Friday, March 22, 2013

မိတ္ထီလာ အရေးအခင်းနှင့် ပတ်သက်၍ ၈၈ တို့၏ ကြေငြာချက်အပေါ် သုံးသပ်မိသမျှ

Photo: မိတ္ထီလာ အရေးအခင်းနှင့် ပတ်သက်၍ ၈၈ တို့၏ ကြေငြာချက်အပေါ် သုံးသပ်မိသမျှ
Friday, March 22, 2013 

ဒီရက်ပိုင်း သတင်းစုံလင် ဖေ့စ်ဘုတ် တစ်ခွင်ကတော့ ပြောမဆုံးပေါင်
တောသုံးထောင် ဆိုသလိုဘဲတစ်မျိုးပြီး တစ်မျိုး ဆက်တိုက် 
ဆိုသလို စိတ်မချမ်းမြေ့စရာ သတင်းတွေနဲ့ ပြည့်နှက်လို့ နေပါတော့တယ်။

၇၈၆ / ၉၆၉ မှသည် လက်ပံတောင်း ဆန္ဒပြမှု ၊ ဒေါ်အောင်ဆန်းစုကြည်ကို အချီကြီးဆော်မယ်ဆိုပြီး တစ်ပွဲတိုးပွန်း (နယ်) ရုပ်ကလေးတွေဖြစ်တဲ့ ဟန်ဝင်းအောင် ၊ သွဲ့သွဲ့ဝင်းတို့ကို ထုတ်သုံးခဲ့ပေမယ့် တွက်ထား တာရဲ့ပြောင်းပြန် တပ်မတော်နဲ့ အတိုက်အခံခေါင်းဆောင်ကြား ပိုပြီး သွေးနီးသွားစေခဲ့သလို ၈၈ ဘာလဲ ၊ ဘယ်လဲ ဆိုပြီး ဝေဖန်
လာတာတွေရှိလာခဲ့တဲ့အတွက် မင်းကိုနိုင်တို့ အုပ်စု ကြေငြာချက်တွေ အသည်းအသန်ထုတ်ပြီး ဖာခဲ့ ထေးခဲ့ရပါတယ်။

အဲဒီ ကြေငြာချက်တွေမှာလည်းတစ်ယောက်တစ်မျိုးရှေ့နောက် 
စကားမညီတာတွေ ရှိနေခဲ့ပြီး ၈၈ ရဲ့ ပုံရိပ်အတွက် မေးခွန်း ထုတ်စရာတွေ ဖြစ်လာနေခဲ့ပါတယ်။

တစ်ဆက်တည်းဆိုသလို ၈၈ အဖွဲ့ရဲ့ နိုင်ငံရေးပါတီအသွင်ပြောင်းမယ် 
ဆိုတဲ့ အကြောင်းတစ်ရပ်လဲ သတင်းစာမျက်နှာတွေထက်မှာ ဖော်ပြလာခဲ့ပြီး တစ်ဦးချင်းစီရဲ့သဘောထားကို မှတ်ချက်မပေးလိုဘူးဆိုတဲ့ ၈၈ အဖွဲ့ဝင်တစ်ဦးကပြောကြားခဲ့တဲ့ စကားအသွားအလာတွေကို ကြည့်ခြင်းအားဖြင့် ၈၈ အတွင်းမှာလည်း ပါတီထောင်ရေး ၊ မထောင်ရေး အပေါ်မှာသဘောထားကွဲလွဲနေတဲ့ ကိစ္စရပ်တွေ ရှိနေတယ်လို့ သုံးသပ်မိရင်း ၈၈ အဖွဲ့တွေ ထောင်က လွတ်လာစက “ ကျွန်တော်တို့ ပါတီမထောင်ဘူး။
ပါတီပြင်ပ နိုင်ငံရေးပဲလုပ်မယ်။ ဒေါ်စုကို ၀န်းရံမယ်” လို့ ၈၈
ခေါင်းဆောင်တစ်ယောက် ပြောဖူးတဲ့စကားတစ်ခွန်းကို
ပြန်အမှတ်ရမိစေပါတယ်။

အဲဒီလို အခြေအနေတွေ ရှုပ်ထွေးနေတဲ့ စပ်ကူးမတ်ကူးကာလကြီးမှာ မိတ္ထီလာ အရေးအခင်း ဖြစ်လာတော့ ၈၈ အဖွဲ့အတွက် အဖတ်ဆယ်စရာ၊
ဂုဏ်တင်စရာ နိုင်ငံရေးရွှေ့ကွက်တစ်ကွက်အနေနဲ့ ကြေငြာချက်တွေ ထုတ်၊ အခင်းဖြစ်နေရာကို ချက်ခြင်းသွား စတဲ့ နိုင်ငံရေးဆယ်လီဗရစ်တီတို့
လုပ်ကွက်တွေနဲ့ ကစားကွက် ပြန်ဖော်လာခဲ့တာကို တွေ့ရပါတယ်။

အခင်းဖြစ်နေရာကို ရောက်ရှိပြီးနောက်ပိုင်း လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် စုဆောင်းဆဲ ဖြစ်သလို ဘာဆက်ဖြစ်မလဲ မသိနိုင်သေးတာကြောင့် ဝေဖန်သုံးသပ်ချက် မပေးလိုပေမယ့် မိတ္ထီလာ မသွားခင် ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက် အပေါ်မှာတော့ ဖေ့စ်ဘုတ်မှာ ဝေဖန်သံတွေ သောသောညံသွားခဲ့ပြီး “မင်းကိုနိုင် ၊ ကုလားကိုမနိုင်” လို့ ရယ်တောင်မှပြောဆိုလာကြတာကို
တွေ့လာရပါတယ်။

ဒါကြောင့် ၈၈ တွေရဲ့ သဘောထားကြေငြာချက်အပေါ် အသေးစိတ် လေ့လာကြည့်မိတဲ့အခါမှာတော့ အောက်ပါအတိုင်း ရှုမြင်သုံးသပ်မိပါတော့တယ်။

- ကြေငြာချက်ကို ကြည့်မယ်ဆိုရင် / ခရီးသွားကာနီး ကမန်းကတန်း ထုတ်ရတာ ဖြစ်တဲ့အတွက် အသေးစိတ် ပြင်ဆင်ဖို့ အချိန်မရခဲ့ဘူးလို့ ယူဆရပါတယ်။
ဒါကြောင့် ၈၈ ရဲ့ ကြေငြာချက်မှာ ထောက်ကွက် ၊ ဟာကွက် တွေ ရှိနေတာကို တွေ့နေရပါတယ်။

- အခု ဖြစ်တဲ့ အရေးအခင်းမှာ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး ယန္တရားကို အပြင်းအထန် စွပ်စွဲ ပြောဆိုထားတာကို တွေ့ရပါတယ်။

အခင်းဖြစ်နေရာမှာ ရဲတပ်ဖွဲ့တွေ ရှိနေရက်နဲ့ တားဆီးမှု ဘာမှ မလုပ်ဘူး ၊ ဒီအတိုင်း ရပ်ကြည့်နေတယ်ဆိုပြီး အပြစ်တင်ထားတာကို တွေ့ရပါတယ်။

ကိုမင်းကိုနိုင်အနေနဲ့ စဉ်းစားသင့်တာက ကျွန်တော်တို့ နိုင်ငံရဲ့ 
အနေအထား ၊ နယ်မြို့တွေမှာ ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အရည်အသွေး ၊ အထိကရုန်းနှိမ်နှင်းရေးအတွက် လေ့ကျင့်သင်ကြားပေးထားမှု
ပြည့်စုံပြီလား ၊ စတဲ့အချက်တွေ အသင့်ဖြစ်နေပြီလား။

ကိုမင်းကိုနိုင် ရောက်ဖူးခဲ့တဲ့ ဥရောပ တိုင်းပြည်တွေက ရဲတပ်ဖွဲ့တွေရဲ့ အရည်အသွေးနဲ့ တန်းညှိလို့ လုံးဝ(လုံးဝ) မရသေးဘူးဆိုတာကို သဘောပေါက်သင့်ပါတယ်။

နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ နယ်မြို့တွေမှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း ( ရဲ ၊ စစ်တပ် အပါအ၀င် ) တွေဟာရှေးရိုးမြန်မာ စိတ် ရှိနေကြသေးတယ်ဆိုတာကို သိထားသင့်ပါတယ်။ ရှေးရိုးမြန်မာစိတ် ဆိုတာက ဒေသခံတစ်ယောက်ဟာ အဲဒီဒေသမှာပဲ ရဲမှူးဖြစ်မယ်။ မြို့နယ်အုပ်ချုပ်ရေးမှုး ဖြစ်လာမယ်ဆိုရင် အခုလို ကိစ္စမျိုးတွေ
ဖြစ်လာတဲ့အချိန်မှာ ဒေသခံတိုင်းရင်းသားတွေဖက်က အပြည့်အ၀ ရပ်တည်နေမှာ ဖြစ်ပါတယ်။

ဒါဟာ လာဘ်စားထားလို့ မဟုတ်ပါဘူး။ အထိကရုန်းဖြစ်ပါစေတော့ဆိုပြီး ဆူပူလှုံ့ဆော်နေတဲ့ နိုင်ငံရေးကလပ်စည်းတွေမဟုတ်ပါဘူး။ သူတို့စိတ်ထဲမှာ ငါတို့ဟာ ဒေသခံ ဆိုတဲ့ စိတ်က ၀င်နေပြီး အုပ်ချုပ်သူ လူတန်းစားစိတ်မျိုး
ဝင်မနေကြတာပဲ ဖြစ်ပါတယ်။

ပြောရရင် ကိုမင်းကိုနိုင်တို့ လိုချင်တဲ့ ဘက်မလိုက်တဲ့ အစိုးရ အဖွဲ့ဝင်တွေ ဖြစ်လာဖို့ အချိန်မကျသေးပါဘူး။ သူတို့ ဘက်လိုက်ပါတယ်။

ဘယ်သူ့ဖက်ကို လိုက်သလဲမေးရင် ဌာနေတိုင်းရင်းသားတွေဖက်က ဘက်လိုက်ကြပါတယ်။ ဒါဟာ မဖြစ်သင့်တဲ့ကိစ္စ ၊ အစိုးရ၀န်ထမ်း
ကောင်းတွေရဲ့ လက္ခဏာမဟုတ်ဘူး ဆိုပေမယ့်လဲဘာသာရေး 
ယှက်နွယ်နေတဲ့ မဆုံးနိုင်တဲ့ အရှုပ်ထုပ်ဖြစ်နေတဲ့အတွက် ဘယ်သူမှားတယ် ၊ မှန်တယ်ဆိုတာကို အခု သုံးသပ်ချက်မှာ ထည့်သွင်း မပြောကြားလိုပါ။

- အရေးကြီးတဲ့ နောက်တစ်ချက်က အခင်းဖြစ်ဖြစ်ချင်းနေရာမှာ ရှိနေတဲ့ ရဲတပ်ဖွဲ့ ၀င် အရေအတွက် ကို ထည့်သွင်းပြောကြားထားခြင်း မရှိတာကို တွေ့ရပါတယ်။

မိတ္ထီလာလို နယ်မြို့တစ်မြို့မှာရှိနိုင်မယ့် ရဲတပ်ဖွဲ့ဝင် အရေအတွက်နဲ့
ဒေါသဖြစ်သွေးဆူနေတဲ့ လူအုပ်ကြီးအရေအတွက်မှာ တကယ်တန်း အထိကရုန်းတားဆီးကြပြီဟေ့ဆိုရင် ရဲတပ်ဖွဲ့ဝင်တွေပဲ အစအန ရှာမရအောင် ထိခိုက်မှာအသေအချာပါဘဲ။

ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ လိုအပ်တဲ့ ရဲအရေအတွက် (စစ်ကူ) ရောက်မလာမခြင်းမှာ ဘာမှဝင်ရောက်စွက်ဖက်ခြင်း မလုပ်ဖို့နဲ့ အဟန့်သဘောလောက်ပဲ နေပြဖို့ ညွှန်ကြားထားတယ်လို့ ယူဆရပါတယ်။

မျက်စိရှေ့မှာ လူသတ်နေရင်တော့ တစ်မျိုးပေါ့ဗျာ။ အဆောက်အဦးတွေ ဖျက်တာလောက်က လူသတ်ပွဲဖြစ်လာမှာထက်စာရင် အဆပေါင်းများစွာ သက်သာပါတယ်။

နောက်တစ်ချက်က ဒေသခံရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ၊ ဒါမှမဟုတ် ရိုသေလေးစားရတဲ့ ရပ်ဆွေရပ်မျိုးတွေ က လူအုပ်ထဲမှာ ပါနေရင်လဲ အထိကရုန်း နှိမ်နင်းရေးကို ထိန်းသိမ်းရ ခက်စေပါလိမ့်မယ်။

ရန်ကုန်လို့ မြို့ကြီးမှာ အဓိကရုန်းနှိမ်နင်းတာ အမျိုးသောဘာသော နားမလည်ဘူး အမိန့်အရ ဆိုပြီး လုပ်လို့ ရပေမယ့်
နယ်မြို့တစ်မြို့မှာ နှစ်ရှည်လများ တာဝန်ထမ်းဆောင်ရ ၊ အိမ်ထောင်ရက်သားကျနေတဲ့ အစိုးရ၀န်ထမ်းတွေအဖို့ အလုပ်လုပ်ရတဲ့နေရာမှာ အခက်အခဲတွေ အများကြီး ရှိနေနိုင်ပါတယ်။

ဒီလိုအကြောင်းအရာတွေ အပေါ်မှာ ၈၈ အဖွဲ့ဝင်တွေအနေနဲ့ ခြုံငုံသုံးသပ်ခြင်းမျိုး မရှိပဲ အစိုးရ မကောင်းဘူး၊ ရဲတွေ
ဒီတိုင်းကြည့်နေတယ်ဆိုပြီး ခပ်ပေါပေါ စွဲချက်တင်ခဲ့တဲ့အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

ယုတ်စွအဆုံး ဖေ့စ်ဘုတ်ပေါ်က လူတော်တော်များများ သုံးသပ်ကြသလို ရဲတွေ ၀င်ပြီး တားဆီးခဲ့တယ်ဆိုရင်လည်း အစိုးရက ကုလားတွေဖက်က လိုက်ပြီး ဗမာတွေကို ရိုက်နေပါပြီ။ ဒီရဲတွေက ကုလားပေးစာကမ်းစာ စားလို့ ငါတို့ ဗမာတွေကို ရိုက်တာ စသည်ဖြင့် ဇာတ်လမ်းပိုရှုပ်သွားမယ်ဆိုတာကို ၈၈ လို အဖွဲ့မျိုးက စဉ်းစားမိသင့်ပါတယ်။

မစဉ်းစားမိတာလား .. ဒါမှမဟုတ် မစဉ်းစားတာလားဆိုတာကိုတော့
၈၈ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

- နောက်တစ်ချက်က စစ်အစိုးရကို လက်ယပ်ခေါ်နေတယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ ပြည်သူကို ခြိမ်းခြောက်စော်ကားသွားတာကို တွေ့ရပါတယ်။ ဒါဟာ ပြည်သူကို စော်ကားတာ ၊ လက်ရှိအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
စော်ကားတာပါဘဲ။

ငါ ၈၈ ထောင်ထွက် ၊ ဘယ်အစိုးရမှ မကြောက်ဘူးဆိုတဲ့ မိုက်ကန်းကန်း အသုံးအနှုန်းမျိုး သုံးနှုန်းသွားတဲ့အတွက် အလွန်ပဲ အံ့သြမိပါတယ်။

အခုဖြစ်နေတဲ့ အရေးအခင်းဟာ နောက်ကွယ်ကကြိုးကိုင်မှု၊
နိုင်ငံရေးကစားကွက်ဖော်တာတွေ ရှိချင်လဲ ရှိနေနိုင်ပါတယ်။ 
AB တွေ ဘယ်လို အကွက်ဖော်ခဲ့တယ်၊ NCGUB စိန်ဝင်းတို့ ဘယ်လို အကွက်ဖော်ခဲ့တယ်။ မိုးသီးဇွန် ၊ နိုင်အောင် ဘယ်လို အကွက်ဖော်ခဲ့တယ်ဆိုတာကို ကိုမင်းကိုနိုင်တို့ အသိဆုံး ဖြစ်ပါလိမ့်မယ်။

ကြေငြာချက်ထဲမှာလဲ ကိုမင်းကိုနိုင် ကိုယ်တိုင်ပြောခဲ့တာကို ကြည့်ရပါတယ်။ တစ်ချို့အကြောင်းအရာတွေကိုအချိန်တန်ရင်ဖော်ထုတ်မယ်ဆိုပြီး ပြောတာကို ကြည့်ရပါတယ်။

မေးချင်တာက အချိန်တန်ရင် ဆိုတဲ့ အချိန်ဟာ ဘယ်အချိန်ပါလဲ။ 
၂၀၁၅ မှာ ၈၈ အာဏာရမှ ဖော်ထုတ်မှာလား။ လက်ရှိဖြစ်ခဲ့တဲ့ မိတ္ထီလာ အရေးအခင်းဟာ ဘာသာရေး အခြေခံဖြစ်ခဲ့တာပါ။

ဘယ်ဒေသခံမှ စစ်အစိုးရကို လက်ယပ်ခေါ်ချင်လို့ ဒီဆူပူမှုကြီးကို ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ ဒေသခံ၉၀ ရာခိုင်နှုန်းက နိုင်ငံရေး အရောင်အသွေး ကင်းရှင်းပါတယ်။

နိုင်ငံရေး အရောင်းအသွေး မကင်းရှင်းတဲ့ ကိုမင်းကိုနိုင်တို့ရဲ့ ကစားကွက်တစ်ချို့ကသာစစ်အစိုးရကိုလက်ယပ်ခေါ်သလို
ဖြစ်နေစေတယ်ဆိုတာ ပြည်သူတွေကိုယ်စား ကျွန်တော် တုံ့ပြန်ပါတယ်။

နိဂုံးချုပ်အားဖြင့် ပြောရရင် ၈၈ အဖွဲ့ရဲ့ မိတ္ထီလာ အရေးအခင်း အပေါ် ကြေငြာချက်ဟာ တရားမျှတမှု မရှိဘူးလို့ သုံးသပ်မိပါတယ်။

စစ်အစိုးရ ဆိုတဲ့ စကားလုံးကို သုံးပြီး ပြည်သူကို ခြိမ်းခြောက် သွားတယ်လို့ မြင်ပါတယ်။ ဒေသဆိုင်ရာ အစိုးရနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အပြစ်ပုံချထားတယ်လို့ မြင်ပါတယ်။

ဒါကြောင့် ကျွန်တော့်အနေနဲ့ ၈၈ အဖွဲ့ရဲ့ ကြေငြာချက်ဟာ တရားမျှတမှု မရှိပါဘူးဆိုတဲ့အကြောင်း သုံးသပ်ရင်း အလုပ်မရှိသော ထောင်ထွက် လူပျိုကြီးများ အဲလ်ဖရက် ဇိမ်ခံကားကို ရုံးသုံးအနေနဲ့ ထသွား ၊လာသွား စီးနိုင်သော အနေအထားမှသည် မာစီဒီးစ် ၊ ရိုးလ်ရွိုက်စ် ကားများအထိ ရုံးသုံးအနေနှင့် သုံးနိုင်ပါစေကြောင်း။ ဘင်္ဂလီမြအေးကျော့ကွင်းမှ ရုန်းထွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

ဓာတ်ပုံ - ၈၈ မျိုးဆက်ကျောင်းသားများ မိထ္တီလာသို့ သွားရောက်
ရာတွင် စီးနင်း အသုံးပြုခဲ့သော Toyota Alphard  ဇိမ်ခံကား
(88 Generation Students)

Helios Htet Nay
ဒီရက်ပိုင်း သတင်းစုံလင် ဖေ့စ်ဘုတ် တစ်ခွင် ကတော့ ပြော မဆုံးပေါင် တောသုံးထောင် ဆိုသလိုဘဲတစ်မျိုးပြီး တစ်မျိုး ဆက်တိုက်
ဆို သလို စိတ်မချမ်းမြေ့စရာ သတင်းတွေနဲ့ ပြည့်နှက်လို့ နေပါတော့ တယ်။
၇၈၆ / ၉၆၉ မှသည် လက်ပံတောင်း ဆန္ဒပြမှု ၊ ဒေါ်အောင်ဆန်း စုကြည်ကို အချီကြီးဆော်မယ်ဆိုပြီး တစ်ပွဲတိုးပွန်း (နယ်) ရုပ်ကလေးတွေဖြစ်တဲ့ ဟန်ဝင်းအောင် ၊ သွဲ့သွဲ့ဝင်းတို့ကို ထုတ်သုံး ခဲ့ပေမယ့် တွက်ထားတာရဲ့ပြောင်းပြန် တပ်မတော်နဲ့ အတိုက် အခံခေါင်းဆောင်ကြား ပိုပြီး သွေးနီး သွားစေခဲ့ သလို ၈၈ ဘာလဲ ၊ ဘယ်လဲဆိုပြီး ဝေဖန်လာတာတွေ ရှိလာ ခဲ့တဲ့ အတွက် မင်းကိုနိုင်တို့ အုပ်စု ကြေငြာ ချက်တွေ အသည်းအသန်ထုတ်ပြီး ဖာခဲ့ ထေး ခဲ့ရပါတယ်။

အဲဒီ ကြေငြာချက်တွေမှာလည်းတစ်ယောက်တစ်မျိုးရှေ့နောက် စကားမညီတာတွေ ရှိနေခဲ့ပြီး ၈၈ ရဲ့ ပုံရိပ်အတွက် မေးခွန်း ထုတ်စရာတွေ ဖြစ်လာနေခဲ့ပါတယ်။

တစ်ဆက်တည်းဆိုသလို ၈၈ အဖွဲ့ရဲ့ နိုင်ငံရေးပါတီအသွင်ပြောင်းမယ် ဆိုတဲ့ အကြောင်းတစ်ရပ်လဲ သတင်းစာမျက်နှာတွေထက်မှာ ဖော်ပြလာခဲ့ပြီး တစ်ဦးချင်းစီရဲ့သဘောထားကို မှတ်ချက်မပေးလိုဘူးဆိုတဲ့ ၈၈ အဖွဲ့ဝင်တစ်ဦးကပြောကြားခဲ့တဲ့ စကားအသွားအလာတွေကို ကြည့်ခြင်းအားဖြင့် ၈၈ အတွင်းမှာလည်း ပါတီထောင်ရေး ၊ မထောင်ရေး အပေါ်မှာသဘောထားကွဲလွဲနေတဲ့ ကိစ္စရပ်တွေ ရှိနေတယ်လို့ သုံးသပ်မိရင်း ၈၈ အဖွဲ့တွေ ထောင်က လွတ်လာစက “ ကျွန်တော်တို့ ပါတီမထောင်ဘူး။
ပါတီပြင်ပ နိုင်ငံရေးပဲလုပ်မယ်။ ဒေါ်စုကို ၀န်းရံမယ်” လို့ ၈၈ခေါင်းဆောင် တစ်ယောက် ပြောဖူးတဲ့ စကား တစ်ခွန်းကိုပြန်အမှတ်ရမိစေပါတယ်။

အဲဒီလို အခြေအနေတွေ ရှုပ်ထွေးနေတဲ့ စပ်ကူးမတ်ကူးကာလကြီးမှာ မိတ္ထီလာ အရေးအခင်း ဖြစ်လာတော့ ၈၈ အဖွဲ့အတွက် အဖတ်ဆယ်စရာ၊ဂုဏ်တင်စရာ နိုင်ငံရေးရွှေ့ကွက်တစ်ကွက်အနေနဲ့ ကြေငြာချက်တွေ ထုတ်၊ အခင်းဖြစ်နေရာကို ချက်ခြင်းသွား စတဲ့ နိုင်ငံရေးဆယ်လီဗရစ်တီတို့လုပ်ကွက်တွေနဲ့ ကစားကွက် ပြန်ဖော်လာခဲ့တာကို တွေ့ရပါတယ်။

အခင်းဖြစ်နေရာကို ရောက်ရှိပြီးနောက်ပိုင်း လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် စုဆောင်းဆဲ ဖြစ်သလို ဘာဆက်ဖြစ်မလဲ မသိနိုင်သေးတာကြောင့် ဝေဖန်သုံးသပ်ချက် မပေးလိုပေမယ့် မိတ္ထီလာ မသွားခင် ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက် အပေါ်မှာတော့ ဖေ့စ်ဘုတ် မှာ ဝေဖန်သံတွေ သောသော ညံသွားခဲ့ပြီး “မင်းကိုနိုင် ၊ ကုလားကိုမနိုင်” လို့ ရယ်တောင်မှပြောဆိုလာကြတာကိုတွေ့လာရပါတယ်။

ဒါကြောင့် ၈၈ တွေရဲ့ သဘောထားကြေငြာချက်အပေါ် အသေးစိတ် လေ့လာကြည့်မိတဲ့ အခါ မှာတော့ အောက်ပ အတိုင်း ရှုမြင်သုံးသပ်မိပါတော့တယ်။

- ကြေငြာချက်ကို ကြည့်မယ်ဆိုရင် / ခရီးသွားကာနီး ကမန်းကတန်း ထုတ်ရတာ ဖြစ်တဲ့အတွက် အသေးစိတ် ပြင်ဆင်ဖို့ အချိန်မရခဲ့ဘူးလို့ ယူဆရပါတယ်။
ဒါကြောင့် ၈၈ ရဲ့ ကြေငြာချက်မှာ ထောက်ကွက် ၊ ဟာကွက် တွေ ရှိနေတာကို တွေ့နေရပါတယ်။

- အခု ဖြစ်တဲ့ အရေးအခင်းမှာ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး ယန္တရားကို အပြင်းအထန် စွပ်စွဲ ပြောဆို ထားတာကို တွေ့ရပါတယ်။

အခင်းဖြစ်နေရာမှာ ရဲတပ်ဖွဲ့တွေ ရှိနေရက်နဲ့ တားဆီးမှု ဘာမှ မလုပ်ဘူး ၊ ဒီအတိုင်း ရပ်ကြည့်နေတယ်ဆိုပြီး အပြစ်တင်ထားတာကို တွေ့ရပါတယ်။

ကိုမင်းကိုနိုင်အနေနဲ့ စဉ်းစားသင့်တာက ကျွန်တော်တို့ နိုင်ငံရဲ့ အနေအထား ၊ နယ်မြို့တွေမှာ ရှိတဲ့ ရဲတပ် ဖွဲ့ဝင်တွေရဲ့ အရည်အသွေး ၊ အထိကရုန်းနှိမ်နှင်းရေး အတွက် လေ့ကျင့်သင်ကြားပေး ထားမှု ပြည့် စုံပြီလား ၊ စတဲ့အချက်တွေ အသင့်ဖြစ်နေပြီလား။

ကိုမင်းကိုနိုင် ရောက်ဖူးခဲ့တဲ့ ဥရောပ တိုင်းပြည်တွေက ရဲတပ်ဖွဲ့တွေရဲ့ အရည်အသွေးနဲ့ တန်းညှိလို့ လုံးဝ (လုံးဝ) မရသေးဘူးဆိုတာကို သဘောပေါက်သင့်ပါတယ်။

နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ နယ်မြို့တွေမှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း ( ရဲ ၊ စစ်တပ် အပါအ၀င် ) တွေဟာရှေးရိုးမြန်မာ စိတ် ရှိနေကြသေးတယ်ဆိုတာကို သိထားသင့်ပါတယ်။ ရှေးရိုးမြန်မာစိတ် ဆိုတာက ဒေသခံတစ်ယောက်ဟာ အဲဒီဒေသမှာပဲ ရဲမှူးဖြစ်မယ်။ မြို့နယ်အုပ်ချုပ်ရေးမှုး ဖြစ်လာမယ်ဆိုရင် အခုလို ကိစ္စမျိုးတွေဖြစ်လာတဲ့အချိန်မှာ ဒေသခံတိုင်းရင်းသားတွေဖက်က အပြည့်အ၀ ရပ်တည်နေမှာ ဖြစ် ပါတယ်။

ဒါဟာ လာဘ်စားထားလို့ မဟုတ်ပါဘူး။ အထိကရုန်းဖြစ်ပါစေတော့ဆိုပြီး ဆူပူလှုံ့ဆော်နေ တဲ့ နိုင်ငံရေးကလပ်စည်းတွေမဟုတ်ပါဘူး။ သူတို့စိတ်ထဲမှာ ငါတို့ဟာ ဒေသခံ ဆိုတဲ့ စိတ်က ၀င်နေပြီး အုပ်ချုပ်သူ လူတန်းစားစိတ်မျိုးဝင်မနေကြတာပဲ ဖြစ်ပါတယ်။

ပြောရရင် ကိုမင်းကိုနိုင်တို့ လိုချင်တဲ့ ဘက်မလိုက်တဲ့ အစိုးရ အဖွဲ့ဝင်တွေ ဖြစ်လာဖို့ အချိန်မကျသေးပါဘူး။ သူတို့ ဘက်လိုက်ပါတယ်။

ဘယ်သူ့ဖက်ကို လိုက်သလဲမေးရင် ဌာနေတိုင်းရင်းသားတွေဖက်က ဘက်လိုက်ကြပါတယ်။ ဒါဟာ မဖြစ်သင့် တဲ့ကိစ္စ ၊ အစိုးရ၀န်ထမ်းကောင်းတွေရဲ့ လက္ခဏာမဟုတ်ဘူး ဆိုပေမယ့်လဲဘာသာရေး ယှက်နွယ်နေတဲ့ မဆုံးနိုင်တဲ့ အရှုပ်ထုပ်ဖြစ်နေတဲ့အတွက် ဘယ်သူမှားတယ် ၊ မှန်တယ်ဆိုတာကို အခု သုံးသပ်ချက်မှာ ထည့်သွင်း မပြောကြားလိုပါ။

- အရေးကြီးတဲ့ နောက်တစ်ချက်က အခင်းဖြစ်ဖြစ်ချင်းနေရာမှာ ရှိနေတဲ့ ရဲတပ်ဖွဲ့ ၀င် အရေအတွက် ကို ထည့်သွင်းပြောကြားထားခြင်း မရှိတာကို တွေ့ရပါတယ်။

မိတ္ထီလာလို နယ်မြို့တစ်မြို့မှာရှိနိုင်မယ့် ရဲတပ်ဖွဲ့ဝင် အရေအတွက်နဲ့ဒေါသဖြစ်သွေးဆူနေတဲ့ လူအုပ်ကြီး အရေအတွက်မှာ တကယ်တန်း အထိကရုန်းတားဆီးကြပြီဟေ့ဆိုရင် ရဲတပ်ဖွဲ့ဝင်တွေပဲ အစအန ရှာမ ရအောင် ထိခိုက်မှာအသေအချာပါဘဲ။

ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ လိုအပ်တဲ့ ရဲအရေအတွက် (စစ်ကူ) ရောက်မလာမခြင်းမှာ ဘာမှ ၀င်ရောက်စွက်ဖက်ခြင်း မလုပ်ဖို့နဲ့ အဟန့်သဘောလောက်ပဲ နေပြဖို့ ညွှန်ကြားထားတယ်လို့ ယူဆရပါတယ်။

မျက်စိရှေ့မှာ လူသတ်နေရင်တော့ တစ်မျိုးပေါ့ဗျာ။ အဆောက်အဦးတွေ ဖျက်တာလောက်က လူသတ်ပွဲဖြစ် လာမှာထက်စာရင် အဆပေါင်းများစွာ သက်သာပါတယ်။

နောက်တစ်ချက်က ဒေသခံရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ၊ ဒါမှမဟုတ် ရိုသေလေးစားရတဲ့ ရပ်ဆွေရပ် မျိုးတွေ က လူအုပ်ထဲမှာ ပါနေရင်လဲ အထိကရုန်း နှိမ်နင်းရေးကို ထိန်းသိမ်းရ ခက်စေပါလိမ့်မယ်။

ရန်ကုန်လို့ မြို့ကြီးမှာ အဓိကရုန်းနှိမ်နင်းတာ အမျိုးသောဘာသော နားမလည်ဘူး အမိန့်အရ ဆိုပြီး လုပ်လို့ ရပေမယ့်နယ်မြို့တစ်မြို့မှာ နှစ်ရှည်လများ တာဝန်ထမ်းဆောင်ရ ၊ အိမ်ထောင်ရက်သားကျနေတဲ့ အစိုးရ ၀န်ထမ်းတွေအဖို့ အလုပ်လုပ်ရတဲ့နေရာမှာ အခက်အခဲတွေ အများကြီး ရှိနေနိုင်ပါတယ်။

ဒီလိုအကြောင်းအရာတွေ အပေါ်မှာ ၈၈ အဖွဲ့ဝင်တွေအနေနဲ့ ခြုံငုံသုံးသပ်ခြင်းမျိုး မရှိပဲ အစိုးရ မကောင်းဘူး၊ ရဲတွေဒီတိုင်းကြည့်နေတယ်ဆိုပြီး ခပ်ပေါပေါ စွဲချက်တင်ခဲ့တဲ့အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

ယုတ်စွအဆုံး ဖေ့စ်ဘုတ်ပေါ်က လူတော်တော်များများ သုံးသပ်ကြသလို ရဲတွေ ၀င်ပြီး တားဆီးခဲ့တယ် ဆိုရင်လည်း အစိုးရက ကုလားတွေဖက်က လိုက်ပြီး ဗမာတွေကို ရိုက်နေပါပြီ။ ဒီရဲတွေက ကုလားပေးစာ ကမ်းစာစားလို့ ငါတို့ ဗမာတွေကို ရိုက်တာ စသည်ဖြင့် ဇာတ်လမ်းပိုရှုပ်သွားမယ်ဆိုတာကို ၈၈ လို အဖွဲ့မျိုးက စဉ်းစားမိသင့်ပါတယ်။

မစဉ်းစားမိတာလား .. ဒါမှမဟုတ် မစဉ်းစားတာလားဆိုတာကိုတော့၈၈ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

- နောက်တစ်ချက်က စစ်အစိုးရကို လက်ယပ်ခေါ်နေတယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ ပြည်သူကို ခြိမ်းခြောက်စော် ကားသွားတာကို တွေ့ရပါတယ်။ ဒါဟာ ပြည်သူကို စော်ကားတာ ၊ လက်ရှိ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုစော်ကားတာပါဘဲ။

ငါ ၈၈ ထောင်ထွက် ၊ ဘယ်အစိုးရမှ မကြောက်ဘူးဆိုတဲ့ မိုက်ကန်းကန်း အသုံးအနှုန်းမျိုး သုံးနှုန်းသွားတဲ့ အတွက် အလွန်ပဲ အံ့သြမိပါတယ်။

အခုဖြစ်နေတဲ့ အရေးအခင်းဟာ နောက်ကွယ်ကကြိုးကိုင်မှု၊နိုင်ငံရေးကစားကွက်ဖော်တာတွေ ရှိချင်လဲ ရှိနေနိုင်ပါတယ်။
AB တွေ ဘယ်လို အကွက်ဖော်ခဲ့တယ်၊ NCGUB စိန်ဝင်းတို့ ဘယ်လို အကွက်ဖော်ခဲ့တယ်။ မိုးသီးဇွန် ၊ နိုင်အောင် ဘယ်လို အကွက်ဖော်ခဲ့တယ်ဆိုတာကို ကိုမင်းကိုနိုင်တို့ အသိဆုံး ဖြစ်ပါလိမ့်မယ်။

ကြေငြာချက်ထဲမှာလဲ ကိုမင်းကိုနိုင် ကိုယ်တိုင်ပြောခဲ့တာကို ကြည့်ရပါတယ်။ တစ်ချို့အကြောင်းအရာတွေကို အချိန်တန်ရင်ဖော်ထုတ်မယ်ဆိုပြီး ပြောတာကို ကြည့်ရပါတယ်။

မေးချင်တာက အချိန်တန်ရင် ဆိုတဲ့ အချိန်ဟာ ဘယ်အချိန်ပါလဲ။
၂၀၁၅ မှာ ၈၈ အာဏာရမှ ဖော်ထုတ်မှာလား။ လက်ရှိဖြစ်ခဲ့တဲ့ မိတ္ထီလာ အရေးအခင်းဟာ ဘာသာရေး အခြေခံဖြစ်ခဲ့တာပါ။

ဘယ်ဒေသခံမှစစ်အစိုးရကို လက်ယပ်ခေါ်ချင်လို့ ဒီဆူပူမှုကြီးကို ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ ဒေသခံ၉၀ ရာခိုင်နှုန်းက နိုင်ငံရေး အရောင်အသွေး ကင်းရှင်းပါတယ်။

နိုင်ငံရေး အရောင်းအသွေး မကင်းရှင်းတဲ့ ကိုမင်းကိုနိုင်တို့ရဲ့ ကစားကွက်တစ်ချို့ကသာ စစ်အစိုးရကို လက်ယပ်ခေါ်သလိုဖြစ်နေစေတယ်ဆိုတာ ပြည်သူတွေကိုယ်စား ကျွန်တော် တုံ့ပြန်ပါတယ်။

နိဂုံးချုပ်အားဖြင့် ပြောရရင် ၈၈ အဖွဲ့ရဲ့ မိတ္ထီလာ အရေးအခင်း အပေါ် ကြေငြာချက်ဟာ တရားမျှတမှု မရှိဘူးလို့ သုံးသပ်မိပါတယ်။

စစ်အစိုးရ ဆိုတဲ့ စကားလုံးကို သုံးပြီး ပြည်သူကို ခြိမ်းခြောက် သွားတယ်လို့ မြင်ပါတယ်။ ဒေသဆိုင်ရာ အစိုးရနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အပြစ်ပုံချထားတယ်လို့ မြင်ပါတယ်။

ဒါကြောင့် ကျွန်တော့်အနေနဲ့ ၈၈ အဖွဲ့ရဲ့ ကြေငြာချက်ဟာ တရားမျှတမှု မရှိပါဘူးဆိုတဲ့အကြောင်း သုံးသပ်ရင်း အလုပ်မရှိသော ထောင်ထွက် လူပျိုကြီးများ အဲလ်ဖရက် ဇိမ်ခံကားကို ရုံးသုံးအနေနဲ့ ထသွား ၊လာသွား စီးနိုင်သော အနေအထားမှသည် မာစီဒီးစ် ၊ ရိုးလ်ရွိုက်စ် ကားများအထိ ရုံးသုံးအနေနှင့် သုံးနိုင်ပါစေကြောင်း။ ဘင်္ဂလီမြအေးကျော့ကွင်းမှ ရုန်းထွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေး လိုက်ရပါတယ်။

ဓာတ်ပုံ - ၈၈ မျိုးဆက်ကျောင်းသားများ မိထ္တီလာသို့ သွားရောက်ရာတွင် စီးနင်း အသုံးပြုခဲ့သော Toyota Alphard ဇိမ်ခံကား
(88 Generation Students)

Helios Htet Nay

No comments:

Post a Comment