Friday, February 22, 2013

စံ-ဇာဏီဘို ဟောစာတမ်း မိုဘိုင်းဖုန်းများတွင် ဖတ်နိုင်ပြီ


စံ-ဇာဏီဘို၏ ယခုနှစ် ဗေဒင်ဟောစာတမ်း Application ကို မိုဘိုင်းဖုန်း များတွင် ထည့်သွင်းဖတ်ရှုနိုင်ပြီဖြစ်သည်။
အဆိုပါဗေဒင် Application များကို Android ဖုန်းများတွင် သုံးစွဲနိုင် ရန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။


''ဈေးကွက်ထဲမှာရှိတဲ့ ဗေဒင် Application တွေလို မဟုတ်ပါဘူး။ ဆရာစံ-ဇာဏီဘို ကိုယ်တိုင်ရေးသား တွက်ချက်မှုများအတိုင်း စီစဉ်ပေးထားတာပါ။ ဆရာကိုယ်တိုင် လည်း တရားဝင်ခွင့်ပြုပေးထားပါတယ်''ဟု Technomation မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗေဒင်တွက်ချက်မည်ဆိုပါက တွက်ချက်သူ၏ အမည်၊ လက်ရှိ ရောက်နေ သည့်အသက်နှင့် မွေးနေ့များကို ထည့်သွင်းပေးရုံဖြင့် အလိုအလျောက် တွက်ချက်ပေးသွား မည်ဖြစ်ပြီး ယတြာများကိုပါ ထည့်သွင်းပေး ထားကြောင်း ၄င်းက ဆက်လက်ပြောသည်။

''၁၂ ရာသီဗေဒင်၊ အချစ်ဗေဒင်နဲ့ ကံအကျိုးပေးဆိုပြီး အဓိက ကဏ္ဍ သုံးပိုင်းမှာ ၁၂ ရာသီ ဗေဒင်ကို အနောက်တိုင်းရာသီခွင် တစ်ခုချင်းအလိုက် တစ်ပတ်စာ အသေးစိတ် ဟောကိန်း များ ပါဝင်မှာပါ။ ရာသီခွင် တစ်ခုချင်း မှာလည်း လူမှုရေး၊ ပညာရေး၊ အချစ်ရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍခွဲပေါင်း ကိုးခုထည့်သွင်း ပေးထားပါတယ်''ဟု ၄င်းက ဆက်ပြောသည်။

လက်ရှိတွင် စံ-ဇာဏီဘိုဗေဒင် Application များကို လူကြီးမင်း၊ Mr.fone, ovi suite,Mobile king,AMT, Win Mobile World ဆိုင်များတွင် တရား ဝင် ရောင်းချပေးလျက်ရှိပြီး ထည့်သွင်းမည်ဆိုပါက ကျပ် ၂၅ဝဝ ကျသင့် မည်ဖြစ်ကြောင်း Android အပြင် i Phone, i Pad, ios ဖုန်းများကိုလည်း App Store မှ ရောင်းချပေးသွားရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။

PN-052
popular

No comments:

Post a Comment