Friday, March 22, 2013

အစ္စရေး နိုင်ငံသို့ အမေရိကန် သမ္မတ ရောက်ရှိနေစဉ် ဟားမတ်စ် စစ်သွေးကြွ များက ဒုံးကျည်ဖြင့် ပစ်ခတ်

Photo: အစ္စရေး နိုင်ငံသို့ အမေရိကန် သမ္မတ ရောက်ရှိနေစဉ် ဟားမတ်စ် စစ်သွေးကြွ များက ဒုံးကျည်ဖြင့် ပစ်ခတ်
Friday, March 22, 2013

အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၏ အစ္စရေး နိုင်ငံ ခရီးစဉ် ဒုတိယ မြောက်နေ့တွင် ဂါဇာ ကမ်းမြောင်ဒေသရှိ ဟားမတ်စ် စစ်သွေးကြွ များက အစ္စရေးနိုင်ငံ တောင်ပိုင်းသို့ မတ် ၂၁ ရက်တွင် ဒုံး ကျည်လေးစင်း
ပစ်ခတ်ခဲ့ရာ ဒုံးကျည်တစ်စင်းမှာ ဆဒီရော့တ် နယ်စပ်မြို့ရှိ အိမ်တစ်အိမ်၏ ခြံဝင်းအတွင်း ကျရောက် ပေါက်ကွဲ ခဲ့သောကြောင့် နေအိမ် ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း ရဲတပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ မစ်ကီရို စန်ဖယ်တ်က ပြောကြားခဲ့သည်။

အဆိုပါ ပစ်ခတ်မှု ပြုလုပ်စဉ်တွင် သမ္မတ အိုဘားမားသည် ဂျေရုဆလင်
သို့ ရောက်ရှိနေပြီး ၎င်းပစ်ခတ်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့ အစည်းက
မှ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။ အိုဘားမားသည် မတ် ၂၂ ရက်တွင် အနောက်ဘက် ကမ်းဒေသ ရာမာလာမြို့သို့ သွားရောက်ရန် စီစဉ် ထားကြောင်း သိရသည်။

မြ၀တီ အမေရိကန် သမ္မတဘားရတ်အိုဘားမား၏ အစ္စရေး နိုင်ငံခရီးစဉ် ဒုတိယ မြောက်နေ့တွင် ဂါဇာ ကမ်းမြောင်ဒေသရှိ ဟားမတ်စ် စစ်သွေးကြွ များက အစ္စရေးနိုင်ငံ တောင်ပိုင်းသို့ မတ် ၂၁ ရက်တွင် ဒုံး ကျည်လေး စင်းပစ်ခတ်ခဲ့ရာ ဒုံးကျည်တစ်စင်းမှာ ဆဒီရော့တ် နယ်စပ်မြို့ရှိ အိမ်တစ်အိမ်၏ ခြံဝင်းအတွင်း ကျရောက် ပေါက်ကွဲ ခဲ့သောကြောင့် နေ အိမ် ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း ရဲတပ်ဖွဲ့ ၏ ပြောရေး ဆိုခွင့်ရှိသူ မစ်ကီရို စန်ဖယ်တ်က ပြောကြားခဲ့သည်။

အဆိုပါ ပစ်ခတ်မှု ပြုလုပ်စဉ်တွင် သမ္မတ အိုဘားမားသည် ဂျေရုဆလင်သို့ ရောက်ရှိနေပြီး ၎င်းပစ်ခတ်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမှ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။ အိုဘားမား သည် မတ် ၂၂ ရက်တွင် အနောက်ဘက် ကမ်းဒေသ ရာမာလာမြို့သို့ သွားရောက်ရန် စီစဉ် ထားကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment