နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုး သမီးအိမ်တွင်းမှုအသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၃၃) နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း အမှတ်စဉ် (၆၂) ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲက အဆိုပါ သင်တန်းကျောင်း ခန်းမ ဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်က သင်တန်းဆင်း အမှာ စကား ပြောကြားသည်။
ထို့နောက် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ယုယုကြည်
ကသင်တန်းနှင့် ပတ်သက်သည်များကို အစီရင်ခံတင်ပြသည်။ ဆက်လက်၍ သင်တန်းထူးချွန်ဆုရရှိသူ များအား တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ဆုများပေးအပ် ချီးမြှင့်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို သင်တန်းသူ ၅၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ ၁၄ ပတ် ကြာမြင့်ခဲ့ကြောင်း သတင်း ရရှိသည်။
မြ၀တီ

No comments:
Post a Comment