Monday, January 14, 2013

အုပ်စုလိုက်ကျင့်ကြံမှု အိန္ဒိမှာ ထပ်မံဖြစ်

အုပ်စုလိုက်ကျင့်ကြံမှု အိန္ဒိမှာ ထပ်မံဖြစ်
------------------------------------------
မကြာခင်က အိန္ဒိယ နယူးဒေလီမှာ ဖြစ်ပွားခဲ့တဲ့ ဆေးကျောင်းသူလေးတဦးကို အုပ်စုလိုက်ကျင့်ကြံမှုနဲ့ အလားတူတဲ့ အဖြစ်အပျက်တခု ပန်ဂျပ်ပြည်နယ် Gurdaspur ဒေသမှာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သောကြာနေ့မှာ ဘတ်စ်ကားတစီးမှာ ပါတဲ့ ခရီးသည် ၂၉ နှစ်အရွယ် အိမ်ထောင်ရှိ အမျိုးသမီးတဦး က အဲဒီအချိန်မှာ တဦးတည်းကျန်နေတဲ့ ခရီးသည်ဖြစ်နေပါတယ်။ ဘတ်စ်ကားဒရိုင်ဘာက မှတ်တိုင်မှာမရပ်ဘဲ ကျော်မောင်းသွားပြီး ဘတ်စ်ဒရိုင်ဘာနဲ့ ပါဝင်ကူညီသူ တယောက်က အဆိုပါ အမျိုးသမီးကို လိပ်စာဖော်မပြထားတဲ့ နေရာတခုကို ခေါ်သွားပြီး အဲဒီမှာ အခြားလူ ၅ ယောက်က ပူးပေါင်းပါဝင်ခဲ့ပြီး စုပေါင်းကျင့်ကြံခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ အကြမ်းဖက်သူထဲမှ ၆ ယောက်ကို ဖမ်းဆီးမိပြီး ကျန်တယောက်ကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။ (CNN, Jan 13, 2013)

မကြာခင်က အိန္ဒိယ နယူးဒေလီ မှာ ဖြစ်ပွား ခဲ့တဲ့ ဆေးကျောင်းသူလေး တဦးကို အုပ်စုလိုက်ကျင့်ကြံမှုနဲ့ အလားတူတဲ့ အဖြစ်အပျက်တခု ပန်ဂျပ်ပြည်နယ် Gurdaspur ဒေသမှာ ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ သောကြာနေ့မှာ ဘတ်စ်ကားတစီးမှာပါတဲ့ ခရီးသည် ၂၉ နှစ် အရွယ် အိမ်ထောင်ရှိအမျိုးသမီးတဦးက အဲဒီအချိန်မှာ တဦးတည်းကျန်နေတဲ့ ခရီးသည်ဖြစ်နေပါတယ်။ ဘတ်စ်ကားဒရိုင်ဘာက မှတ်တိုင်မှာမရပ်ဘဲ ကျော်မောင်းသွားပြီး ဘတ်စ်ဒရိုင်ဘာနဲ့ပါဝင်ကူညီသူ တယောက်က အဆိုပါ အမျိုးသမီးကို လိပ်စာဖော်မပြထားတဲ့ နေရာတခုကို ခေါ်သွားပြီး အဲဒီမှာအခြားလူ ၅ ယောက်က ပူးပေါင်းပါဝင်ခဲ့ပြီး စုပေါင်းကျင့်ကြံခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါအကြမ်းဖက်သူထဲမှ ၆ ယောက်ကို ဖမ်းဆီးမိပြီး ကျန်တယောက်ကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။ 

No comments:

Post a Comment