Wednesday, January 23, 2013

စစ်ပွဲများ ဖြစ်ပွားနေသော်လည်း KIA အဖွဲ့မှ သစ်များခိုးထုတ်နေ

စစ်ပွဲများ ဖြစ်ပွားနေသော်လည်း KIA အဖွဲ့မှ သစ်များခိုးထုတ်နေ
==========================================
ရွှေကူ၊ ဇန်န၀ါရီလ(၂၃)
       ကေအိုင်အေတပ်နှင့် အစိုးရတပ်တို့သည် ယခင်နှစ်၊ ဇွန်လကတည်းက တိုက်ပွဲများ ဖြစ်ပွားနေပြီး ကချင်ပြည်နယ်မှ ပြည်သူများ စစ်ပွဲ၏ ဒဏ်ကို ခံစားနေကြရသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြိမ်ကြိမ် ဆွေးနွေးခဲ့ သော်လည်း တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေပါသည်။ စစ်ပွဲများ ဖြစ်ပွား ပြင်းထန်နေသော်လည်း KIA မှ ကချင်ပြည်နယ်အနှံ့တွင် သစ်များကို ယခင်ကထက် ပိုမိုထုတ်ပြီး ကားကြီးကားငယ်ဖြင့် နေ့စဉ်(၁၅)စီး ခန့်ဖြင့် ရွှေကူ-ဗန်းမော်လမ်းကို အသုံးပြုပြီး မန်စီ (၇)မိုင်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းချလျက် ရှိကြောင်း သိရှိရသည်။

 သစ်သယ်ဆောင်သော လမ်းကြောင်းတစ်လျောက်တွင် ကေအိုင်အေ မှ လက်နက်များဖြင့် စောင့်ဆိုင်း နေပြီး စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။ ကေအိုင်အေမှ တိုက်များ ဖြစ်ပွားနေသည့်အတွက် စစ်အသုံးစရိတ် အတွက် လိုအပ်သော ငွေကိုကချင်ပြည်နယ်မှ သယံဇာတများကို ထုတ်ယူပြီး ပြည်လည်ဖြည့်တင်း လျက်ရှိ ကြောင်းသိရှိရသည်။ ကေအိုင်အေမှ ကချင် ပြည်နယ်တိုးတက်ရေးအတွက် ပြုလုပ်မည်ဟု ကြွေးကြော်နေ သော်လည်း ကချင်ပြည်နယ်မှသယံဇာတများကို သူတို့ကိုယ်ကျိုး ကောင်းစားဖို့ အတွက် အသုံးပြုခြင်းနဲ့ ကချင်ပြည်သူတွေကို နှိပ်စက်ဖို့ အတွက် လက်နက် ၀ယ်ယူဖို့ အတွက် အသုံးချနေကြောင်း ရွှေကူးမှ ဒေသခံ တစ်ဦး၏ပြောပြချက် အရ သိရှိရသည်။
ကေအိုင်အေတပ်နှင့် အစိုးရတပ်တို့သည် ယခင်နှစ်၊ ဇွန်လကတည်းက တိုက်ပွဲများ ဖြစ်ပွားနေပြီး ကချင်ပြည်နယ်မှ ပြည်သူများ စစ်ပွဲ၏ ဒဏ်ကို ခံစားနေကြရသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြိမ် ကြိမ် ဆွေးနွေး ခဲ့သော်လည်း တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေပါသည်။ စစ်ပွဲ များ ဖြစ်ပွား ပြင်းထန်နေသော်လည်း KIA မှ ကချင်ပြည်နယ်အနှံ့တွင်သစ်များကို ယခင်ကထက် ပိုမိုထုတ်ပြီး ကားကြီးကားငယ်ဖြင့် နေ့စဉ်(၁၅)စီး ခန့်ဖြင့် ရွှေကူ-ဗန်းမော်လမ်းကို အသုံးပြုပြီး မန်စီ (၇) မိုင် မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းချလျက် ရှိကြောင်း သိရှိရသည်။

သစ်သယ်ဆောင်သော လမ်းကြောင်းတစ်လျောက်တွင် ကေအိုင်အေမှ လက်နက်များဖြင့် စောင့် ဆိုင်း နေပြီးစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။ ကေအိုင်အေမှတိုက်များ ဖြစ်ပွားနေသည့်အတွက် စစ် အသုံးစရိတ်အတွက် လိုအပ်သောငွေကိုကချင်ပြည်နယ်မှ သယံဇာတများကိုထုတ်ယူပြီး ပြည်လည်ဖြည့် တင်းလျက်ရှိကြောင်းသိရှိရသည်။ ကေအိုင်အေမှ ကချင် ပြည်နယ်တိုးတက်ရေးအတွက် ပြုလုပ်မည် ဟု ကြွေးကြော်နေ သော်လည်း ကချင်ပြည်နယ်မှသယံဇာတများကို သူတို့ကိုယ်ကျိုး ကောင်းစားဖို့ အတွက် အသုံးပြုခြင်းနဲ့ ကချင်ပြည်သူတွေကို နှိပ်စက်ဖို့အတွက် လက်နက်ဝယ်ယူဖို့အတွက် အသုံး ချနေကြောင်း ရွှေကူးမှ ဒေသခံတစ်ဦး၏ပြောပြချက်အရသိရှိရသည်။
Kachin Daily News
 

No comments:

Post a Comment