Saturday, March 30, 2013

ဧရာဝတီအမတ်များ နေရပ်ပြန်ပြီး ဒေသတည်ငြိမ်ရေး ကူညီမည်

ဧရာဝတီအမတ်များ နေရပ်ပြန်ပြီး ဒေသတည်ငြိမ်ရေး ကူညီမည်
Saturday, March 30, 2013

 မြန်မာနိုင်ငံဒေသတချို့မှာ ဖြစ်ပွားနေတဲ့   ဆူပူအကြမ်းဖက်၊ ဖျက်ဆီးမှုတွေ ဧရာဝတီတိုင်းကို ကူးစက်မလာအောင် ထိန်းသိမ်းဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ့်ဒေသ ကိုယ်ပြန်ကြပါတော့မယ်။

ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကို ၅ ရက် ကျင်းပဖို့ စီစဉ်ထားရာက အခုတော့ ၂ ရက်နဲ့ ဖြတ်လိုက်ပါပြီ။ 

“ဒီနေ့နိုင်ငံတော်ရဲ့ လုံခြုံမှုအခြေအနေအရ လွှတ်တော်အစည်းအဝေးကို ၂ ရက်ထက် ပိုပြီး မကျင်းပသင့်ပါဘူး။ လုံခြုံရေးဟာ ကျနော်တို့တိုင်းဒေသကြီးအတွက် အရေးကြီးပါတယ်။
သက်ဆိုင်ရာ ၀န်ကြီးတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ဒေသငြိမ်ဝပ်ပိပြားအောင်၊ တည်ငြိမ်အေးချမ်းအောင် ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ တာဝန်ရှိပါတယ်” လို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးက လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

အခုတော့ တိုင်းလွှတ်တော်အစည်းအဝေး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါပြီ။

ကြာသပတေးနေ့က စတင်ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ပါဝင်တဲ့ အစီအစဉ် နဲ့ အကြောင်းအရာများထဲမှာ လူမှုရေးဝန်ကြီးဖြစ်လာတဲ့ ဒေါ်ခင်စောမူ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် မေးခွန်းများ မေးမြန်းခြင်း၊  ဧရာရွှေဝါ ကုမ္ပဏီ သိမ်းဆည်းထားတဲ့ လယ်မြေများ၊ စည်ပင်လေလံပစ်ခြင်း စတာတွေ ပါဝင်ပါတယ်။
သန့်စင်ငြိမ်းချမ်း 

Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>ဧရာဝတီ<< Thank မြန်မာနိုင်ငံဒေသတချို့မှာ ဖြစ်ပွားနေတဲ့ ဆူပူအကြမ်းဖက်၊ ဖျက်ဆီး မှုတွေ ဧရာဝတီတိုင်းကို ကူးစက်မလာအောင် ထိန်းသိမ်းဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ့်ဒေသ ကိုယ်ပြန်ကြပါတော့မယ်။
ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကို ၅ ရက် ကျင်းပ ဖို့ စီစဉ်ထားရာက အခုတော့ ၂ ရက်နဲ့ ဖြတ်လိုက်ပါပြီ။

“ဒီနေ့နိုင်ငံတော်ရဲ့ လုံခြုံမှုအခြေအနေအရ လွှတ်တော်အစည်းအဝေးကို ၂ ရက်ထက် ပိုပြီး မကျင်းပ သင့်ပါဘူး။ လုံခြုံရေးဟာ ကျနော်တို့တိုင်းဒေသကြီးအတွက် အရေးကြီးပါတယ်။
သက်ဆိုင်ရာ ၀န်ကြီးတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ဒေသငြိမ်ဝပ်ပိပြားအောင်၊ တည်ငြိမ်အေး ချမ်းအောင် ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ တာဝန်ရှိပါတယ်” လို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး က လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

အခုတော့ တိုင်းလွှတ်တော်အစည်းအဝေး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါပြီ။

ကြာသပတေးနေ့က စတင်ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ပါဝင်တဲ့အစီအစဉ် နဲ့ အကြောင်းအရာ များထဲမှာ လူမှုရေးဝန်ကြီးဖြစ်လာတဲ့ ဒေါ်ခင်စောမူ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ဒေသ ဖွံ့ဖြိုးရေး အတွက် မေးခွန်းများ မေးမြန်းခြင်း၊ ဧရာရွှေဝါ ကုမ္ပဏီ သိမ်းဆည်းထားတဲ့ လယ်မြေများ၊ စည်ပင်လေလံ ပစ်ခြင်း စတာတွေ ပါဝင်ပါတယ်။

From...ဧရာဝတီ

No comments:

Post a Comment