Saturday, March 30, 2013

မင်းလှမြို့ ဆူပူအကြမ်းဖက်မှုကြောင့် လူ ၁၀၀ ကျော် ရန်ကုန် ထွက်ပြေး



မင်းလှမြို့မှာ ဖြစ်ပွားတဲ့ ဆူပူအကြမ်းဖက်မူတွေကြောင့် လူ ၁၀၀ ကျော် မတ်လ ၂၉ရက်နေ့က ရန်ကုန်ကို ထွက်ပြေး ရောက်ရှိလာပါတယ်။
ထွက်ပြေးလာသူတွေထဲမှာ အစ္စလန်ဘာသာဝင်တွေ ပါဝင်သလို ဗုဒ္ဓဘာ သာဝင်တွေလည်း ပါဝင် တယ်လို့ မင်္ဂလာတောင်ညွန်မြို့နယ် NLD ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း က ပြောပါတယ်။

ထွက်ပြေးလာသူတွေဟာ မတ်လ ၂၉ ရက်နေ့ ညနေပိုင်း ရန်ကုန်ကို ရောက် ရှိလာတာကြောင့် အာဏာ ပိုင်တွေက မင်္ဂလာတောင်ညွန့်မြို့နယ် ၁၀၁ လမ်း၊ ဗလီမှာ ခေတ္တနေရာချထား ပေးထား ပါတယ်။

မင်းလှမြို့မှာ အကြမ်းဖက်မူတွေဟာ မတ်လ ၂၈ ရက်နေ့က အပြင်းထန် ဆုံးဖြစ်ပြီး အကြမ်းဖက်သူ တချို့ဟာမြို့မှာ နေထိုင်တဲ့ ဗုဒ္ဓဘာသာ မဟုတ်သူများကို စာရင်းနဲ့ တကွ လိုက်ရှာ တာမျိုးတွေ ရှိတယ် လို့ ဒုက္ခသည်တွေကို မနေ့ကညပိုင်းက သွားရောက်တွေ့ဆုံ အားပေးစ ကားပြော ခဲ့တဲ့ ဒေါ်ဖြူဖြူသင်း ကပြောပါတယ်။

" ဘယ်နေရာမှာ ဘာသာခြားတွေရှိသလဲ စာရင်းတွေနဲ့ လာတဲ့သူလဲရှိတယ်၊ ဘယ်နေရာမှာ ဘယ်အိမ် ကိုသွားလိုက်ဆိုတဲ့ ပုံစံမျိုးတွေပေါ့နော် မြို့ပေါ်ကမ ဟုတ်တဲ့သူတွေ သူစိမ်းတွေ တော်တော် များများပါတယ်လို့ ပြောတယ်၊ အား လုံးကတော့ သူတွေ တွေတစ်ခါမှ မကြုံဖူးလောက်အောင်ပေါ၊ ကျွန်မတို့ အခုဆို စကားပြောခဲ့တဲ့သူတစ်ယောက်ရှိပါတယ်။

ရဲဝန်ထမ်းဟောင်းတွေလဲ သူတို့ ပြေးလာတဲ့အထဲမှာပါတယ်ပေါ့နော်၊ သူတို့ ကိုယ်တိုင်ကို ကြောက် လန့်နေတဲ့ ပုံစံမျိုးပေါ့နော်၊ သူတို့ဒီရောက်တော့ ကူ ညီပါဆိုတော့ ဒီမှာလည်း တစ်ယောက်မှ မကူညီဘူး၊ သူတို့ ကိုကူညီထား တဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကိုလည်း သူတို့မှာ အရမ်းကို အားနာနေတယ်"

ထွက်ပြေးလာသူတွေဟာ ကြောက်ရွံ့စိုးရိမ်နေကြပြီး စိတ်ပိုင်းဆိုင်ရာ ခံစား ချက်တွေ ရရှိနေကြတယ်လို့ ဆိုပါတယ်။

ထွက်ပြေးလာသူတွေထဲမှာ ဗုဒ္ဓဘာသာဝင် ၆ ဦးပါဝင်ပြီး သူတို့ရဲ့ အိမ်များ လည်း အဖျက်အစီး ခံရတဲ့ အထဲ ပါသွားပါတယ်။

ထွက်ပြေးလာသူတွေကို မနေ့က ညပိုင်း ၈ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့ နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနဲ့ အတူ ပွင့်လင်း လူဘောင်အဖွဲ့က မနီလာသိန်းနဲ့အဖွဲ့၊ နာရေးကူညီမူ အသင်းက ဒေါ်သန်းမြင့် အောင်တို့လည်း လာရောက်တွေ့ဆုံပြီး အားပေးစကား ပြောခဲ့တယ်လို့ သိ ရပါတယ်။

အလားတူ မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမူးနဲ့တကွ ဒေသအာဏာ ပိုင်တွေကလည်း ဒုက္ခသည် တွေကို ဆွေးမျိုးသားချင်းများထံကို သွားရောက် နိုင်ရေးနဲ့ တခြား လိုအပ်တဲ့ အကူအညီ များ ပေးလျက်ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေများနဲ့ ပတ်သက် ပြီး ဒေါ်ဖြူဖြူသင်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

RFA

No comments:

Post a Comment