Thursday, January 10, 2013

KNU အဖွဲ့မှ ရွာသားများအား ရိုက်နှက်ညှဉ်းပန်း

Photo: KNU အဖွဲ့မှ ရွာသားများအား ရိုက်နှက်ညှဉ်းပန်း
Thursday, January 10, 2013

ဇန်န၀ါရီလ ၈ ရက်နေ့ နံနက် ၉ နာရီခန့်အချိန်၊ ပဲခူးတိုင်းဒေသကြီး၊
ကျောက်ကြီးမြို့နယ်၊ ကော့ပြင်းကျေးရွာအနီးရှိ မြေနီကုန်းတွင် KNUမှ တပ်ခွဲမှူး ဖိုးကျော်နှင့်အဖွဲ့သည် အရက်သေစာ သောက်စားမူးယစ်ပြီး  မုန်းဒေသမှ ၀ါးလာ ခုတ်သူဒေသခံပြည်သူများအား ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မုန်းဒေသရှိ ကျေးရွာများမှ ရွာသား ၁၀၀ ခန့်နှင့် လှည်းအစီး
 ၅၀ ခန့်သည် အဆိုပါ ကော့ပြင်းကျေးရွာအနီးတွင် ထင်းခုတ်၊ ၀ါးခုတ်၊ ကြိမ်ခုတ်ပြီး ပြန်လာကြောင်း၊ ၄င်းတို့ ပြန်လာစဉ် လှည်းအစီး ၅၀ အား KNUအဖွဲ့မှ တပ်မဟာ(၃) လက်အောက်ခံ၊ တပ်ရင်း(၈) တပ်ခွဲမှူး ဖိုးကျော်မှ သေနတ်ပြ ခြိမ်းခြောက်ရပ်တန့်စေပြီး လှည်းများပေါ်တွင် ရွာသားများအားမှောက်စေ၍ ပျဉ်းကတိုးအပင်ပေါက်များဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ ထို့အပြင်လှည်းတစ်စီးလျှင် လူတစ်ဦးနှုန်းဖြင့် ဖမ်းဆီးခေါ်ဆောင်သွားရာ စုစုပေါင်း  လူ ၅၀ ခန့် ဖမ်းဆီးခံရကြောင်း သိရှိရပါသည်။ 

အဆိုပါ KNU အဖွဲ့၏ ရိုက်နှက်မှုကြောင့် ရွာသား ၁၆ ဦးခန့် မုန်းတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံနေရကြောင်း သတင်းရရှိပါသည်။ 

KNU အဖွဲ့မှ ၄င်းတို့အား အသိပေးခြင်းမရှိပဲ ၀ါးလာခုတ်သဖြင့် ရိုက်နှက်ခြင်းဖြစ်ကြောင်း၊ ရိုက်နှက်ချိန်တွင် KNU အဖွဲ့ဝင်များ အရက်သေစာ သောက်စားထားပြီး လူမှန်းမသိအောင် မူးယစ်
နေကြကြောင်းနှင့် ဖမ်းဆီးခေါ်ဆောင် သွားသူများအား ဒဏ်ပေးသည့်
အနေဖြင့် ၄င်းတို့၏ မရမ်းပင်စခန်းတွင် တောင်ယာခုတ်ထွင်ရှင်းလင်းရန်
ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

အမေ့အိမ် ဇန်န၀ါရီလ ၈ ရက်နေ့ နံနက် ၉ နာရီခန့်အချိန်၊ ပဲခူးတိုင်းဒေသကြီး ၊  ကျောက်ကြီးမြို့နယ်၊ ကော့ပြင်းကျေးရွာအနီးရှိ မြေနီကုန်းတွင် KNU မှ တပ်ခွဲမှူး ဖိုးကျော်နှင့်အဖွဲ့သည် အရက်သေ စာ သောက်စား မူး ယစ်ပြီး မုန်းဒေသမှ ၀ါးလာခုတ်သူဒေသခံပြည်သူများအား ရိုက်နှက် ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မုန်းဒေသရှိ ကျေးရွာများမှ ရွာသား ၁၀၀ ခန့်နှင့် လှည်းအစီး၅၀ ခန့်သည် အဆို ပါ ကော့ပြင်းကျေးရွာအနီးတွင် ထင်းခုတ်၊ ၀ါးခုတ်၊ ကြိမ်ခုတ်ပြီး ပြန်လာကြောင်း၊ ၄င်းတို့ ပြန်လာစဉ် လှည်း အစီး ၅၀ အား KNUအဖွဲ့မှ တပ်မဟာ(၃) လက်အောက်ခံ၊ တပ်ရင်း(၈) တပ်ခွဲမှူး ဖိုးကျော်မှ သေနတ်ပြ ခြိမ်းခြောက်ရပ်တန့်စေပြီး လှည်းများပေါ်တွင် ရွာသားများအားမှောက်စေ၍ ပျဉ်းကတိုးအပင်ပေါက်များဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ ထို့အပြင်လှည်းတစ်စီးလျှင် လူတစ်ဦးနှုန်းဖြင့် ဖမ်းဆီးခေါ်ဆောင်သွားရာ စုစုပေါင်း လူ ၅၀ ခန့် ဖမ်းဆီးခံရကြောင်း သိရှိရပါသည်။

အဆိုပါ KNU အဖွဲ့၏ ရိုက်နှက်မှုကြောင့် ရွာသား ၁၆ ဦးခန့် မုန်းတိုက် နယ်ဆေးရုံတွင် ဆေးကုသမှု ခံနေ ရကြောင်း သတင်း ရရှိပါသည်။

KNU အဖွဲ့မှ ၄င်းတို့အား အသိပေးခြင်းမရှိပဲ ၀ါးလာခုတ်သဖြင့် ရိုက်နှက်ခြင်းဖြစ်ကြောင်း၊ ရိုက်နှက်ချိန်တွင် KNU အဖွဲ့ဝင်များ အရက်သေစာ သောက်စားထားပြီး လူမှန်းမသိအောင် မူးယစ်နေကြကြောင်းနှင့် ဖမ်းဆီးခေါ်ဆောင် သွားသူများအား ဒဏ်ပေးသည့်အနေဖြင့် ၄င်းတို့၏ မရမ်းပင်စခန်း တွင် တောင် ယာခုတ်ထွင် ရှင်းလင်းရန်ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

အမေ့အိမ်

No comments:

Post a Comment