Thursday, January 24, 2013

ပညာရေးချေးငွေ၊ ကျောင်းသားချေးငွေများကို အစိုးရနှင့် ပုဂ္ဂလိကဘဏ်များမှ ထုတ်ချေးပေးရန် တိုက်တွန်းသွားမည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးပြောကြား

ပညာရေးချေးငွေ၊ ကျောင်းသားချေးငွေများကို အစိုးရနှင့် ပုဂ္ဂလိကဘဏ်များမှ ထုတ်ချေးပေးရန် တိုက်တွန်းသွားမည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးပြောကြား 
Thursday, January 24, 2013
 
ပညာရေးချေးငွေနှင့် ကျောင်းသားချေးငွေများကို အစိုးရနှင့် ပုဂ္ဂလိက
ဘဏ်များမှ ထုတ်ချေးပေးရန် တိုက်တွန်းသွားမည်ဟု ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ
မောင်မောင်သိမ်းကပြောကြားခဲ့သည်။

မူဆယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်ဘိုးအောင်
မေးမြန်းသည့် ''မြန်မာနိုင်ငံရှိ အစိုးရနှင့် ပုဂ္ဂလိကဘဏ်များမှ ပညာရေးဆိုင်ရာ ချေးငွေများနှင့် ကျောင်းသား ချေးငွေများ(Education Loans and Student Loans)ကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေး
ပေးမည့် အစီအစဉ်ရှိ၊ မရှိ''မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ
မောင်မောင်သိမ်းက''နိုင်ငံတကာမှာတော့ပညာရေးချေးငွေနှင့် ကျောင်းသား
ချေးငွေများကို ပေးလျက်ရှိနေပါတယ်။ မြန်မာပြည်မှာရှိတဲ့ ဘဏ်တွေ
ကတော့ အစိုးရဘဏ်လေးဘဏ်၊ ပုဂ္ဂလိက ဘဏ် ၁၉ ဘဏ် ရှိပါတယ်။ အဲဒီဘဏ်တွေအားလုံးဟာ ကူးသန်းရောင်းဝယ်ရေး ဘဏ်တွေဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုဘဏ်တို့၊ဖွံ့ဖြိုးမှုဘဏ်တို့ကတော့ မြန်မာပြည်မှာ
လောလောဆယ် မရှိသေးပါဘူး။ မကြာခင်မှာတော့ ပေါ်ပေါက်လာစရာ အကြောင်းရှိပါတယ်။ ထို့အတွက်ကြောင့် လောလောဆယ်မှာတော့ ပညာရေးချေးငွေနဲ့ ကျောင်းသားချေးငွေများကို ပေးနိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။ သို့သော်လည်း ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှုဆိုတာ အနာဂတ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံတော်ရဲ့ အနာဂတ်လှပဖို့ အိပ်မက်လှလှ မက်နိုင်ဖို့အတွက်ပညာရေးချေးငွေတွေ၊
ကျောင်းသားချေးငွေတွေပေးဖို့ ဘဏ်များကို တိုက်တွန်းပေးသွားမှာ
ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။


Eleven Media Group
ဓာတ်ပုံ - Pyithu Hluttaw - ပြည်သူ့လွှတ်တော်
ပညာရေးချေးငွေနှင့် ကျောင်းသားချေးငွေများကို အစိုးရနှင့် ပုဂ္ဂလိက ဘဏ်များမှ ထုတ်ချေးပေးရန် တိုက်တွန်းသွားမည်ဟု ဇန်န၀ါရီလ ၂၃ ရက်နေ့တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက် တာ မောင်မောင်သိမ်းကပြောကြားခဲ့သည်

မူဆယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်ဘိုးအောင်မေးမြန်းသည့် ''မြန်မာနိုင်ငံရှိ အစိုးရနှင့် ပုဂ္ဂလိကဘဏ်များမှ ပညာရေးဆိုင်ရာ ချေးငွေများနှင့် ကျောင်းသား ချေးငွေများ(Education Loans and Student Loans)ကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးမည့် အစီအစဉ်ရှိ၊ မရှိ''မေးခွန်း အား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက''နိုင်ငံတကာမှာတော့ ပညာရေးချေးငွေနှင့် ကျောင်းသားချေးငွေများကို ပေးလျက်ရှိနေပါတယ်။ မြန်မာပြည်မှာရှိတဲ့ ဘဏ်တွေ ကတော့ အစိုးရဘဏ်လေးဘဏ်၊ ပုဂ္ဂလိကဘဏ် ၁၉ ဘဏ် ရှိပါတယ်။ အဲဒီဘဏ်တွေအားလုံးဟာ ကူး သန်းရောင်းဝယ်ရေး ဘဏ်တွေဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုဘဏ်တို့၊ ဖွံ့ဖြိုးမှုဘဏ်တို့ကတော့ မြန်မာပြည် မှာ လောလောဆယ်မရှိသေးပါဘူး။ မကြာခင်မှာတော့ ပေါ်ပေါက်လာစရာအကြောင်းရှိပါတယ်။ ထို့ အတွက်ကြောင့် လောလောဆယ်မှာတော့ ပညာရေးချေးငွေ နဲ့ ကျောင်း သားချေးငွေများကို ပေးနိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။ သို့သော်လည်းပညာရေးမှာ ရင်းနှီးမြှုပ်နှံမှုဆိုတာ အနာဂတ်မှာ ရင်းနှီးမြှုပ်နှံ မှုတွေ ဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံတော်ရဲ့ အနာဂတ်လှပဖို့ အိပ်မက်လှလှ မက်နိုင်ဖို့ အတွက် ပညာရေးချေးငွေတွေ၊ကျောင်းသားချေးငွေတွေပေးဖို့ ဘဏ်များကို တိုက်တွန်းပေးသွားမှာ ဖြစ် ပါကြောင်း တင်ပြအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။


Eleven Media Group
  ပြည်သူ့လွှတ်တော်

No comments:

Post a Comment