Sunday, January 20, 2013

အစိုးရမှ KIA နှင့် ပတ်သက်ပြီးငြိမ်း ချမ်းရေးဆွေးနွေးရန်ကြေငြာ အပြီး ၂ ရက်အတွင်း ရှေ့တန်းစစ်ဆင်ရေး နယ်မြေမှ နောက်တန်း သို့ပြန်ဝင် လာသည့် အစိုးရ တပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက် ခံရ

Photo: အစိုးရမှ KIA နှင့်ပတ်သက်ပြီးငြိမ်းချမ်းရေးဆွေးနွေးရန်ကြေငြာအပြီး ၂ ရက်အတွင်း ရှေ့တန်းစစ်ဆင်ရေးနယ်မြေမှ နောက်တန်းသို့ပြန်ဝင်လာသည့် အစိုးရတပ်ဖွဲ့ဝင်များမိုင်းဆွဲတိုက်ခိုက်ခံရ

Sunday, January 20, 2013

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ကေအိုင်အိုဥက္ကဌ ဦးဇောင်းဟရား ထံကို တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးအတွက် ကမ်းလှမ်းစာပေးပို့ပြီး ၂၄နာရီအတွင်း ကချင်ပြည်နယ် ရှေ့တန်းစစ်ဆင်ရေးနယ်မြေမှ မံစီမြို့သို့ပြန်လည်ဝင်ရောက်လာသည့် အစိုးရတပ်ဖွဲ့ဝင်များအားဇန်န၀ါရီလ ၁၉ ရက် ည ၈နာရီခန့်က ကချင်ပြည်နယ်မံစီမြိုအနီးတွင် KIA အဖွဲမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် နှစ်ဦးသေဆုံးပြီး သုံးဦးဒါဏ်ရာရှိခဲ့ကြောင်း မံစီမြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှတာဝန်ရှိသူတစ်ဦးမှပြောဆိုခဲ့သည်။

အစိုးရမှ KIO အဖွဲ့နှင့်အပစ်အခတ်ရပ်စဲပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ရန်အတွက် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင်ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ကာ နိုင်ငံတော်သမ္မတဦးသိန်းစိန်မှလည်း ကေအိုင်အိုအဖွဲ့သို့ ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ဆက်လက် ကမ်းလှမ်းထားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက KIO အဖွဲ့နှင့်တွေ့ဆုံညှိနှိုင်း ဆွေးနွေးရေးအတွက်

ကမ်းလှမ်းသည့်စာကို KIO ဥက္ကဌ ဦးဇောင်းဟရား ထံသို့ လိပ်မူပြီုး ဇန်န၀ါရီလ ၁၉ ရက်တွင်  စာတစ်စောင်ပေးပို့ထားကြောင်းလည်းသိရှိရသည်။

အစိုးရမှ KIO အဖွဲ့နှင့်အပစ်အခတ်ရပ်စဲပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ရန်အတွက် ကြေငြာချက် ထုတ်ပြန်အပြီး တွင်ဇန်နဝါရီလ ၁၉ ရက်နေ့နံနက် ၄နာရ်ီမှ ကိုးနာရီ အထိ ဖားကန့်မြို့နယ် ကာမိုင်းရဲစခန်းကို ကေအိုင်အေ တပ်ဖွဲ့ဝင် များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့သဖြင့်

ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံး ပြီး အဆောက်အဦများအားမီ၇ှိ့ဖျက်ဆီးသွားကြောင်းသိရှိရသည်။ ထို့ပြင်၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင်  ဗန်းမော်- လွယ်ဂျယ်ကားလမ်း မိုင်တိုင် ၂၇တွင်  ခရီးသည်တင်ကားများ အား KIA အဖွဲ့မှကြီးကြပ်မိုင်း သုံးလုံးဖြင့် တိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရ၇ှိသည်။

ဌေးဝင်း(ဗန်းမော်)
ပည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ က ကေအိုင်အိုဥက္ကဌ ဦးဇောင်းဟရား ထံကို တွေ့ဆုံညှိနှိုင်းဆွေးနွေးရေး အတွက် ကမ်းလှမ်းစာပေးပို့ပြီး ၂၄နာရီအတွင်း ကချင်ပြည် နယ် ရှေ့တန်း စစ်ဆင်ရေးနယ်မြေမှ မံစီမြို့သို့ပြန်လည်ဝင်ရောက် လာသည့် အစိုးရတပ်ဖွဲ့ဝင် များအား ဇန်န၀ါရီလ ၁၉ ရက် ည ၈နာရီခန့်က ကချင်ပြည်နယ်မံစီမြိုအနီးတွင် KIA အဖွဲမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် နှစ်ဦးသေဆုံးပြီး သုံးဦးဒါဏ်ရာ ရရှိခဲ့ကြောင်း မံစီမြို့နယ် အုပ်ချုပ်ရေးမှုးရုံးမှ တာဝန်ရှိသူ တစ်ဦးမှပြောဆိုခဲ့သည်။

အစိုးရမှ KIO အဖွဲ့နှင့်အပစ်အခတ်ရပ်စဲပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ရန်အတွက် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင်ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ကာ နိုင်ငံတော် သမ္မတဦးသိန်းစိန် မှလည်း ကေအိုင်အို အဖွဲ့သို့ ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ ဆက်လက်ကမ်းလှမ်းထားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖ်ာဆောင်ရေး လုပ်ငန်းကော်မတီက KIO အဖွဲ့နှင့်တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးရေးအတွက် ကမ်းလှမ်းသည့်စာကို KIO ဥက္ကဌ ဦးဇောင်းဟရား ထံသို့ လိပ်မူပြီုး ဇန်န၀ါရီလ ၁၉ ရက်တွင် စာတစ်စောင်ပေးပို့ထားကြောင်းလည်းသိရှိရသည်။

အစိုးရမှ KIO အဖွဲ့နှင့်အပစ်အခတ်ရပ်စဲပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ရန်အတွက် ကြေငြာချက် ထုတ်ပြန်အပြီး တွင်ဇန်နဝါရီလ ၁၉ ရက်နေ့နံနက် ၄နာရ်ီမှ ကိုးနာရီအထိ ဖားကန့်မြို့နယ် ကာမိုင်း ရဲစခန်းကို ကေအိုင်အေ တပ်ဖွဲ့ဝင် များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံး ပြီး အဆောက်အဦများအားမီ၇ှိ့ဖျက်ဆီးသွားကြောင်းသိရှိရသည်။ ထို့ပြင်၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ် တွင် ဗန်းမော်- လွယ်ဂျယ်ကားလမ်း မိုင်တိုင် ၂၇တွင် ခရီးသည်တင်ကားများ အား KIA အဖွဲ့မှကြီးကြပ်မိုင်း သုံးလုံးဖြင့် တိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရ၇ှိသည်။
ဌေးဝင်း(ဗန်းမော်)
Related posts:

No comments:

Post a Comment