကြီးမြင့် မားပြီးတော့ ၂၀၁၀၊၂၀၁၂ ခုနှစ် လောက်တုန်းက (၃၀ ရာခိုင်နှုန်း) လောက်ပဲမြို့ပြဒေသမှာနေခဲ့ကြ ပေမဲ့ဒီရာစုနှစ်ရဲ့အလယ်ဖြစ်တဲ့ (၂၀၅၀) ပြည့်နှစ်လောက်မှာ (၄၅ ရာခိုင်နှုန်း) အထိနေကြမယ်ဆိုတာ  ပေါ်လွင်ပါတယ်။ နောက်ပြီး ရန်ကုန်မြို့ရဲ့စီးပွားရေးအခြေအနေ၊   နိုင်ငံရေးအခြေအနေပြောင်းလဲလာ တာဖြစ်တဲ့အတွက်ကြောင့် နောင် ဘယ်လိုဆက်ပြီးတော့ တိုးသွား မလဲဆိုတာမျှော်မှန်းကြည့်ရင်အခု ကစပြီးနောင်နှစ်ပေါင်း (၃၀)၀န်း ကျင်လောက်မှာ ရန်ကုန်မြို့ရဲ့ လူဦးရေဟာ အနည်းဆုံး (၉) သန်း  မကဖြစ်ပြီးတော့ အများဆုံး (၁၄) သန်း (၁၅) သန်းလည်းရှိလာနိုင် ပါတယ်”ဟု ၎င်းကသုံးသပ်ပြော ကြားသည်။

ယဉ်ပပထွန်း
HotNewsJournal

No comments:

Post a Comment