Sunday, April 21, 2013

ရထားနှင့်ထော်လာဂျီတိုက်

၂၀-၄-၂၀၁၃ ရက်နေ့ ၁၁၀၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ၊ စစ်ကိုင်း-မန္တလေးမီးရထားလမ်း၊ မိုင်တိုင်အမှတ်(၃၈၇/၁၈-၁၉)ကြား လှည်းလမ်းနှင့်သံလမ်းဆုံတွင် မန္တလေးမှ စစ်ကိုင်းသို့ ထွက်ခွာလာသည့် စက်ခေါင်းအမှတ် (၁၂၁၁)ကုန်တင်ရထားနှင့် အမရပူရမြို့နယ်၊ ကျန်တန်း ရပ်ကွက်နေ ၀င်းမင်းထက်(၁၉)နှစ် မောင်းနှင်သော ၃ဌ/xxxx ထော်လာဂျီယာဉ်တို့ ပွတ်တိုက် မိရာ ထော်လာဂျီအမိုးကိုင်း ပြုတ်ထွက်သွားပြီး လူ/ကုန်ပစ္စည်းထိခိုက်မှုမရှိသဖြင့် ၀င်းမင်းထက်အား အမရပူရရဲစခန်း (ပ)၁၅၅/၂၀၁၃ မီးရထားအက်ဥပဒေပုဒ်မ ၁၂၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်

No comments:

Post a Comment