Wednesday, May 22, 2013

ဆော်ဒီ အာရေဗျ နိုင်ငံ၏ မြေအောက် မီးရထား ဘူတာရုံ မကြာမီ အချိန်တွင် ကမ္ဘာ့ တန်ဖိုး အကြီးဆုံး ဘူတာရုံ ဖြစ်လာတော့မည်

ကမ္ဘာ့တန်ဖိုး အကြီးမားဆုံး မြေအောက်မီးရထားဘူတာရုံကြီးကို ဆော်ဒီအာရေဗျ နိုင်ငံရီယတ်မြို့တွင် လာမည့် လေးနှစ်အတွင်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ပုဒ်အရ သိရသည်။
အဆိုပါ မြေအောက်ရထား ဘူတာရုံ ကြီး၏ အတွင်းပိုင်း အပြင်အဆင်ကို ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်၏ အတွင်းပိုင်း အပြင်အဆင်နှင့် တူညီစေရန် ဒီဇိုင်း ဆွဲထားပြီး အရောင်ကွဲ ကောက်ကြောင်း အစင်းများ ပါသော လူသွားလမ်းများ၊ ရွှေဖြင့် ပြုလုပ်ထားသောနံရံများ၊ လေအေးပေးစက် များကိုလည်း တပ်ဆင်သွား မည် ဖြစ် သည်ဟု သိရသည်။ ဘူတာရုံ၏ အပြင်ပိုင်း မျက်နှာပြင်ကို အလင်းရောင် ရရှိရန် အတွက် စီစဉ် ထားပြီး အပြင်ပိုင်းကို ကြည့်ရှုမည် ဆိုပါက ဆော်ဒီ အာရေဗျကို အမှတ် ရစေရန် သံတောင် ပူစာများ အသွင် ဖန်တီး သွားမည်ဟု သိရသည်။
အဆိုပါ ဘူတာရုံကြီးကို အီရတ်- ဗြိတိန် နိုင်ငံသား ဗိသုကာပညာရှင် ဇာဟာဟာဒစ်က ဒီဇိုင်းရေးဆွဲ ပေး ခဲ့ပြီး ၎င်းဘူတာရုံကို အပြီးသတ် ဆောက်လုပ်ရန်အတွက် ဆော်ဒီ အာရေဗျ ဘုရင် အဗ္ဗ ဒူလာက အချိန်လေးနှစ် ပေးထားခဲ့ကြောင်း သိရသည်။
From...မြ၀တီ

No comments:

Post a Comment