Wednesday, March 27, 2013

ပွင့်လင်းမြင်သာမှု ရှိလာသည့် မြန်မာ့တပ်မတော်

Photo: ပွင့်လင်းမြင်သာမှု ရှိလာသည့် မြန်မာ့တပ်မတော်
Wednesday, March 27, 2013

ယခု မတ်လ ၂၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြု လုပ်မည့် (၆၈)နှစ်မြောက် တော်လှန်ရေးနေ့(တပ်မတော်နေ့)တွင် စစ်ရေးပြ စစ်ကြောင်းကြီးများနှင့် ပါဝင်ချီတက် အလေးပြုကြမည့် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ကိုယ်စားပြု စစ်ကြောင်းက ယခုနှစ်တွင် မြန်မာ့ တပ်မတော်သုံး လေကြောင်းရန် ကာကွယ်ရေး မြေပြင်မှဝေဟင်ပစ် ဒုံးကျည် များကို စစ်ရေးပြပွဲသို့ တက်ရောက်ကြည့်ရှုကြမည့် အများပြည်သူ များ လေ့လာကြည့်ရှုနိုင်မည်ဖြစ်သည်။

ထို့အပြင် BTR. 3 U အမျိုးအစား စစ်သည်တင် သံချပ် ကာယာဉ် f(Armoured Personnel Carrier) များ၊ အကြီးစား ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံများမှ ထုတ်လုပ်သည့် နောင်ရိုးဂျစ် များကိုလည်း ပြသသွားမည်ဖြစ်ကြောင်း၊ Myanmar Military Power ဖေ့စ်ဘွတ် စာမျက်နှာများတွင် ဖော်ပြထားသည်။

ယခင်က မြန်မာ့တပ်မတော် စစ်လက်နက်ပစ္စည်းအသစ်အဆန်းများကို လျှို့ဝှက်အဆင့် သတ်မှတ်ခဲ့ကြသော်လည်း ယခုကဲ့သို့ ထုတ်ပြခြင်းမှာ မြန်မာ့တပ်မတော်အနေဖြင့် ပွင့်လင်းမြင်သာမှု ပိုမို ရှိလာခြင်းဖြစ်သည်။

ယခုပြသမည့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် အမျိုးအစားမှာ S-125 Pechora အမျိုးအစား ဖြစ်ပြီး ရုရှားသမ္မတနိုင်ငံထုတ် စစ်လက်နက် ပစ္စည်းဖြစ်သည်။

နေတိုး (NATO)က SA-3 GOA ဟု အမည်ပေးထားသည်။ လောင်စာခဲသုံး တာတိုပစ်ဒုံးကျည် အမျိုးအစားဖြစ်သည်။

အလွယ်တကူ ရွှေ့ပြောင်းသယ်ဆောင်နိုင်ပြီး ဒုံးကျည် သွားနှုန်းမှာ အသံထက် ၃ ဆမှ ၃ ဆခွဲအထိ ရှိသည်။ ရေဒီယို လမ်းညွှန်ပဲ့ ထိန်းပါ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်အမျိုးအစားဖြစ်ကြောင်း သိရသည်။


မောင်ကျော်
The Hot news

No comments:

Post a Comment