Thursday, January 24, 2013

မြန်မာနှင့်တရုတ် နယ်စပ် တည်ငြိမ်မှုရနေပြီဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောကြား

Photo: မြန်မာနှင့်တရုတ် နယ်စပ် တည်ငြိမ်မှုရနေပြီဟု တရုတ်နိုင်ငံခြားရေး
ဝန်ကြီးဌာန ပြောကြား
Thursday, January 24, 2013 

မြန်မာအစိုးရက နိုင်ငံမြောင်ပိုင်းရှိ ကချင်လွတ်မြောင်ရေး တပ်မတော် ကေအိုအေအား ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်ဆိုင်းမည်ဟု ကြေငြာ ပြီးနောက် မြန်မာနှင့် တရုတ်အကြား
နယ်စပ်တွင် တည်ငြိမ်မှုရနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

အထက်ပါ ပုဂ္ဂိုလ်က ယူနန်ပြည်နယ်အစိုးရသည် နယ်စပ်
ဒေသတွင် တရုတ်ပြည်နှင့် ၎င်းတို့၏ အကျိုးစီးပွားများကို
ကာကွယ်ရန် ဥပဒေ စည်း မျဉ်းများ ထုတ်ပြန်ဆောင်ရွက်ပြီး
ဖြစ်ကြောင်း ဆိုသည်။

၎င်းက “တရုတ်ဘက်အခြမ်းဟာ မြန်မာဘက် အခြေအနေကို သတိထား စောင့်ကြည့် နေပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးကိုလည်း တရုတ် - မြန်မာနယ်စပ်တလျှောက်မှာ တည်
ငြိမ်မှု ရဖို့ ဖြစ်နိုင်သမျှ အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်း ထားပါတယ်” ဟု ပြောကြားသည်။

ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လိုင်က အပစ်အခတ်ရပ်စဲရေးကို သက်ဆိုင်သူအဖွဲ့များအနေဖြင့် နည်းလမ်းရှာဖွေနိုင်မည်ဟု
မျှော်လင့်ပြီး ဆွေးနွေးပွဲ များ ပြုလုပ်ခြင်းမှာ မှန်ကန်သော
ဖြေရှင်းချက်ဖြစ်ကြောင်း ဆိုသည်။

မစ္စတာဟောင်၏ ယခုမှတ်ချက်သည် ရန်ကုန်သို့ တရုတ်အစိုးရ အထူးကိုယ်စားလှယ် ဖူယင်း သွားရောက်ကာ မြန်မာသမ္မတ ဥိးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

တရုတ်နှင့် မြန်မာသည် နှစ်နိုင်ငံနယ်စပ်အရှည် ၂,၂၀၀ ကီလိုမီတာ ထိစပ်နေပြီး နယ်စပ်ဒေသတလျှောက်တွင် နှစ်နိုင်ငံ ပြည်သူများမှာ နီးကပ်စွာ နေထိုင်နေကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဟောင်က ဆိုသည်။

REF: Peopledaily
The Myanma Age မြန်မာအစိုးရက နိုင်ငံမြောင်ပိုင်းရှိ ကချင်လွတ်မြောင်ရေး တပ်မတော် ကေအိုင်အေအား ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်ဆိုင်း မည်ဟု ကြေငြာပြီးနောက် မြန်မာနှင့် တရုတ်အကြားနယ်စပ်တွင် တည်ငြိမ်မှုရနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။ အထက်ပါ ပုဂ္ဂိုလ်က ယူနန်ပြည်နယ်အစိုးရသည် နယ်စပ်ဒေသတွင် တရုတ်ပြည်နှင့် ၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်ရန်ဥပဒေစည်းမျဉ်းများ ထုတ်ပြန်ဆောင်ရွက်ပြီး ဖြစ်ကြောင်းဆိုသည်။

၎င်းက “တရုတ်ဘက်အခြမ်းဟာ မြန်မာဘက်အခြေအနေကို သတိထား စောင့်ကြည့် နေပါတယ်။ သက် ဆိုင်ရာအဖွဲ့အစည်း အားလုံးကိုလည်း တရုတ် - မြန်မာနယ်စပ်တလျှောက်မှာတည်ငြိမ်မှုရဖို့ ဖြစ်နိုင်သမျှ အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်း ထားပါတယ်” ဟု ပြောကြားသည်။

ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လိုင်က အပစ်အခတ်ရပ်စဲရေးကို သက်ဆိုင်သူအဖွဲ့များအနေဖြင့် နည်းလမ်း ရှာဖွေနိုင်မည်ဟု မျှော်လင့်ပြီး ဆွေးနွေးပွဲများပြုလုပ်ခြင်းမှာ မှန်ကန်သောဖြေရှင်းချက်ဖြစ်ကြောင်း ဆိုသည်။

မစ္စတာဟောင်၏ ယခုမှတ်ချက်သည် ရန်ကုန်သို့ တရုတ်အစိုးရ အထူးကိုယ်စားလှယ် ဖူယင်းသွားရောက် ကာ မြန်မာသမ္မတ ဥိးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

တရုတ်နှင့် မြန်မာသည် နှစ်နိုင်ငံနယ်စပ်အရှည် ၂,၂၀၀ ကီလိုမီတာ ထိစပ်နေပြီး နယ်စပ်ဒေသ တလျှောက် တွင် နှစ်နိုင်ငံ ပြည်သူများမှာ နီးကပ်စွာ နေထိုင်နေကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဟောင်ကဆိုသည်။

From : The Myanma Age

No comments:

Post a Comment