Wednesday, January 23, 2013

နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေး မြို့နယ်၌ ရှေးဟောင်း သစ်ထွင်းလှေကြီး တွေ့ရှိ

နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေး မြို့နယ်၌ ရှေးဟောင်း သစ်ထွင်းလှေကြီး တွေ့ရှိ

နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ဝင်းတဲကူး အုပ်စုသစ် တောရွာ၏  အနောက်မြောက်ဘက် တစ်မိုင်ခန့် အကွာရှိ ချောင်းမ ငယ် ချောင်း၌ ရှေးဟောင်း သစ်ထွင်း လှေတစ်စင်း တွေ့ရှိကြောင်း သိရသည်။
ယခု တွေ့ရှိရသော သစ်ထွင်း လှေကြီးသည် လယ်ဝေးမြို့နယ် အနောက်ဘက် ၉ မိုင်ခန့် အကွာရှိ ဝင်းတဲကူး ကျေးရွာအုပ်စု သစ်တော ကျေးရွာ ၏ မြောက်ဘက် တစ်မိုင်ခန့် အကွာ အနောက် မြောက်ဘက်ရှိ ချောင်းမငယ် ချောင်းစပ် တောင်သူ ဦးမောင်ဌေး၏ ယာခင်းစပ် နေရာ၌ သဲများ ဖုံးလွှမ်းလျက် ရှိသည်ကို ဇန်နဝါရီ ၁၅ ရက် နံနက် ၇ နာရီက တောင်သူ ဦးမောင်ဌေးမှ သဲသောင်ခုံ ပေါ်တွင် ဆောင်းမြေပဲ စိုက်ပျိုးရန် မြေပြုပြင် ရာမှ တွေ့ရှိခြင်း    ဖြစ်သည်။

အဆိုပါ လှေကြီးကို ဝင်းတဲကူး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ သတင်း ပေးပို့ချက် အရ လယ်ဝေး မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန် ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ သစ်ထွင်းလှေ ကြီး၏ အလျားမှာ ၆၄ ပေ၊ လုံး ပတ် ၈ ပေ ၃ လက်မ၊ အကျယ် ၁ ပေ ၈ လက်မရှိပြီး သင်္ကန်း နက် သစ်အမျိုး အစားဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/local/item/5109-2013-01-23-10-02-06#.UP99Wu72usc
နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ဝင်းတဲကူးအုပ်စု သစ် တောရွာ၏ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ချောင်းမ ငယ် ချောင်း၌ ရှေးဟောင်း သစ်ထွင်း လှေတစ်စင်း တွေ့ရှိကြောင်း သိရသည်။
ယခု တွေ့ရှိရသောသစ်ထွင်းလှေကြီးသည် လယ်ဝေးမြို့နယ် အနောက်ဘက် ၉ မိုင်ခန့်အကွာရှိ ဝင်းတဲကူး ကျေးရွာအုပ်စုသစ်တော ကျေးရွာ၏ မြောက်ဘက်တစ်မိုင်ခန့်အကွာ အနောက်မြောက် ဘက် ရှိ ချောင်းမငယ် ချောင်းစပ် တောင်သူ ဦးမောင်ဌေး၏ ယာခင်းစပ် နေရာ၌ သဲများဖုံးလွှမ်းလျက်ရှိသည်ကို ဇန်နဝါရီ ၁၅ ရက် နံနက် ၇ နာရီက တောင်သူဦးမောင်ဌေးမှ သဲသောင်ခုံ ပေါ်တွင် ဆောင်းမြေပဲ စိုက်ပျိုး ရန် မြေပြုပြင်ရာမှ တွေ့ရှိခြင်း ဖြစ်သည်။

အဆိုပါ လှေကြီးကိုဝင်းတဲကူး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးစန်းဝင်းနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သတင်း ပေးပို့ချက်အရ လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာသစ်ထွင်းလှေကြီး၏ အလျားမှာ ၆၄ ပေ၊ လုံး ပတ် ၈ ပေ ၃ လက်မ၊ အကျယ် ၁ ပေ ၈ လက်မရှိပြီး သင်္ကန်းနက် သစ်အမျိုး အစားဖြစ်ကြောင်း သိရသည်။
မြ၀တီ


No comments:

Post a Comment