Sunday, January 6, 2013

စစ်သွေးကြွ KIA ခေါင်းဆောင်များကြောင့် ကချင်ပြည်နယ်ငြိမ်းချမ်းရေးအလှမ်းဝေးနေ


ကချင်ပြည်နယ်အတွင်းတိုက်ပွဲကာလကြာရှည်လာသည်နှင့်အမျှ စစ်ဘေးဒုက္ခသည်များ၊ တိုက်ပွဲတွင်ကျဆုံး သူများ၊ ထိခိုက်ဒဏ်ရာရရှိသူများတစ်နေ့တစ်ခြားများပြားလာခဲ့သည်။ တိုက်ပွဲဖြစ်ပွားချိန်မှစတင်ပြီး အစိုးရမှ ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့သော်လည်း စစ်သွေးကြွနေသော KIA ခေါင်းဆောင်များမှ လက်မခံ ခဲ့ပေ။ နိုင်ငံတော်သမ္မတမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအား အလေးထားသဖြင့် တပ်မတော်မှ စတင်ပြီးထိုး စစ်မဆင်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း အမိန့်ပေးထားခဲ့သော်လည်း ၎င်းကို
အခွင့်ကောင်းယူကာ KIA အဖွဲ့သည် တပ်မတော်စစ်ကြောင်းများ၊ အင်အားနည်းသောတပ်စခန်းများသို့ ၀င်ရောက်စီးနင်းတိုက် ခိုက်ခဲ့သော်လည်း တပ်မတော်မှ တန်ပြန်ထိုးစစ်မဆင်ခဲ့ပါ။
KIA အဖွဲ့အနေဖြင့် အစိုးရ၏ကမ်းလှမ်းချက်များကို အလေးမထားသည့်အပြင် ဆွေးနွေးပွဲအား မတက် ရောက်ခြင်း၊ ဆွေးနွေးပွဲအတွင်းမဖြစ်နိုင်သောတောင်းဆိုချက်များကို တောင်းဆိုခြင်းစသော နည်းလမ်းများ ဖြင့် ပျက်ရယ်ပြုခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေချိန်တွင် KIO အဖွဲ့မှ မြို့ပြ အုပ်ချုပ်ရေးအဖွဲ့ အာဏာကျဆင်းလာ ပြီး KIA အဖွဲ့အာဏာရလာသည်။ စစ်ပွဲကာလအတွင်း ဆက်ကြေးများ ပိုမိုကောက်ခံ လာနိုင်ခြင်းကြောင့် လည်း KIA ခေါင်းဆောင်များပိုမိုချမ်းသာကြွယ်ဝလာသည်။ စစ်ပွဲကာလ အတွင်းရရှိ လာသော အာဏာနှင့် စည်းစိမ်များအားယစ်မူးပြီး KIA ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးဆွေးနွေး ပွဲများကို ပျက်ပြားအောင် ဆောင်ရွက်ခဲ့သည်။
စစ်ပွဲစတင်ဖြစ်ပွားချိန်မှစတင်ပြီး အစိုးရတပ်များမလာနိုင်အောင် ရည်ရွယ်ချက်ဖြင့် ပြည်သူပိုင်လမ်းများတံ တားများဖျက်ဆီးခဲ့သည်။ သို့သော် အကျိုးဆက်မှာ ကချင်ပြည်သူများဒုက္ခရောက်ရသည်။ လမ်းပန်းဆက် သွယ်ရေးခက်ခဲသဖြင့် စားနပ်ရိက္ခာများရှားပါးလာပြီး ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့ရသည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဒေသခံများအား လိုင်ဇာမြို့အတွင်း အတင်းပြောင်းရွှေ့ခိုင်းခဲ့ပြီး စစ်ဘေးဒုက္ခ သည်များပိုမိုများပြားလာကြောင်း အစိုးရဆန့်ကျင်ရေးမီဒီယာများမှ တစ်ဆင့်လိမ်လည်ဖော်ပြခဲ့ကြသည်။
KIA အဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များအပြင် တိုက်ပွဲအားအကြောင်းပြ၍ ဆက်ကြေးများအား မတရား တောင်းခံခြင်း၊ လူသစ်စုဆောင်းပြီးအင်အားတိုးပွားစေရန်ဆောင်ရွက်ခြင်းစသော လူ့အခွင့် အရေး ချိုးဖောက် မှုများလည်းဆောင်ရွက်ခဲ့သည်။ တိုက်ပွဲကာလအတွင်း KIA ခေါင်းဆောင်ကြီးများသည် KIA ပိုင် လိုင်ဇာဟို တယ်ကြီးတွင် စည်းစိမ်ခံစားနေကြသော်လည်း လက်အောက်ခံတပ်ဖွဲ့များမှ မသေရုံတမယ် ရိက္ခာဖြင့် အသက်ရင်းပြီး အစိုးရတပ်များအား တိုက်ခိုက်ခဲ့ကြရသည်။
KIA ခေါင်းဆောင်ကြီးများသည် ကောက်ခံရရှိသော ဆက်ကြေးများဖြင့် တရုတ်ပြည်တွင် အိမ်ယာများဝယ် ယူထားပြီး လိုင်ဇာမြို့အားအစိုးရတပ်များဝင်ရောက်တိုက်ခိုက်ပါက တိမ်းရှောင်နိုင်ရန်ပြင်ဆင် ထား ရှိကြောင်း သိရသည်။ သို့သော် တပ်မတော်၏စနစ်တကျတိုက်ခိုက်မှုကြောင့် စခန်းဆုတ်ခွာ ထွက်ပြေး လာရပါက သေဒဏ်ပေးမည်ဟု အမိန့်ထုတ်ပြန်ထားသည်။ လိုင်ဇာ ပတ်ဝန်းကျင်ရှိ စခန်းများရှိ ကချင် လူမျိုးများအား လိုင်ဇာ မြို့အတွင်းပြောင်းရွှေ့ထားပြီး ရဲဘော်သစ်များနှင့် ရှမ်းလူမျိုးများအား ၎င်းနေရာ များတွင် အစားထိုးထား ကြောင်း လိုင်ဇာမြို့ခံများက ပြောကြားခဲ့သည်။ ယခင်လိုင်ဇာရှိ ဒုက္ခသည်များ အားလည်း လိုင်ဇာမြို့ပတ် လည်သို့ ပြောင်းရွှေ့နေရာချထားပြီး ဒုက္ခသည်များနှင့် ကာကွယ်ထားသည်။ KIA ခေါင်းဆောင်များသည် ရက်စက်ကြမ်းကြုတ်သောစိတ်သဘောထားများရှိပြီး အတ္တကြီးမား သူများဖြစ်ကြသည်။ KIA အဖွဲ့ဝင်များအများစုမှာ ငြိမ်းချမ်းရေးကို လိုလားကြသော်လည်း KIA ခေါင်းဆောင်ကြီးများကြောင့် ငြိမ်းချမ်းရေးကို ယခု ထက်တိုင်မရရှိဘဲဖြစ်နေပါသည်။ ထို့ကြောင့် ကချင်ပြည်နယ်သာယာအေးချမ်းစေရန် ကချင်ပြည်သူများ ဒုက္ခတွင်းမှ ကယ်တင်နိုင်ရန် KIA ခေါင်းဆောင် ကြီးများ၏ စိတ်သွေးကြွစိတ်ဓာတ်များကို ပြုပြင်ပြောင်း လဲရန် လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။

No comments:

Post a Comment