Sunday, February 3, 2013

ပြည်ထောင်စု ၀န်ကြီးတွေ မီဒီယာတွေကို ဘာတွေ ပြောလဲ

ပြည်ထောင်စုဝန်ကြီးများနှင့် မီဒီယာများ တွေ့ဆုံပွဲကို နေပြည်တော်ရှိ စက်မှုဝန်ကြီးရုံးတွင် ဖေဖေါ်ဝါရီ ၃ ရက် နေ့ နေ့လည် ၁ နာရီက စတင်ပြုလုပ်ခဲ့ကြပါတယ်။


 ရန်ကုန်မြို့တွ င်အကောင်အထည်ဖော်ေ ဆာင်ရွက်မည့် တန်ဖိုးနည်းအိမ်ရာများကို ကျပ် ၁၈၅ သိန်းနှင့် သိန်း ၂၀၀ ကြားတွင်ရောင်းချမည်ဖြစ်ပြီး ၁၈ထပ်အမြင့်ရှိတိုက်များကြောင်း၊ ရန်ကုန်မြို့ဒဂုံဆိပ်ကမ်း တွင်အကောင်ထည်ဖော်နေသည့် တန်ဖိုးနည်းအိမ်ရာများအားလုံးပြီးစီးပါက အခန်းပေါင်း ၁၉၀၀၀ ကျော် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင်ပြောပါတယ်။ 


  “ မြန်မာနိုင်ငံက တရုတ်ကိုကြွေးမြီဒေါ်လာသန်း ၃၃၀၀ကျော်ဆပ်ဖို့ရှိနေပါတယ်။ ဒါပေမယ့် ၈၈ နောက်ပိုင်း ယူထားတဲ့ ကြွေးမြီဖြစ်တာကြောင့် လက်တလောမှာတော့ ဆပ်စရာမလိုသေးဘူး။” ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က ယနေ့ နေ့လည် ၁ နာရီ တွင် နေပြည်တော်စက်မှုဝန်ကြီးရုံးတွင် သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင်ပြောသွားတာပါ။


“ ၁၉၈၈ မတိုင်မီနဲ့ ၈၈နောက်ပိုင်းမှာပြည်ပအဖွဲ့အစည်းဖြစ်တဲ့ World Bank, ADB , Paris Club ကိုဆပ်ဖို့ အကြွေးမြီသန်း ၉၆၀၀ ကျော်ရှိနေပါတယ်။ ကျွန်တော်တို့၈၈နောက်ပိုင်းမှာ တရုတ်နိုင်ငံဆီက ကြွေးမြီ အများ ဆုံးယူထားရပါတယ်။” ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က ထပ်ပြောတာပါ။


No comments:

Post a Comment