Wednesday, April 24, 2013

“ဘင်္ဂလားဒေ့ရှ်တွင် အဆောက်အအုံပြိုကျမှုကြောင့် လူ ၇၀ သေဆုံး”


“ဘင်္ဂလားဒေ့ရှ်တွင် အဆောက်အအုံပြိုကျမှုကြောင့် လူ ၇၀ သေဆုံး”

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်တွင် အဆောက်အအုံတစ်ခု ပြိုကျမှုကြောင့် အနည်းဆုံး လူ(၇၀)မျှ သေဆုံးသွားကြောင်း သိရှိရသည်။ ဆာဗားရှိ အဆောက်အအုံသည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ပြိုကျခဲ့ခြင်း ဖြစ်ပြီး လူပေါင်း(၆၀၀)ကျော် ဒဏ်ရာများ ရရှိခဲ့သည်။ 

(၈)ထပ်မြင့်သော အဆောက်အအုံတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေရဆဲ ဖြစ်ပြီး ကျန်းမာရေးဝန်ကြီး ရူဟယ်လ်ဟာကျူက "အသေအပျောက် စာရင်းက (၇၀)ထိ ရှိလာပါပြီ"ဟု အတည်ပြုခဲ့သည်။

ဆေးရုံအသီးသီးသို့ တင်ပို့ပေးလိုက်ရသူ အရေအတွက်မှာလည်း (၆၀၀)အထက်တွင် ရှိနေပြီဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ဆိုသည်။ ထို့အပြင် အဆောက်အအုံ ပြိုကျထားသည့် နေရာအောက်တွင် လူပေါင်းများစွာ ပိတ်မိနေဆဲ ဖြစ်မည်ဟု ယူဆရကြောင်း သိရသည်။

Read more http://www.planet.com.mm/news/read.cfm/id/21410


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်တွင် အဆောက်အအုံတစ်ခု ပြိုကျမှုကြောင့် အနည်းဆုံး လူ(၇၀) မျှ သေဆုံးသွားကြောင်း သိရှိရသည်။ ဆာဗားရှိ အဆောက်အအုံသည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ပြိုကျ ခဲ့ခြင်း ဖြစ်ပြီး လူပေါင်း(၆၀၀)ကျော် ဒဏ်ရာများ ရရှိခဲ့သည်။

(၈)ထပ်မြင့်သော အဆောက်အအုံတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေရဆဲ ဖြစ်ပြီး ကျန်းမာရေးဝန်ကြီး ရူဟယ်လ်ဟာကျူက "အသေအပျောက် စာရင်းက (၇၀)ထိ ရှိလာပါပြီ"ဟု အတည်ပြု ခဲ့သည်။

ဆေးရုံအသီးသီးသို့ တင်ပို့ပေးလိုက်ရသူ အရေအတွက်မှာလည်း (၆၀၀)အထက်တွင် ရှိနေပြီဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ဆိုသည်။ ထို့အပြင် အဆောက်အအုံ ပြိုကျထားသည့် နေရာအောက်တွင် လူပေါင်းများစွာ ပိတ်မိနေဆဲ ဖြစ်မည်ဟု ယူဆရကြောင်း သိရသည်။
From...Planet Myanmar Network
 



No comments:

Post a Comment