Thursday, May 30, 2013

တည်ငြိမ် အေးချမ်းမှု ရရန် မလွယ်ကူ နိုင်တော့သော အီရတ်နိုင်ငံ

Photo: တည်ငြိမ် အေးချမ်းမှု ရရန် မလွယ်ကူ နိုင်တော့သော အီရတ်နိုင်ငံ
Thursday, May 30, 2013

အီရတ် နိုင်ငံတွင် ဆဒမ်ဟူစိန် အုပ်ချုပ် ခဲ့စဉ်က လူနည်းစု ဆွန်နီ မွတ်စလင် တို့က အုပ်ချုပ်သူများ ဖြစ်၍ လူများစု ရှီးယိုက်တို့က အုပ်ချုပ်ခံ လူတန်းစား ဖြစ်ခဲ့သည်။

အမေရိကန် ဦးဆောင်သော မဟာမိတ် တပ်ဖွဲ့များက ဆဒမ်ဟူစိန်သည် လူအစုလိုက် အပြုံလိုက် သေစေနိုင်သော WMD လက်နက်များ ပိုင်ဆိုင်ထားသည် ဟူသော အကြောင်း ပြချက်ဖြင့် အီရတ်ကို Air Land Battle Doctrine ကျင့်သုံး၍ ၀င်ရောက် တိုက်ခိုက်ပြီး ဆဒမ်ဟူစိန်ကို ဖြုတ်ချကာ အစိုးရသစ် တစ်ရပ်ကို တင်ပေးခဲ့သည်။

ထိုအချိန်တွင် ဆဒမ်ဟူစိန် လက်ထက်က အုပ်ချုပ်ခံ ဖြစ်သော ရှီးယိုက်တို့သည် အုပ်ချုပ် သူများ ဖြစ်လာကြပြီး ဆွန်နီတို့က အုပ်ချုပ်ခံများ ဘ၀သို့ ရောက်ရှိ သွားခဲ့သည်။ အီရတ် အစိုးရ အဖွဲ့ကို ရှီးယိုက် ဘာသာဝင် နူရီအယ်လ်- မာလိကီက ၀န်ကြီးချုပ် အဖြစ် ခေါင်းဆောင်၍ ဖွဲ့စည်း နိုင်ခဲ့သည်။ ဆွန်နီ မျိုးနွယ်ဝင် တစ်ဦးဖြစ်သော တရစ်အယ်လ်-ဟာရှာမီက ဒုတိယ သမ္မတ နေရာယူ၍ အခြား ရှီးယိုက် မျိုးနွယ်ဝင် ကဒ်လူမျိုးက သမ္မတ ဖြစ်လာခဲ့ပြီး ဆွန်နီ မွတ်စလင် တစ်ဦးက လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာသည်။

ယင်းလူ့အဖွဲ့ အစည်း တစ်ခုအတွက် အထက်နှင့် အောက်က ပြောင်းပြန် ဖြစ်သွားသော အခါ လုပ်ပိုင်ခွင့် အာဏာ မရှိတော့သော ဆွန်နီတို့က ရှီးယိုက်တို့ အပေါ် ကျေနပ်မှု မရှိတော့ချေ။ ရှီးယိုက်တို့ နေထိုင်ရာ ရပ်ကွက်များနှင့် အစိုးရ ဌာနများ အနီးတွင် ဗုံးပေါက်ကွဲ မှုများ တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး လူအသေ အပျောက်များလာသည်။ ထိုအခါ ရှီးယိုက်တို့က ဆွန်နီတို့ လက်ချက်ဟု စွပ်စွဲလာသည်။ နောက်ဆုံး ရှီးယိုက် ၀န်ကြီးချုပ်က ဆွန်နီ ဒုတိယ သမ္မတကို ဗုံး ပေါက်ကွဲမှုများ အတွက် ဖမ်းဝရမ်း ထုတ်သဖြင့် ဆွန်နီ အများစုက တူရကီ နိုင်ငံသို့ ထွက်ပြေးရသည် အထိ ဖြစ်သွားခဲ့သည်။ ထိုအခါမှ စ၍ ရှီးယိုက်နှင့် ဆွန်နီတို့ အကြား မပြေမလည် အပြန်အလှန် လုပ်ကြံ သတ်ဖြတ် မှုများ ဖြစ်လာတော့သည်။ အစိုးရ အဖွဲ့ အနေဖြင့် ဂိုဏ်းဂဏ ပြဿနာကို အတတ်နိုင်ဆုံး ထိန်းချုပ်ရန် ကြိုးစား လာခဲ့ရသည်။

ဆွန်နီ ဘာသာဝင် အများစု နေထိုင်သည့် ပြည်နယ်များတွင် အစိုးရ အပေါ် ဆန့်ကျင် ဆန္ဒပြမှု များသည် ပြီးခဲ့သော ငါးလ၊ ခြောက်လခန့်တွင် ပိုမိုများပြား လာခဲ့ကြောင်း တွေ့ရသည်။ ဤဖြစ်စဉ် များသည် အမေရိကန်တို့ ဆယ်စုနှစ်နှင့် ချီ၍ အီရတ် နိုင်ငံကို သိမ်းပိုက် ထားခြင်း၏ မှားယွင်းမှု အကျိုးဆက်ဟု ပြောရမည် ဖြစ်သည်။

တစ်ဖန် အုပ်ချုပ်သော အစိုးရက ဆန္ဒပြ လှုပ်ရှားမှု များကို ဆဒမ်ဟူစိန်လက် ထက်က ယခင် ဘာ့သ်ပါတီ ဟောင်းတို့၏ လက်ချက်နှင့် အယ်လ်ကိုင်ဒါတို့ လက်ချက်ဟူ၍ စာတမ်းထိုး ခေါင်းစဉ် တပ်ပေးသည်။ အမေရိကန် တပ်များရှိစဉ် ကတည်းက အသုံး ချခဲ့သည့် လျှို့ဝှက် သတင်းပေး ဆိုသူများကို လုပ်ပိုင်ခွင့် အာဏာတွေ ပေးပြီး ဘာ့သ် ပါတီဝင် ဟောင်းများအား လူထု လှုပ်ရှားမှု များတွင် မပါဝင် နိုင်စေရန် စီမံထားသည်။

ဧပြီ ၂၃ ရက်က ဟာဝီဂျာတွင် သပိတ်စခန်း ဖွင့်၍ ငြိမ်းချမ်းစွာ ဆန္ဒ ပြနေသော ဆွန်နီ မွတ်စလင် တို့ကို အစိုးရ၏ လုံခြုံရေး တပ်ဖွဲ့တို့က ၀င်ရောက် ချေမှုန်းခဲ့ရာ လူပေါင်း ၂၅၀ ခန့် သေဆုံးသွားခဲ့ ရသည်ဟု ဆိုသည်။

ဆွန်နီ မွတ်စလင် တို့၏ အချက်အချာ ဖြစ်သည့် အန်ဘာ ပြည်နယ်တွင် တိုင်းရင်းသား တပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည် အထိ ဖြစ်ခဲ့ရာ အီရတ်နိုင်ငံ အတွင်းရှိ အယ်လ်ကိုင်ဒါ ကဲ့သို့ ဂျီဟတ် ၀ါဒီများ အများအပြား ပါဝင် ခဲ့သည်ဟု ကြားရ၍ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ ရှိကြောင်းကို ပြသလိုက်ခြင်း ဖြစ်သည်။

ရာမာဒီ၌လည်း ဆန္ဒပြ ခေါင်းဆောင်များ၏ နေအိမ်များကို အစိုးရ တပ်များက ၀င်ရောက် စီးနင်းခြင်းများ၊ ရှာဖွေ ဖမ်းဆီးခြင်းများ ပြုလုပ် ခဲ့ကြသည်။

ဟာဝီဂျာ ကိစ္စမှာ အလွန် အရုပ်ဆိုး အကျည်းတန်ဆုံး ဖြစ်သောကြောင့် ပါလီမန်မှ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့၍ အဖြစ်အမှန်ကို ဖော်ထုတ် သွားမည်ဟု သိရသည်။ သေဆုံးသူ အချို့မှာ လက်တွင် ကြိုးတုပ်ထားလျက် သေဆုံးနေပြီး၊ အချို့မှာ နောက်ကျောဘက်မှ သေနတ်ဖြင့် ပစ်သတ်ထား ခံရကြောင်း တွေ့ရသည်။ ဆိုလို သည်မှာ ၎င်းတို့အား ဖမ်းဆီး စစ်ဆေးပြီးနောက် ကွပ်မျက်ပစ်သည့် ပုံစံမျိုး ဖြစ်နေကြောင်း တွေ့ရသည်။ ဤဖြစ်ရပ်မှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အမေရိကန် တပ်များ ပြန်လည် ရုပ်သိမ်းသွားသည့် နောက်ပိုင်း အီရတ် နိုင်ငံ၏ တည်ငြိမ်မှုကို အဆိုးရွားဆုံး ခြိမ်းခြောက်ခဲ့သော ဖြစ်စဉ်ဖြစ်သည်။

အဆိုပါ ဟာဝီဂျာ သပိတ်စခန်း အနီးရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ မှုကြောင့် သပိတ်စခန်း အတွင်း လက်နက်များ ရှိ၊ မရှိ ၀င်ရောက် စစ်ဆေးရန်နှင့် ရွက်ဖျင် တဲများကို ဖျက်ပစ်ရန် အတွက်သာ ရည်ရွယ်သော်လည်း လုံခြုံရေး တပ်ဖွဲ့ကို သပိတ် စခန်းမှ စတင်ပစ်ခတ် မှုကြောင့် ယခုကဲ့သို့ အခြေအနေ ဖြစ်သွားရကြောင်း အစိုးရက ပြောကြား ခဲ့သည်။

အစိုးရ အဆိုအရ သပိတ် စခန်းတွင် သောင်းကျန်းသူ များနှင့် အစွန်းရောက် သမားများသာ ကျန်ရှိသဖြင့် သေဆုံး သူ ၂၃ ဦးတွင် အယ်လ်ကိုင်ဒါ အဖွဲ့ဝင် များနှင့် ဘာ့သ်ပါတီဝင် ဟောင်းများ ပါဝင်သည်ကို တွေ့ရှိရခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဤအချက်ကို ထောက်ရှု၍ အီရတ် နိုင်ငံသည် တည်ငြိမ် အေးချမ်းမှုကို ရရှိရန် မလွယ်ကူ ကြောင်းနှင့် ရှီးယိုက်-ဆွန်နီ အကြား အပြန်အလှန် တိုက်ခိုက်ကြသော ပြည်တွင်းစစ်သို့ ဦးတည် နေသည်ဟု ဆိုရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပေသည်။

မြ၀တီ
အီရတ် နိုင်ငံတွင် ဆဒမ်ဟူစိန် အုပ်ချုပ်ခဲ့စဉ်က လူနည်းစု ဆွန်နီမွတ်စလင်တို့က အုပ်ချုပ်သူများ ဖြစ်၍ လူများစု ရှီးယိုက်တို့က အုပ်ချုပ်ခံ လူတန်းစား ဖြစ်ခဲ့သည်။
အမေရိကန် ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များက ဆဒမ်ဟူစိန်သည် လူအစုလိုက် အပြုံ လိုက် သေစေနိုင်သော WMD လက်နက်များ ပိုင်ဆိုင်ထားသည် ဟူသော အကြောင်း ပြချက်ဖြင့် အီရတ် ကို Air Land Battle Doctrine ကျင့်သုံး၍ ၀င်ရောက် တိုက်ခိုက်ပြီး ဆဒမ်ဟူစိန်ကို ဖြုတ်ချကာ အစိုးရ သစ်တစ်ရပ်ကို တင်ပေးခဲ့သည်။

ထိုအချိန်တွင် ဆဒမ်ဟူစိန် လက်ထက်ကအုပ်ချုပ်ခံ ဖြစ်သော ရှီးယိုက်တို့သည် အုပ်ချုပ်သူများ ဖြစ် လာကြပြီး ဆွန်နီတို့က အုပ်ချုပ်ခံများ ဘ၀သို့ ရောက်ရှိသွားခဲ့သည်။ အီရတ် အစိုးရ အဖွဲ့ကို ရှီးယိုက် ဘာသာဝင် နူရီအယ်လ်- မာလိကီက ၀န်ကြီးချုပ် အဖြစ် ခေါင်းဆောင်၍ ဖွဲ့စည်း နိုင်ခဲ့သည်။ ဆွန်နီ မျိုးနွယ်ဝင်တစ်ဦးဖြစ်သော တရစ်အယ်လ်-ဟာရှာမီက ဒုတိယသမ္မတ နေရာယူ၍ အခြား ရှီးယိုက် မျိုးနွယ်ဝင် ကဒ်လူမျိုးက သမ္မတ ဖြစ်လာခဲ့ပြီး ဆွန်နီ မွတ်စလင် တစ်ဦးက လွှတ်တော် ဥက္ကဋ္ဌ ဖြစ် လာ သည်။

ယင်းလူ့အဖွဲ့ အစည်း တစ်ခုအတွက် အထက်နှင့် အောက်က ပြောင်းပြန် ဖြစ်သွားသော အခါ လုပ်ပိုင်ခွင့် အာဏာ မရှိတော့သော ဆွန်နီတို့က ရှီးယိုက်တို့ အပေါ် ကျေနပ်မှု မရှိတော့ချေ။ ရှီးယိုက်တို့ နေထိုင်ရာ ရပ်ကွက်များနှင့် အစိုးရ ဌာနများ အနီးတွင် ဗုံးပေါက်ကွဲ မှုများ တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး လူအသေ အပျောက်များလာသည်။ ထိုအခါ ရှီးယိုက်တို့က ဆွန်နီတို့ လက်ချက်ဟု စွပ်စွဲလာသည်။ နောက်ဆုံး ရှီးယိုက် ၀န်ကြီးချုပ်က ဆွန်နီ ဒုတိယ သမ္မတကို ဗုံး ပေါက်ကွဲမှုများ အတွက် ဖမ်းဝရမ်း ထုတ်သဖြင့် ဆွန်နီ အများစုက တူရကီ နိုင်ငံသို့ ထွက်ပြေးရသည် အထိ ဖြစ်သွားခဲ့သည်။ ထိုအခါမှ စ၍ ရှီးယိုက်နှင့် ဆွန်နီတို့ အကြား မပြေမလည် အပြန်အလှန် လုပ်ကြံ သတ်ဖြတ် မှုများ ဖြစ်လာတော့သည်။ အစိုးရ အဖွဲ့ အနေဖြင့် ဂိုဏ်းဂဏ ပြဿနာကို အတတ်နိုင်ဆုံး ထိန်းချုပ်ရန် ကြိုးစား လာခဲ့ရသည်။

ဆွန်နီ ဘာသာဝင် အများစု နေထိုင်သည့် ပြည်နယ်များတွင် အစိုးရ အပေါ် ဆန့်ကျင် ဆန္ဒပြမှု များသည် ပြီးခဲ့သော ငါးလ၊ ခြောက်လခန့်တွင် ပိုမိုများပြား လာခဲ့ကြောင်း တွေ့ရသည်။ ဤဖြစ်စဉ် များသည် အမေရိကန်တို့ ဆယ်စုနှစ်နှင့် ချီ၍ အီရတ် နိုင်ငံကို သိမ်းပိုက် ထားခြင်း၏ မှားယွင်းမှု အကျိုးဆက် ဟု ပြောရမည် ဖြစ်သည်။

တစ်ဖန်အုပ်ချုပ်သောအစိုးရက ဆန္ဒပြလှုပ်ရှားမှုများကို ဆဒမ်ဟူစိန်လက်ထက်က ယခင် ဘာ့သ်ပါတီ ဟောင်းတို့၏လက်ချက်နှင့် အယ်လ်ကိုင်ဒါတို့လက်ချက်ဟူ၍ စာတမ်းထိုး ခေါင်းစဉ် တပ်ပေး သည်။ အမေရိကန် တပ်များရှိစဉ် ကတည်းက အသုံး ချခဲ့သည့် လျှို့ဝှက် သတင်းပေး ဆိုသူများကို လုပ်ပိုင်ခွင့် အာဏာတွေ ပေးပြီး ဘာ့သ် ပါတီဝင် ဟောင်းများအား လူထု လှုပ်ရှားမှု များတွင် မပါဝင် နိုင်စေရန် စီမံထားသည်။

ဧပြီ ၂၃ ရက်က ဟာဝီဂျာတွင် သပိတ်စခန်း ဖွင့်၍ ငြိမ်းချမ်းစွာ ဆန္ဒ ပြနေသော ဆွန်နီ မွတ်စလင် တို့ကို အစိုးရ၏ လုံခြုံရေး တပ်ဖွဲ့တို့က ၀င်ရောက် ချေမှုန်းခဲ့ရာ လူပေါင်း ၂၅၀ ခန့် သေဆုံးသွားခဲ့ ရသည်ဟု ဆိုသည်။

ဆွန်နီ မွတ်စလင် တို့၏အချက်အချာ ဖြစ်သည့် အန်ဘာ ပြည်နယ်တွင် တိုင်းရင်းသား တပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်အထိ ဖြစ်ခဲ့ရာ အီရတ်နိုင်ငံ အတွင်းရှိ အယ်လ်ကိုင်ဒါ ကဲ့သို့ ဂျီဟတ် ၀ါဒီများ အများအပြား ပါဝင် ခဲ့သည်ဟု ကြားရ၍ အခြေအနေမှာ စိုးရိမ်ဖွယ်ရာရှိကြောင်းကို ပြသ လိုက်ခြင်း ဖြစ်သည်။

ရာမာဒီ၌လည်း ဆန္ဒပြ ခေါင်းဆောင်များ၏ နေအိမ်များကို အစိုးရ တပ်များက ၀င်ရောက် စီးနင်းခြင်းများ၊ ရှာဖွေ ဖမ်းဆီးခြင်းများ ပြုလုပ် ခဲ့ကြသည်။

ဟာဝီဂျာကိစ္စမှာ အလွန် အရုပ်ဆိုး အကျည်းတန်ဆုံး ဖြစ်သောကြောင့် ပါလီမန်မှ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့၍ အဖြစ်အမှန်ကို ဖော်ထုတ်သွားမည်ဟု သိရသည်။ သေဆုံးသူ အချို့မှာ လက်တွင် ကြိုးတုပ်ထားလျက် သေဆုံးနေပြီး၊ အချို့မှာ နောက်ကျောဘက်မှ သေနတ်ဖြင့် ပစ်သတ်ထား ခံရကြောင်း တွေ့ရသည်။ ဆိုလို သည်မှာ ၎င်းတို့အား ဖမ်းဆီး စစ်ဆေးပြီးနောက် ကွပ်မျက်ပစ်သည့် ပုံစံမျိုး ဖြစ်နေကြောင်း တွေ့ရသည်။ ဤဖြစ်ရပ်မှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အမေရိကန် တပ်များ ပြန် လည် ရုပ်သိမ်းသွားသည့် နောက်ပိုင်း အီရတ် နိုင်ငံ၏ တည်ငြိမ်မှုကို အဆိုးရွားဆုံး ခြိမ်းခြောက် ခဲ့သော ဖြစ်စဉ်ဖြစ်သည်။

အဆိုပါ ဟာဝီဂျာသပိတ်စခန်း အနီးရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုကြောင့် သပိတ်စခန်းအတွင်း လက်နက်များရှိ၊မရှိ ၀င်ရောက်စစ်ဆေးရန်နှင့် ရွက်ဖျင်တဲများကို ဖျက်ပစ်ရန် အတွက်သာ ရည်ရွယ်သော် လည်း လုံခြုံရေးတပ်ဖွဲ့ကို သပိတ် စခန်းမှ စတင်ပစ်ခတ်မှုကြောင့် ယခုကဲ့သို့ အခြေအနေ ဖြစ်သွား ရကြောင်း အစိုးရက ပြောကြား ခဲ့သည်။

အစိုးရ အဆိုအရ သပိတ် စခန်းတွင် သောင်းကျန်းသူ များနှင့် အစွန်းရောက် သမားများသာ ကျန်ရှိ သဖြင့် သေဆုံး သူ ၂၃ ဦးတွင် အယ်လ်ကိုင်ဒါ အဖွဲ့ဝင် များနှင့် ဘာ့သ်ပါတီဝင် ဟောင်းများပါဝင် သည်ကို တွေ့ရှိရခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဤအချက်ကို ထောက်ရှု၍ အီရတ် နိုင်ငံသည် တည်ငြိမ် အေးချမ်းမှုကို ရရှိရန် မလွယ်ကူ ကြောင်းနှင့် ရှီးယိုက်-ဆွန်နီအကြား အပြန်အလှန် တိုက်ခိုက် ကြသော ပြည်တွင်းစစ်သို့ ဦးတည် နေသည်ဟုဆိုရမည် ဖြစ် ပါကြောင်း ရေးသား လိုက်ရ ပေသည်။

မြ၀တီ

No comments:

Post a Comment