Saturday, April 27, 2013

သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့ နေရသော ကျေးရွာ များတွင် နယ်မြေခံ တပ်မတော် သားများက သောက်သုံး ရေများ ဖြန့်ဝေ လှူဒါန်း


တိုက်ကြီးမြို့နယ် ချင်းကုန်း ကျေးရွာအုပ်စုရှိ အိမ်ခြေ ၁၇၆ လုံး၊ လူဦးရေ ၅၆၃ ဦး နေထိုင်သည့် ကျားချောင်း ကျေးရွာတွင် သောက်သုံးရေ ပြတ်လပ်မှုများ ကြုံတွေ့ နေရသဖြင့် နယ်မြေခံ တပ်မတော် သားများက ရေသယ်ယာဉ် များဖြင့် ဧပြီ ၁၃ ရက်မှ ၂၃ ရက်ထိ သောက်သုံးရေ ဂါလန် ၁၃၂ဝဝ အား ဖြန့်ဝေ လှူဒါန်းသည်။
အလားတူ ကြံခင်းမြို့နယ် ကျည်တိုင် ကျေးရွာတွင်လည်း  သောက်သုံးရေ ပြတ်လပ်သဖြင့် ဧပြီ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် နယ်မြေခံတပ်မတော်သားများမှ သောက်သုံး ရေများ ဆက်လက် ပေးပို့လှူဒါန်းလျက် ရှိပြီး ဧပြီ ၁၅ ရက်မှ ယနေ့ အထိ ရေဂါလန် ၂ဝ၂ဝဝ အား ဖြန့်ဝေ လှူဒါန်း ပေးသည်။
ထို့အတူ ရမည်းသင်းမြို့နယ်အတွင်း ညောင်အိုင် ကျေးရွာရှိ အိမ်ခြေ ၇ဝ၄ လုံး တွင် သောက်သုံးရေ ပြတ် လပ်လျက်ရှိသဖြင့် တပ်မတော်သားများမှ တပ်ပိုင် ရေသယ်ယာဉ် များဖြင့် ရေဂါလန် ၄၈ဝဝ အား ဖြန့်ဝေ လှူဒါန်းသည်။
မြို့နယ် အသီးသီးရှိ ကျေးရွာများအတွင်း ရေပြတ်လပ်မှုများအတွက် ကျေးရွာများ၏ သောက်သုံးရေ လိုအပ်ချက်အပေါ် မူတည်၍ မိုးရွာ သွန်းပြီး ရေပြန်လည် ရရှိသည် အထိ တပ်မတော်မှ ဆက်လက် ပေးပို့ လှူဒါန်း သွားမည် ဖြစ်ကြောင်းနှင့် သောက်သုံး ရေကန်များ ထပ်မံ တူးဖော်ခြင်းများ ကိုလည်း တပ်မတော် သားများဖြင့် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
From....မြ၀တီ

No comments:

Post a Comment