Thursday, March 21, 2013

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ် နောက်ဆုံးရသတင်း

မနေ့က (မတ်လ ၂၀)ရက်နေ့ နေ့လည်က မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နဲ့ ပက်သက်၍ RFA က ဒီကနေ့မနက် ၂၁ ရက်နေ့ မနက် ၅ နာရီ ၂၀ မိနစ်တွင် ဆက်သွယ်မေးမြန်းရာ မိတ္ထီလာမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက "ဝန်ဇင်းကန်ဘောင်ပတ်ဝန်းကျင်တွင် လူ ၂၀ ခန့်စုရုံးနေသည့်အတွက် ရဲတပ်ဖွဲ့ဝင် များက သွားရောက်ရှင်းလင်းရန် ပြင်ဆင်နေကြောင်း၊မနေ့ညက ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အမိန့်ကို ချိုးဖောက်သူများ မတွေ့ရှိရကြောင်း၊မနေ့နေ့လယ် ဖျက်ဆီးခံခဲ့ရသည့် ဆိုင်ခန်းနှင့်နေအိမ်အချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက စောင့်ကြပ်ကြည့်ရှုပေးနေကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

မိတ္ထီလာပြည်သူ့ဆေးရုံကြီး (အရေးပေါ်ဌာန)က တာဝန်ရှိသူတစ်ဦးကလည်းယခုအချိန်ထိ ထိခိုက်ဒဏ်ရာ ရရှိသည့် လူနာ ၂၀ ခန့်သာ တက်ရောက်ဆေးကုသမှုခံယူနေကြောင်း RFA ကဆက်သွယ်မေးမြန်း မှုကို ပြန် လည် ဖြေကြားခဲ့ပါတယ်။

From..RFA

No comments:

Post a Comment