Sunday, March 10, 2013

မြန်မာ- အမေရိကန် ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ် များနှင့် လယ်ယာကဏ္ဍ ပြုပြင် ပြောင်းလဲရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အမေရိကန် ကုမ္ပဏီများ လာရောက် ရင်းနှီး မြှုပ်နှံရေး ဆိုင်ရာ ကိစ္စရပ်များ ရင်းနှီးစွာ ဆွေးနွေး

မြန်မာ- အမေရိကန် ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ် များနှင့် လယ်ယာကဏ္ဍ ပြုပြင် ပြောင်းလဲရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အမေရိကန် ကုမ္ပဏီများ လာရောက် ရင်းနှီး မြှုပ်နှံရေး ဆိုင်ရာ ကိစ္စရပ်များ ရင်းနှီးစွာ ဆွေးနွေး
နေပြည်တော် မတ် ၈
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းသည် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ (USAID) အုပ်ချုပ်ရေးမှူး Dr. Rajeev Janardan Shah ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ယနေ့နံနက် ၁ဝ နာရီတွင် လက်ခံ တွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာ၌ မြန်မာ- အမေရိကန် ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ် များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ အတွင်း လက်ရှိ ဆောင်ရွက်နေသော အရပ်ဘက် လူမှု အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ၊ ကျန်းမာရေး ကဏ္ဍနှင့် စပ်လျဉ်း၍ HIV, AIDS ရောဂါ တားဆီး ကာကွယ်ရေး၊ ကလေးသူငယ် များနှင့် အမျိုးသမီး များအား ကျန်းမာရေး စောင့်ရှောက်မှု ပေးရေးနှင့် မွေးကင်းစ ကလေး သေဆုံးမှုနှုန်း လျှော့ချရေး ကိစ္စရပ်များ၊ ပညာရေး ကဏ္ဍနှင့် စပ်လျဉ်း၍ တက္ကသိုလ် များနှင့် ချိတ်ဆက်ပြီး သုတေသန လုပ်ငန်းများနှင့် အဆင့်မြင့် ပညာ ဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ လူသားချင်း စာနာမှု ဆိုင်ရာ ကူညီ ထောက်ပံ့မှု အစီအစဉ်များ၊ မြန်မာ နိုင်ငံ၏ လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲ ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အမေရိကန် ကုမ္ပဏီများ လာရောက်ရင်းနှီး မြှုပ်နှံရေး ဆိုင်ရာ ကိစ္စရပ် များကို နှစ်ဦးနှစ်ဖက် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းနှင့် အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇင်ယော်၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ အုပ်ချုပ် ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် အတူ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Derek J. Mitchell လည်း တက်ရောက်ကြကြောင်း သတင်း ရရှိသည်။
မြ၀တီ

1 comment: