Thursday, January 24, 2013

မိုဘိုင်းဖုန်းချထားမည့် အစီအစဉ်မှာ ကွန်ရက်စနစ်ကြောင့် ဆိုင်းငံ့နေ

မိုဘိုင်းဖုန်းချထားမည့် အစီအစဉ်မှာ ကွန်ရက်စနစ်ကြောင့် ဆိုင်းငံ့နေ
Thursday, January 24, 2013

မိုဘိုင်းဖုန်းကွန်ရက်များတည်ငြိမ်ရန် ဦးစားပေးဆောင်ရွက်နေခြင်းကြောင့်
မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချပေးမည့်တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ်အစီအစဉ်မှာ ဆိုင်းငံ့နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးနည်း မိုဘိုင်းဖုန်းကတ်များအား  မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်း၊ ရတနာပုံတယ်လီပို့အပြင် အခြားပုဂ္ဂလိကကုမ္ပဏီများမှ ကျပ်တစ်သိန်းအောက်ဖြင့် စတင်ရောင်းချ ပေးမည်ဖြစ်ရာ ကွန်ရက်စနစ်အား ဦးစားပေးနေသောကြောင့် ယခုကဲ့သို့   နှောင့်နှေးနေခြင်းဖြစ် သည်။

လက်ရှိအချိန်တွင် မိုဘိုင်းဖုန်းဆင်းမ်ကတ်များ ရောင်းချမည့်နှုန်းထားကို သတ်မှတ်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြထားပြီး ဝန်ကြီးဌာနမှ ချမှတ်ပေးသော နှုန်းထားအတိုင်းသာ ရောင်းချပေးသွားမည် ဖြစ်သည်ဟု သိရသည်။

“တန်ဖိုးနည်းဖုန်းတွေ မချထားမီ မီဒီယာများက တစ်ဆင့် ဖိတ်ခေါ် အသိပေးသွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ၊ 
အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

၎င်းတန်ဖိုးနည်း ဖုန်းများမှာ ယခုလအတွင်း အမှန်တကယ်
ချထားပေးမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေခြင်း ဖြစ်သည်ဟု ၄င်းက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ 2G, 3G ဆင်းမ်ကတ် အရေအတွက် ၁ ဒသမ ၄ သန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပုဂ္ဂလိကကုမ္ပဏီ
 ၁၃ ခုနှင့် အကျိုးတူ ပူးပေါင်း၍ ရောင်းချပေးသွားမည် ဖြစ်သည်။

"ဒီမိုဘိုင်းကွန်ရက်တွေကို အကောင်းဆုံးဖြစ်အောင်တော့ လုပ်သင့်တယ်။ အဲဒီလိုဖြစ်အောင်လို့လည်း ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ လုပ်ဆောင်ပေးသင့်တယ်" ဟု မိုဘိုင်းဖုန်းအသုံးပြုသူ ကိုအောင်ဇော်က
ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ယခုအခါ မိုဘိုင်းဖုန်းကဏ္ဍအား လက်ရှိထက်များစွာ တိုးတက်မှု ရှိစေရန် အတွက် ပြည်တွင်း၊
ပြည်ပပုဂ္ဂလိကကုမ္ပဏီများအား  ယှဉ်ပြိုင်လုပ်ကိုင်စေမည်
ဖြစ်ကြောင်းကိုလည်း သိရသည်။ 

ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ဘတ်ဂျက်ကို မမှီခိုပဲ ဆက်သွယ်ရေးကဏ္ဍကို ကောင်းမွန်စေရန်   ဆောင်ရွက်သွားမည် ဖြစ်သည်။

ဥာဏ်ဥာဏ် (မြစ်မခ)
Myit Makha Mediagroup

မိုဘိုင်းဖုန်း ကွန်ရက်များတည်ငြိမ်ရန် ဦးစားပေးဆောင် ရွက်နေခြင်းကြောင့်မြန်မာ့ ဆက်သွယ်ရေး မှ ရောင်းချပေးမည့် တန်ဖိုး နည်း မိုဘိုင်းဆင်းမ်ကတ်အစီအစဉ်မှာ ဆိုင်းငံ့ နေခြင်းဖြစ်ကြောင်း သိရ သည်။အဆိုပါ တန်ဖိုးနည်း မိုဘိုင်းဖုန်းကတ်များအား မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့အပြင် အခြားပုဂ္ဂလိက ကုမ္ပဏီ များမှ ကျပ်တစ်သိန်းအောက်ဖြင့် စတင်ရောင်းချ ပေးမည်ဖြစ်ရာ
ကွန်ရက်စနစ်အား ဦးစားပေးနေသောကြောင့် ယခုကဲ့သို့ နှောင့်နှေးနေခြင်းဖြစ် သည်။

လက်ရှိအချိန်တွင် မိုဘိုင်းဖုန်းဆင်းမ်ကတ်များ ရောင်းချမည့်နှုန်းထားကို သတ်မှတ်၍ သက်ဆိုင်ရာ ဝန်ကြီး ဌာနသို့ တင်ပြထားပြီး ဝန်ကြီးဌာနမှ ချမှတ်ပေးသော နှုန်း ထားအတိုင်း သာ ရောင်း ချပေးသွား မည် ဖြစ် သည်ဟု သိရသည်။

“တန်ဖိုးနည်းဖုန်းတွေမချထားမီ မီဒီယာများကတစ်ဆင့် ဖိတ်ခေါ်အသိပေးသွားမှာပါ” ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ၊ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

၎င်းတန်ဖိုးနည်း ဖုန်းများမှာ ယခုလအတွင်း အမှန်တကယ်ချထားပေးမည်ဖြစ်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ကြန့်ကြာနေခြင်း ဖြစ်သည်ဟု ၄င်းကဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ 2G, 3G ဆင်းမ်ကတ် အရေအတွက် ၁ ဒသမ ၄ သန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပုဂ္ဂလိကကုမ္ပဏီ၁၃ ခုနှင့် အကျိုးတူ ပူးပေါင်း၍ ရောင်းချပေးသွားမည် ဖြစ်သည်။

"ဒီမိုဘိုင်းကွန်ရက်တွေကို အကောင်းဆုံးဖြစ်အောင်တော့ လုပ်သင့်တယ်။ အဲဒီလိုဖြစ်အောင်လို့လည်း ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ လုပ်ဆောင်ပေးသင့်တယ်" ဟု မိုဘိုင်းဖုန်းအသုံးပြုသူ ကိုအောင်ဇော် က ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ယခုအခါ မိုဘိုင်းဖုန်းကဏ္ဍအား လက်ရှိထက်များစွာ တိုးတက်မှု ရှိစေရန်အတွက် ပြည်တွင်း၊ပြည်ပပုဂ္ဂလိကကုမ္ပဏီများအား ယှဉ်ပြိုင်လုပ်ကိုင်စေမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ဘတ်ဂျက်ကိုမမှီခိုပဲ ဆက်သွယ်ရေးကဏ္ဍကို ကောင်းမွန်စေ ရန် ဆောင်ရွက်သွားမည် ဖြစ်သည်။


  (မြစ်မခ)

Myit Makha Mediagroup

No comments:

Post a Comment