Saturday, January 19, 2013

မြန်မာနိုင်ငံမှ လုံးတီးဆန်တန်ချိန် ၇ သောင်း နှစ်စဉ်ဝယ်ယူရန် ကိုရီးယားကုမ္ပဏီတစ်ခု ကမ်းလှမ်း

Photo: မြန်မာနိုင်ငံမှ လုံးတီးဆန်တန်ချိန် ၇ သောင်း နှစ်စဉ်ဝယ်ယူရန် ကိုရီးယားကုမ္ပဏီတစ်ခု ကမ်းလှမ်း
Saturday , January 19, 2013

မြန်မာနိုင်ငံမှ လုံးတီးဆန်တန်ချိန် ၇ သောင်း နှစ်စဉ်ဝယ်ယူရန် ကိုရီးယားကုမ္ပဏီတစ်ခုက ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်းမှ သတင်းရရှိသည်။

ကိုးရီးယားနိုင်ငံမှ Samsung C&T ကုမ္ပဏီသည် မြန်မာနိုင်ငံမှ လုံးတီးဆန် ၀ယ်ယူတင်သွင်းလိုကြောင်း ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်လုံးတီးဆန် တန်ချိန် ၇ သောင်း ၀ယ်ယူတင်သွင်းလိုကြောင်း အဆိုပါကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်စဉ် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

ကိုးရီးယားနိုင်ငံမှ Samsung C&T ကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့ သည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်းက လာရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်း (MAPCO) နှင့် ပြည်ပသို့ ဆန်တင်ပို့သည့် ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

"ကိုရီးယားကုမ္ပဏီကနေ ဒီကလုံးတီးဆန် ၀ယ်ဖို့ကမ်းလှမ်းတာ
မြန်မာနိုင်ငံအတွက် ပြည်ပကိုတင်ပို့နိုင်တဲ့ ဈေးကွက်သစ်တစ်ခု ရရှိသလိုမျိုးပါပဲ။ တောင်သူတွေအတွက်လည်း စပါးဈေး ပိုမိုရရှိနိုင်ပါတယ်" ဟု မြန်မာနိုင်ငံ လယ်ယာစီးပွားအများပိုင် ကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ လုံးတီးဆန် ၀ယ်ယူတင်သွင်းလိုကြောင်း လာရောက်
ကမ်းလှမ်းခဲ့သည့် Samsung C&T ကုမ္ပဏီသည် ၁၉၃၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ၊ ကုန်သွယ်ရေး လုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြောင်း သိရသည်။ ကိုးရီးယား Samsung C&T ကုမ္ပဏီသည် နိုင်ငံရပ်ခြား တိုင်းပြည် ၅၀ တွင် ကုမ္ပဏီရုံးခွဲပေါင်း ၁၃၃ ရုံး ဖွင့်လှစ်ထားကြောင်း သိရှိရသည်။   

Eleven Media Group မြန်မာနိုင်ငံမှ လုံးတီးဆန်တန်ချိန် ၇ သောင်း နှစ်စဉ်ဝယ်ယူရန် ကိုရီးယားကုမ္ပဏီတစ်ခုက ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်းမှ သတင်းရရှိသည်။
ကိုးရီးယားနိုင်ငံမှ Samsung C&T ကုမ္ပဏီသည် မြန်မာနိုင်ငံမှ လုံးတီးဆန် ၀ယ်ယူတင်သွင်းလိုကြောင်း ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် လုံးတီးဆန် တန်ချိန် ၇ သောင်း ၀ယ်ယူတင်သွင်းလိုကြောင်း အဆိုပါကုမ္ပဏီမှ ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်စဉ် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

ကိုးရီးယားနိုင်ငံမှ Samsung C&T ကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့ သည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်းက လာရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်း (MAPCO) နှင့် ပြည်ပသို့ ဆန်တင်ပို့သည့် ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

"ကိုရီးယားကုမ္ပဏီကနေ ဒီကလုံးတီးဆန် ၀ယ်ဖို့ကမ်းလှမ်းတာ မြန်မာနိုင်ငံ အတွက် ပြည်ပကို တင်ပို့နိုင်တဲ့ ဈေးကွက်သစ် တစ်ခု ရရှိသလိုမျိုးပါပဲ။ တောင်သူတွေအတွက်လည်း စပါးဈေး ပိုမိုရရှိနိုင်ပါတယ်" ဟု မြန်မာနိုင်ငံ လယ်ယာစီးပွားအများပိုင် ကော်ပိုရေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ လုံးတီးဆန် ၀ယ်ယူတင်သွင်းလိုကြောင်း လာရောက်ကမ်းလှမ်းခဲ့သည့် Samsung C&T ကုမ္ပဏီသည် ၁၉၃၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ၊ ကုန်သွယ်ရေး လုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြောင်း သိရသည်။ ကိုးရီးယား Samsung C&T ကုမ္ပဏီသည် နိုင်ငံရပ်ခြား တိုင်းပြည် ၅၀ တွင် ကုမ္ပဏီရုံးခွဲပေါင်း ၁၃၃ ရုံး ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

From : Eleven Media Group

No comments:

Post a Comment